``ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(မြေလတ်ဒေသ) မှ ကူညီ၍ ပြည်မြို့နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ကို အောင်မြင်စွာ ဖွဲ့စည်းပြီး´´



သြဂုတ် ၂၅၊ မကွေး ။
          
 ပြည်မြို့၊ နည်းပညာတက္ကသိုလ် မှ ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်(မြေလတ်ဒေသ) တို့မှ ပေါင်းစည်းကူညီပြီး သြဂုတ် ၂၃ ရက်၊ နံနက် ၁၀နာရီမှ နေ့လည် ၁ နာရီအချိန်အထိ ပြည်မြို့၊ CPRCG (Cvil & Pulitical Right Campaigm Group) ရုံးခန်းတွင် ပြည်နည်းပညာ
တက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ကော်မတီဝင်(၉)ဦးရွေးချယ်ဖွဲ့စည်းပြီးကြောင်း၊ ဥက္ကဋ္ဌ ကိုသန့်တင်ထွန်း နှင့် အတွင်းရေးမှူး ကိုအောင်ကောင်းမြတ် နှင့် ကော်မတီဝင် (၇)ဦး တို့ရွေးချယ်ကြောင်း၊  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်(မြေလတ်ဒေသ) ကော်မတီဝင်များမှ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ သို့ ကျောင်းသားသမဂ္ဂ၏ ခွပ်ဒေါင်းအလံ အား လွှဲပြောင်းပေးခဲ့ကြောင်း ကိုမင်းမင်းဦး ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်(မြေလတ်ဒေသ)က သြဂုတ် ၂၅ ရက်နေ့မှာ မြေလတ်မီယာကို သတင်းပေးသည်။

သတင်းစဉ်
မြေလတ်မီဒီယာ
 

0 comments: