မကွေးမြို့တွင် တယ်လီမက်ဒစ်ဆင် (Telemedicine) နှင့်တယ်လီရေဒီယိုလိုဂျီ (Teleradilogy) ဆော့ဝဲ နည်းစနစ်များကို အသုံးပြု၍ နိုင်ငံခြားဆေးရုံကြီးများဖြင့် ချိတ်ဆက်ပြီး ရောဂါအဖြေရှာကုသရန် ဆေးခန်းဖွင့်မည်



သြဂုတ် ၁၅၊ မကွေး ။

မကွေးမြို့၊အဆင့်မြင့်မြို့တော်ခမ်းတွင် သြဂုတ် ၁၄ ရက် နံနက် ၉ နာရီ မှ နေ့လည် ၁း၃၀ နာရီအချိန်အထိ  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ၀န်ကြီးများ၊ မကွေးတိုင်းဒေသကြီးကျန်းမား ရေးဦးစီးမှူး ဒေါက်တာ ထွန်းမြင့် နှင့် ဆရာဝန်ကြီးများ၊ တိုင်းဆက်သွယ်ရေး အထွေထွေမန်နေဂျာ နှင့် ဌာနဆိုင်ရာ အကြီးအကဲများဖြင့် ရွှေဇနက အများပိုင်ကုမ္ပဏီ မှ အရေးပေါ် နှင့် တယ်လီမက်ဒစ်ဆင် ဆေးခန်းများ ဖွင့်လှစ် ရန်စီမံချက်အား ရှင်းလင်းဆွေးနွေးကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။ 


          မကွေးမြို့တွင် တယ်လီမက်ဒစ်ဆင် (Telemedicine) နှင့်တယ်လီရေဒီယိုလိုဂျီ (Teleradilogy) ဆော့ဝဲ အိုင်တီ နည်းစနစ်များကို အသုံးပြု၍ မိမိဒေသရှိဆေးခန်းမှ လူနာ၏ စမ်းသပ်မှုများကို နိုင်ငံခြားဆေးရုံကြီးများ နှင့် ရန်ကုန်၊ မန္တလေးမြို့ရှိ ဆေးရုံကြီးများသို့ ချိတ်ဆက်ပြီး ရောဂါအဖြေရှာကုသရန် ဆေးခန်းဖွင့်မည် ဖြစ်ကြောင်း၊ ဆေးခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ မှာ မြန်မာပြည်သူ ပြည်သားများအားလုံး အရည်အသွေး မြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုကို ခေတ်မီ ဆက်သွယ်ရေး၊ နည်းပညာများအသုံးပြု၍ ငွေကုန်ကြေးကျ သက်သာ စွာဖြင့် ရရှိခံစားနိုင်ကြစေရန်။ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအရည်အသွေး တိုးတက် လာစေရန်နှင့် ကျန်းမာဆိုင်ရာ ကွန်ယက်တစ်ခု ထူထောင်ရန်။ အစိုးရ- ပုဂ္ဂလိက ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မှု (Pubic- Private Partnership) ပိုမို ပီပြင် အားကောင်းလာစေရန်ဖြစ်ကြောင်း သိရသည်။


          ရွှေဇနက အများပိုင်ကုမ္ပဏီလီမိတက်၏ branch တစ်ခုအဖြစ် Telemedicine clinic များဖွင့်လှစ်ခြင်း စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး ရွှေဇနက အများပိုင်ကုမ္ပဏီအတွက် ဗဟိုမှ ရရှိသော ၀န်ဆောင်မှု အမြတ်ငွေကို မြန်မာနိုင်ငံဆရာဝန်အသင်း၏ Support Group for Elderly Doctors, Emergency Ambulance Foundation နှင့် Children with special needs များအတွက် တည်ထောင်ထားသော New Life Foundation တို့ကို  သင့်လျော်သလို ခွဲဝေထောက်ပံ့ပေးရန် ရည်ရွယ်ချက်များဖြစ်ကြောင်း၊ ဤ ကုမ္ပဏီ ဆေးခန်း ကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းသစ်၊ G1 အမှတ်(၆၀) တွင် ၂၀၁၃၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုဆေးခန်းများကို တစ်ပြည်လုံးအတိုင်းအတာ အထိ ဆောင်ရွက်နိုင်ပါက ကျန်းမာရေး လွမ်းခြုံမှု ပိုမိုရရှိခြင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မားလာစေခြင်း၊ နိုင်ငံခြား နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ လူနာကိုယ်တိုင် သွားစရာမလို၍ ဆေးကုသမှုစရိတ်လျော့နည်းသက်သာစေပြီး ကျန်းမာ ရေးအရည်အသွေး စောင့်ရှောက်မှု တိုးတက်လာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခံစားကြရမည် ဖြစ်ပါကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ တင်ညွန့် က ရှင်းလင်းပြောပြသည်။ သိရှိလိုသည်များကို တက် ရောက်သူများမှ မေးမြန်းကြသည်။ 


မကွေးတိုင်းဒေသကြီး မြန်မာဆက်သွယ်ရေးအထွေထွေမန်နေဂျာ မှ MPT အနေဖြင့် အင်တာနက်လိုင်းများကို အဆင့်တိုးမြှင့်တပ်ဆင်ထား၍ ဤ ဆေးခန်းအတွက် ၀န်ဆောင်မှု အပြည့်ပေး နိုင်တော့မည် ဖြစ်ကြောင်း တာဝန်ခံပြောဆိုသည်။

          `` မကွေးမြို့မှာ ဒီဆေးခန်းကို လမ်းငါးသွယ်က အဆင့်မြင့်သုံးထပ်ဈေးကြီးရဲ့ အပေါ်ထပ် ကို နေရာပေးဖို့ မကွေးတိုင်းဒေသကြီအစိုးရအဖွဲ့မှ ခွင့်ပြုထားပါတယ်။´´ ဟု စည်ပင်သာယာအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: