``မကွေးတိုင်းလူငယ်ဖိုရမ်နှင့် ကမ္ဘာ့လူငယ်များနေ့အထိမ်းအမှတ်ပွဲကို ပြည်ခိုင်ဖြိုးပါတီ၌ ကျင်းပမည်မဟုတ်ပါ သြဂုတ် ၁၅/၁၆/၁၇ နေ့များတွင် မကွေးမြို့ အဆင့်မြင့်မြို့တော်ခမ်းမသို့ ပြောင်းရွေ့ကျင်းပမည်´´



သြဂုတ် ၁၄၊ မကွေး။


သြဂုတ်(၁၃) ရက်နေ့က မကွေးတိုင်းလူငယ်ဖိုရမ်နှင့် ကမ္ဘာ့လူငယ်များအနေ့အထိမ်းအမှတ်ပွဲကို ပြည် ခိုင်ဖြိုးပါတီ၌ ကျင်းပမည်ဟု မဇ္ဈိမ သတင်းစာဖော်ပြချက်အား သြဂုတ် ၁၅/၁၆/၁၇ နေ့များတွင် မကွေးမြို့ အဆင့်မြင့်မြို့တော်ခမ်းမသို့ ပြောင်းရွေ့ကျင်းပမည်ဟု ပြင်ဆင်ဖော်ပြပေးပါရန် သြဂုတ် ၁၄ ရက်နေ့ နေ့ ၁၂ နာရီအချိန်တွင်  မကွေးတိုင်းလူငယ်ဖိုရမ် (သတင်းပြန်ကြားရေး)တာဝန်ခံ ကိုဝင်းမြင့်ထွေး နှင့် ကိုဇင်မင်းထိုက် တို့ နှစ်ဦးက ပြောကြားသည်။

`` ကျွန်တော့်နာမည် ကိုဝင်းမြင့်ထွေးပါ၊ သြဂုတ် ၁၃ ရက်နေ့ က မဇ္ဈိမသတင်းစာမှာ သတင်းဖော်ပြချက် က အစက မှန်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခမ်းမ ကို လုပ်မယ်ဆိုတဲ့ ကျွန်တော်တို့ လူငယ်ဖိုရမ် ကိုးဦး၏ ဆုံးဖြတ် ချက်ကို လူငယ်ကွန်ရက်အဖွဲ့(၃၃)ဦးက ကန့်ကွက်ကြပါတယ်။ ဒါကြောင့် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကို မြို့တော်ခမ်းမသို့ ကျင်းပခွင့်ပေးရန် အကူအညီတောင်းကြပါတယ်။ သူတို့က သြဂုတ်(၁၅)ရက်နေ့ နေ့လည် ၁ နာရီအချိန်မှ သြဂုတ်(၁၇)ရက်နေ့အထိ ကျင်းပခွင့်ပြုပါတယ်။ မကွေးတိုင်းနှင့် မြို့နယ်လူငယ်ဖိုရမ်ကို  သြဂုတ် ၁၅/၁၆ နှစ်ရက်ကျင်းပမယ်။ သြဂုတ် ၁၇ ရက်နေ့ တစ်ရက်လုံးကို ကမ္ဘာ့လူငယ်များနေ့ အထိမ်းအမှတ် အဖြစ်ကျင်းပကြမှာပါ။´´ ဟု ကိုဝင်းမြင့်ထွေး က မဇ္ဈိမ ကိုပြောသည်။

``ကျွန်တော့်နာမည် ကိုဇင်မင်းထိုက်ပါ၊ ကျွန်တော်တို့ လူငယ်ဖိုရမ်ရဲ့ အဓီက ဦးတည်ချက်ရှိပါတယ်၊အဲဒါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ပူးပေါင်းလက်တွဲ ပြီး ဆောင်ရွက်လိုပါတယ်။ မည်သည့် နိုင်ငံရေးပါတီတွေရဲ့ လက်အောက်ခံပြီး လုပ်ဆောင်သွားမှာမဟုတ်ပါဘူး၊ မနှစ် က ၂၀၁၃၊ ပခုက္ကူမြို့မှာ ဖွဲ့စည်းခဲ့တဲ့ လူငယ်ဖိုရမ်ရဲ့ စတိတ်မန့်တွေကို ယခု မကွေးမြို့မှာကျင်းပမဲ့ လူငယ် ဖိုရမ်မှ ဆက်လက်ဆောင်ရွက်သွားကြမှာပါ။´´ ဟု ကိုဇင်မင်းထိုက် က မဇ္ဈိမ ကိုပြောသည်။


          မကွေးတိုင်းလူငယ်ဖိုရမ်မှ တိုင်းလူငယ်ဖိုရမ် နှင့် မြို့နယ်လူငယ်ဖိုရမ်(၂)ခု ဖွဲ့စည်းဖြစ်ကြောင်း၊ မကွေးတိုင်း အတွင်းရှိ (၂၅)မြို့နယ်မှ လူငယ်ဖိုရမ်အဖွဲ့ဝင် သုံးဦး၊ နိုင်ငံရေးပါတီများမှ တစ်ဦးစီ၊ အရပ်ဘက်လူ အဖွဲ့အစည်း များမှ တစ်ဦးစီနှုန်းဖြင့် အင်အား(၂၅၀)ဦးခန့် ဖိတ်ကြားထားကြောင်း၊ လူငယ်ဖိုရမ်ရဲ့ အဓီက ဦးတည်ချက်အတိုင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်လိုကြ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ ကိုလည်း ဖိတ်ကြားထား ကြောင်း၊ ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်မည်ဟုလည်း အထူးမျှော်လင့်ပါကြောင်း ကိုဝင်းမြင့်ထွေး က မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: