အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်
ရွှေချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းကြီး၏ လုပ်ငန်းခွင် ဖြစ်ပါသည်။ ရေကားတစီး တမံပေါ်တက်လာ၏်။ တမံ တာဝန်ခံ ၀န်ထောက်မင်းက ခါးထောက်၍ စောင့်နေလျှက် ။ ၀န်ထောက်မင်း AE ဦးကျော်မိုးမှ..
“ ဟေ့ ချက်ကာ စာရေး- ဒီရေကားရေပြည့်/မပြည့်သိရအောင် ကားပေါ်ကိုတက်စစ်”
“ ဟုတ်ကဲ့..” ပြောဆို၍ ကားပေါ်တက်စစ်၏။
“ ပြည့်ပါတယ် ဆရာ”
“ ပြည့်ရင်တော့ သွားတော့ ပြောလိုက်…”
ရေကားဆရာ ကြောက်ကြောက်လန့်လန့်နှင့် တမံပေါ်သို့ ရေဖြန်းနေ၏။ ရေဘောက်ဆာကားတစ်စီးလျှင် ယခင်က ၁၂ မိနစ်သာ ရေပန့်ဖြင့်မှုတ်ရတာ- ယခု ၁၆ မိနစ်ခန့်ရေမှုတ်ထုတ်နေပါ၏။ စပယ်ယာမှ ရေပန့်မှရေမထွက်တော့လို့ ဒရိုင်ဘာသို့ ရေကုန်ပါပြီဆရာဟု လှမ်းအော်၍ သူတို့ရေကားသည်တမံမှ ပြန်ဆင်းလာခဲ့ကြ၏။ အပြန်အဆင်းလမ်း တမံထိပ်မှ စောစောက ၀န်ထောက်မင်းနဲ့ကားအ၀င် အထွက်ခေါက်ရေကို မှတ်သောချက်ကါစာရေးတို့ ဆရာတပည့် နှစ်ယောက်က ရေကားတွင် ရေကျန် မကျန် ပြန်၍စစ်ပေတော့၏။
“ ဆရာ ၀န်ထောက်မင်း၊ ရေတွေ ကျန်နေပါတယ်။”
ရေကားဆရာ ချွေးပြန်နေ၏။ စပယ်ယာကို အနားခေါ်၍ မေး၏။ (ကျွန်တော်လဲ ရေမလိုက်တော့လို့ ရေကုန်သွားပြီမှတ်တာပေါ့။ ရေပန့်က ပန်ကာကြိုးပြတ်နေတာကို-ကျွန်တော် မသိလိုက်ဘူးလေ..။ ဤသို့ပြောနေကြစဉ် AE ၀န်ထောက်မင်း ဦးကျော်မိုးမှ
“ ဟေ့ ရေကား ဆရာတပြည့်-ဘာမှညှိမနေနဲ့ ညင်းမနေကြနဲ့ မင်းတို့ ရေသူခိုးတွေကို ရေကားအခေါက်ရေ (၅)ခေါက်ဖြတ်တယ်။ ဒါပဲ”။
ပြောပြောဆိုဆို ချက်ကာစာရေး လက်ထဲမှ ချက်ကာ ကားအခေါက်ရေစာရင်းထဲက ရေကားအ၀င်စာရင်း(၅)ခေါက်အားဖြတ်တောက်ထားရန် လက်မှတ်ရေးထိုးသွားလေတော့သည်။ ရေကားဆရာမှ ရှင်းလင်း အယူခံတာကိုပင် လုံးဝ မစောင့်တော့ပေ…။
ရေကားဆရာတပြည့်နှစ်ယောက် တောင်ကြည့် မြောက်ကြည့် သက်ပြင်းကိုယ်စီ ချလျှက် စပယ်ယာမှ စကားဆို၏။
“ ဆရာရယ် ကျွန်တော်တို့ ရေကားတွေက ချောင်းထဲကနေတမံပေါ်ကို ရေတစ်ခေါက်ပို့ပေး မှ ဆီ(၁)ဂါလံသာရတယ်။။ ကားအင်ဂျင်ကို ငယ်သံပါအောင်လည်း လီဖာကိုနင်း၊ ၁၆ မိနစ်ရေပန့်နဲ့ ရေမှုတ်ခဲ့ရလို့ ဆီကုန်ခဲ့ပြီ--ယခုမှ စုစုပေါင်း (၁၂)ခေါက်သာ ရပါသေးတယ်။(၅)ခေါက်ဖြတ်ရင် (၇)ခေါက်သာ ကျန်တော့တာပေါ့။ ကားထဲမှာဆီလက်ကျန် နည်းလို့ ဒီဇယ်ကား လေခိုရင် နေညိုသွားလိမ့်မယ်။ ဆီခြံကို အပြေးမောင်းပေတော့ဆရာ.. ကားဆီတိုင်ကီထဲကို ဆီထည့် ကြစို့ ဆရာ”
ရေကားနဲ့ ဆရာတပြည့်သည် ဆီခြံသို့ ရောက်လာခဲ့၏။
(လေးပုလင်းသာဆန့်တဲ့ တစ်ဂါလံသတ်မှတ်ပေးထားသောခွက်နဲ့ ချိန်ထည့်တာ ကိုယူခဲ့ကြရ၏။ တစ်ပေပါအပြည့် ဂါလံ(၅၀)ထုတ်ယူရင်လည်း အပို (၄)ဂါလံဆောင်းပေးရပြီး (၅၄)ဂါလံထုတ်ယူကြောင်းကိုလက်မှတ်ထိုးပေးရသေး၏။ ဒီဆီခြံ တာဝန်ခံ ၀န်ထောက်မင်းမှာ စောစောက ရေစစ်တဲ့ AE ဦးကျော်မိုး ပင် ဖြစ်ပါတော့သည်။)
ရေကားဆရာ စဉ်းစားမိ၏။ တစ်ပေပါလျှင်(၄)ဂါလံ သူတို့ကအပို ယူတော့ တစ်လထဲတွင် ဆီ ခွဲတန်းမှာ ပေပါပေါင်းက သိန်းချီ၍ ထုတ်ပေးရပါသည်။ ဒီဇယ်ပေပါတစ်သိန်းမှ အပိုတွေ အများကြီး တွက်လိုက်မိရင်တော့…။အားပါးပါး ဆီဂါလံအပိုတွေ..အများကြီး..ပါဗျာ..။ ဒီဇယ်ပေပါ..အပိုထွက်လာတွေကို..အပြင်သို့ခိုးရောင်းစားကြပြီး..အထက်
ဆိုင်ရာလူကြီးတွေအထိ ဆက်ကျေးပေး၍လာတ်ထိုးပြီး ချမ်းသာနေတာ…ဆီခြံတာဝန်ခံ ၀န်ထောက်မင်း..ဦးကျော်မိုးပါ…။
သြော်-ဒါကြောင့် AE ဦးကျော်မိုးဟာ သူ့မိန်းမကို ရွှေတွေပိသာချိန်လိုက် အလေးချိန်စက်ပြီးဝယ်လို့ ဆင်ပေးထားနိုင်တာကိုး….။စီမံကိန်းနာမည်ကိုက…( ရွှေလှောင်တမံ စီမံကိန်းတဲ့။ နာမည်နဲ့ လိုက်ပါပေတယ်) ရှေးလူကြီးသူမများ စကားပုံ ထားခဲ့တာတွေ ယခုအချိန်အထိ တကယ်မှန်ပါပေတယ်။
“ဆန်ခိုးမမိ၊ ဖွဲခိုးမိသတဲ့”
ယခု ရွှေလှောင်တမံ စီမံကိန်းက ရေကားဆရာနဲ့ ကားစပယ်ယာ ဆရာတပြည့်နှစ်ယောက်မှာတော့……ရွှေခိုးသူတွေကိုမမိ ရေသူခိုးသာမိပါ၏ ။
(မြန်မာတွေ စည်းကမ်းရှိရှိ နည်းလမ်းသိဖို့ အချိန်တန်ပါပြီ…..)
ရွှေလမ်းငွေလမ်းဝင်းကြည်
၁၉၉၇ ခုနှစ်မှ ရေကားဆရာဘ၀၏ ခံစားချက်ကို ရေးပါသည်။
၂၀၀၉ ခု၊ ဇွန်လ(၁၅)ရက်၊နံနက်(၄)နာရီတွင် ပြန်လည်ခံစားပါ၏။
0 comments:
Post a Comment