``မကွေးတိုင်းဒေသကြီးတွင်၂၀၁၄ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းသည် ၂၀၁၃ ခုနှစ်ထက် အောင်ချက်နှုန်းလျော့ကျသွား ဟုဆို´´



သြဂုတ် ၁၁၊ မကွေး ။

မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အထက(၁)လမ်း မြို့တော်ခမ်းမ၌ သြဂုတ် ၁၁ ရက်၊ နံနက် ၉ နာရီမှ နေ့ ၁၁ နာရီအချိန်ခန့်အထိ ၂၀၁၄ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား မကွေး တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဆုများချီးမြှင့်ပေးကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။

         
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရ၀န်ကြီး များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ စာရင်းစစ်ချုပ် နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိ ရပ်ဖများ၊ ဆုရ ကျောင်း သား ကျောင်းသူများနှင့် မိဘများ အင်အား သုံးရာကျော်ခန့်တက်ရောက်ကြောင်း သိရသည်။


`` ၂၀၁၄ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း က ၂၅.၀၅ ရာခိုင်နှုန်းအောင်ပါတယ်၊ ၂၀၁၃ က ၃၇.၅၅ ရာခိုင်နှုန်းအောင်ခဲ့တော့ ၂၀၁၃ ခုနှစ်ထက် အောင်ချက်နှုန်းလျော့ကျသွားခဲ့ပါတယ်၊ ဒီကိစ္စကို ဖြေရှင်းချက်ပေး ခဲ့ရပါတယ်၊ ယခင်နှစ်က ဆယ်တန်းစာမေးပွဲမေးခွန်းတွေမှာ အလွတ်ကျက် ဖြေဆိုစနစ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်က ဆယ်တန်းစာမေးပွဲမေးခွန်းက စနစ်ပြောင်းသွားခဲ့ပါတယ်၊ အလွတ်ကျက်ဖြေစနစ် မဟုတ်တော့ဘဲ မေးခွန်းတွေကို အဖြေပေးထားပြီး စဉ်းစားတွေးခေါ် ဖြေဆိုရမယ့် မေးခွန်းစနစ်ကို စတင်ပြောင်းလဲခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။´´ ဟု မကွေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးလှသိန်း မှ ၎င်းအခမ်းနားတွင်ပြောကြားသည်။


        
  မကွေးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၄ တက္ကသိုလ်ဝင် စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် (၁၂)ဦး ကို တစ်ဦးလျှင် ဆုငွေကျပ်တစ်သိန်းနှုန်းဖြင့်လည်းကောင်း၊ ငါးဘာသာဂုဏ်ထူးရှင် (၂၄)ဦးကို တစ်ဦးလျှင် ဆုငွေကျပ် ငါသောင်းကျပ်နှုန်း၊ လေးဘာသာဂုဏ်ထူးရှင်(၅၇)ဦးကို တစ်ဦးလျှင် ဆုငွေကျပ် သုံးသောင်းကျပ်နှုန်း အသီးသီးချီးမြှင့် ပေးကြောင်း၊ မကွေးတိုင်းအတွင်း၌ ဆယ်တန်းစာမေးပွဲတွင် အောင်ချက် အကောင်းဆုံး(၃) ကျောင်းရွေးချယ်ရာ ပထမဆု  မြို့သစ်မြို့နယ်မှ ၀ါးကြီးအိုင်ကျေးရွာ အထက်တန်းကျောင်းကို ဆုငွေတစ်သိန်း ကျပ်၊ ဒုတိယဆု  ပွင့်ဖြူမြို့နယ်မှ ရှောက်တောကျေးရွာ အထက်တန်းကျောင်းကို ဆုငွေ ရှစ်သောင်းကျပ်၊ တတိယဆု မကွေးမြို့နယ်မှ အထက(၄)ကျောင်းကို ဆုငွေ ခြောက်သောင်းကျပ်ဖြင့် အသီးသီးချီးမြှင့်ပေးကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပညာရေးထူးချွန် ဆုငွေပေါင်း (၆၇၈၉၀၀၀ိ) ခြောက်ဆယ့်ခုနှစ်သိန်းရှစ်သောင်း ကိုးထောင်ကျပ် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ ကြောင်း မကွေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးလှသိန်း က ပြောသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: