မကွေးလူငယ်ဖိုရမ်ကျင်းပရန် ခွင့်မပြုသော်လည်း ကျင်းပမည်ဆိုသောကြောင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုပြီး မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ ခမ်းမတွင် ကျင်းပရန်နေရာပေး



သြဂုတ် ၁၂၊ မကွေး ။
          မကွေးမြို့တွင် လူငယ်ဖိုရမ်ကျင်းပမည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုသော်လည်းကျင်းပမည် ဆိုသော သတင်းများကို မြန်မာပို့စ်ဂျာနယ်အတွဲ(၆)၊ အမှတ်(၃၁) သြဂုတ် ၁၃ ရက်ထုတ်နှင့်အခြားဂျာနယ်များ၊ ဖေ့စ်ဘုတ်များ၌ ဖော်ပြချက်များ မမှန်ကန် ကြောင်း သြဂုတ် ၁၂ ရက် နေ့လည် ၁း၂၀နာရီမှ ၂း၃၀နာရီ အချိန်ခန့်အထိ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး နှင့် မြို့နယ်အထောက်အကူပြုကော်မတီအဖွဲ့ မှ ဖိုရမ်ကျင်းပမည့် ကိုမြင့်ဇော် အေး ပါလူငယ်ခေါင်း ဆောင်(၉)ဦး နှင့် သတင်းမီဒီယာများကို ခေါ်ယူ၍ ရှင်းလင်းပွဲလုပ် ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          မကွေးတိုင်းလူငယ်ဖိုရမ်ကို ၂၀၁၃၊ ဒီဇင်ဘာလတွင် ပခုက္ကူမြို့ရှိလူငယ်များ မှ ပခုက္ကူမြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ပါတီပေါင်းစုံတို့၏ အလှူငွေများဖြင့် မကွေးတိုင်းအတွင်းရှိလူငယ်များအား ဖိတ်ကြား၍  အောင်မြင်စွာ ဖွဲ့စည်းခဲ့ကြောင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မော်လမြိုင်(မွန်ပြည်နယ်)တို့၌ ဖွဲ့စည်းခဲ့သော လူငယ်ဖိုရမ်များသို့ လည်း မကွေးတိုင်းလူငယ်ဖိုရမ် ကော်မတီများမှ တက်ရောက်ခဲ့ကြကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် နိုင်ငံတော်သမ္မတရုံး အစိုးရ၀န်ကြီးများ  ဦးအောင်မင်း၊ ဦးစိုးသိန်းတို့မှလည်း အားပေးခွင့်ပြုခဲ့ကြောင်း၊ မကွေးတိုင်းလူငယ်ဖိုရမ်ကို သြဂုတ် ၁၄ /၁၅/၁၆ ရက်နေ့များတွင် ကျင်းပနိုင်ရန် တိုင်းဒေသကြီးအစိုးရသို့ သြဂုတ် ၄ ရက်နေ့က ကြိုတင်စာပို့ခဲ့ကြောင်း၊ သြဂုတ် ၈ ရက်နေ့၌ လူငယ်ဖိုရမ်ကို အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်မရှိဘဲ ဥပဒေအရ သတ်မှတ်ချက်နှင့်အညီဖွဲ့စည်းထားသော အဖွဲ့မဟုတ်၍ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး ခေါ်ယူပြောဆိုခဲ့ကြောင်း၊ သို့သော် အာဏာပိုင်မှ ခွင့်ပြုချက်မပေးလျှင်လည်း ဆက်လက်ကျင်းပဆောင်ရွက် သွားမည်ဟု ဂျာနယ်နှင့် ဖေ့စ်ဘုတ်များတွင် ဖော်ပြမှုကြောင့် သြဂုတ်(၁၂)နေ့ ယနေ့ကျွန်တော်တို့ကို ခေါ်ယူညှိနိုင်း ကြောင်း လူငယ်ဖိုရမ်ကော်မတီဝင် ကိုဝေယံအောင်က ရှင်းပြသည်။


          ၎င်းမီဒီယာရှင်းလင်းပွဲ၌ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး မှ ၎င်းဖိုရမ်ကျင်းပမည့်ကိစ္စကို သူ့အနေ ဖြင့် တားဆီးပိတ်ပင်ခြင်းမပြုလုပ်ကြောင်း၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် ခွင့်ပြုပေးလို့ မရ ကြောင်း၊ အထက်အဆင့်ဆင့်သို့ တင်ပြပေးရကြောင်း၊ ယခု ဖိုရမ်ကျင်းပမည့်အကြောင်း မြို့နယ်မှ တဆင့် မတင်ပြဘဲ တိုင်းဒေသကြီးသို့တင်ပြ၍ သြဂုတ်လ ၈ ရက်နေ့မှာ ဖိုရမ်ကျင်းပမည့်လူငယ်များကို ခေါ်၍ လုပ်ထုံး လုပ်နည်းနဲ့ အညီ သက်ဆိုင်ရာထောက်ခံချက်များဖြင့် နှစ်ပါတ်ကြိုတင်ပြီး တင်ပြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

``ကျွန်တော်တို့ လူငယ်တွေက ဘာအရောင်အသွေးမှ မပါကြပါဘူး၊ ဘယ်ပါတီဝင်မှလည်း မဟုတ်ကြပါဘူး၊ ပခုက္ကူမြို့မှာလည်း တရားဝင်လူငယ်ဖိုရမ်ဖွဲ့စည်းခဲ့ကြပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ မော်လမြိုင် မြို့တွေမှာ ဒေသခံ အာဏာပိုင်တွေက လျောလျော လျှုလျှုကျင်းပခဲ့တဲ့ပွဲတွေကို တက်ခဲ့ရပါတယ်။ ယခု ကျွန်တော်တို့ မကွေးတိုင်းမှာ ခွင့်ပြုချက်ကို မရဘူးဖြစ်နေတော့ တော်တော်ကို ရှက်စရာ ၀မ်းနည်းစရာလည်းကောင်းနေပါတယ်ခင်ဗျာ..။´´ ဟု ကော်မတီဝင်လူငယ် တစ်ဦး က ငို၍ပြောကြားသည်။ 

          မကွေးမြို့နယ်အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးညိုဝင်းမောင် မှ နှစ်ဘက် ကြားဝင်၍ရှင်းသည်။
``မည်သည့်ဘက်မှလည်းမလိုက်ပါဘူး၊ မြို့နယ်အုပ်ချုပ်ရေးမှုး ကလည်းအထပ်ထပ်ပြောပြတဲ့အတိုင်း နံပါတ်တစ် ကျင်ပမည့်နေရာက ထောက်ခံချက်နဲ့ ဒေသခံမြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်တွေယူပြီး အဆင့်ဆင့် ပြန်လည်တင်ပြပြီး ကျင်းပကြရင်ကောင်းမယ်ထင်ပါတယ်။´´ဟု ဦးညိုဝင်းမောင် က ပြောသည်။

          ၎င်းမြို့နယ်အုပ်ချုပ်ရေးမှူး၏ ညှိနှိုင်းပွဲ မပြတ်၍ လူငယ်ဖိုရမ်ကော်မတီအဖွဲ့ဝင် ကိုးဦးအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညနေ ၄း၃၀ နာရီတွင် တွေ့ဆုံရန်ဖိတ်ကြားကြောင်း၊ တိုင်းအစိုးရမှ ခွင့်မပြုလည်း ဆက်လက်ကျင်း ပမည်ဖြစ်ကြောင်း ကော်မတီဝင် ကိုသင့်ထက်ဝေ က ပြောသည်။
`` ကျွန်တော်တို့က သြဂုတ် ၁၄/၁၅/၁၆ ရက်နေ့မှာ မကွေးတိုင်းအတွင်းလူငယ်ဖိုရမ်တွေနဲ့ တစ်နိုင်ငံလုံးရှိ လူငယ်ဖိုရမ်တွေကို ဖိတ်ကြားထားပြီး တဲ့အတွက် ခွင့်မပြုလဲ အဲဒီရက်တွေမှာ ယခင်ကြိုတင်ပြီး စီစဉ်ထားတဲ့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(သို့) မကွေးမြို့ သံဃာရမကျောင်း မှာ ဆက်လက်ကျင်ပသွားမှာပါ။ သူတို့ပြောတဲ့ နှစ်ပါတ်ကြိုတင်ပြီး တင်ရမဲ့ခွင့်ပြုမိန့်ကို မတင်တော့ပါဘူးခင်ဗျ။´´ ဟု မကွေးတိုင်းလူငယ်ဖိုရမ် ကော်မတီဝင် ကိုသင့်ထက်ဝေ က မြေလတ်မီဒီယာကို ပြောသည်။

          ၎င်းမြို့နယ်အုပ်ချုပ်ရေးမှူးဆွေးနွေးပွဲအပြီးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မကွေးတိုင်းလူငယ် ကော်မတီဝင် ကိုးဦးအား ဖုန်းဆက်၍ ဖိတ်ကြားကြောင်း သိရသည်။
ညနေ ၄း၃၀ နာရီအချိန် မကွေးတိုင်းလူငယ်ဖိုရမ်ကော်မတီ နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ကိုယ်တိုင် တွေ့ဆုံ၍ လူငယ်ဖိုရမ်ကျင်းပရန် ခွင့်ပြုပေးလိုက်ကြောင်း၊ ကျင်းပရန်ခမ်းမနေရာကို မကွေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ အစည်းအဝေးခမ်းမတွင် မူလဖိတ်ကြားထားသော သြဂုတ် ၁၄/၁၅/၁၆ ရက်နေ့များတွင် မပျက်မကွက် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊မကွေးတိုင်းလူငယ်ဖိုရမ်သည် မည်သည့်ပါတီ၏ လက် အောက်ခံမျှ မဟုတ်ပါကြောင်း၊ နေရာသာ လက်ခံပြီး ကုန်ကျငွေအား မိမိတို့အလှုခံရရှိသောရံပုံငွေဖြင့်သာ ကျင်းပမည်ဖြစ်ပါ ကြောင်း၊ သြဂုတ်(၁၇)ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာလူငယ်များနေ့အား မကွေးမြို့ အဆင့်မြင့် မြို့တော်ခမ်းမ မှာ ကျင်းပရန် စာတင်ခိုင်းကြောင်း၊ လူကြီးခရီးစဉ်မရှိရင် နေရာပေးမည်ဖြစ်ကြောင်း မကွေးတိုင်း လူငယ်ဖိုရမ်ကော် မတီဝင် ကိုသင့်ထက်ဝေ က မြေလတ်မီဒီယာကို အကြောင်းပြန်သည်။

မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကလည်း သြဂုတ် ၂၄/၂၅ နေ့များမှာ ပါတီ လူငယ်ဖိုရမ်များ ကျင်းပမည်ဖြစ်ကြောင်း အတွင်းရေးမှူး ဦးအောင်သိန်းကျော်က မြေလတ်မီဒီယာကို ပြောထားသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: