မကွေးမြသလွန်စေတီတော်မြတ်ကြီး တိုးချဲ့ရင်ပြင်တော်ဖွင့်ပွဲ နှင့် ရေစက်ချမင်္ဂလာအခမ်းအနား


(၂၂-၆-၂၀၀၉)နေ့မြသလွန်စေတီတော်ရင်ပြင်တော်တွင် မင်္ဂလာအခမ်းအနားကျင်းပသည်။ မြသလွန်စေတီ တော်၏ အနောက်ဘက်ရင်ပြင်တော်အား ဧရာဝတီမြစ်ကမ်းဘက်သို့ ထပ်မံတိုးချဲ့ခြင်းဖြစ်ပါသည်။မူလ လက်ရှိနေရာမှ အနောက်ဘက်ဧရာမြစ်ကမ်းဘက်သို့(ပေ=၃၀)ထပ်မံတိုးချဲ့ထား၏။ယင်းလုပ်ငန်းကို(၁၆-၁-၂၀၀၉)နေ့မှစတင်ခြဲ့ပီး (၃၁-၅-၂၀၀၉)နေ့တွင် လုပ်ငန်းများကို အောင်မြင်ပြီးစီး ခဲ့ပါသည်။ အများပြည်သူ စေတနာအလှူရှင်များ၏ငွေကျပ် သိန်းပေါင်း(၂၀၀၀.၁၁)သိန်း ကုန်ကျကြောင်းသိရပါသည်။

ရင်ပြင်တော်အကျယ်=၃၀ ပေ။ ရင်ပြင်တော်အလျှား=၁၈၀ ပေ။
အုတ်မြစ်အမျိုးအစား=ရေတွင်းပုံအုတ်မြစ် ။ တိုင်အမျိုးအစား=သံကူကွန်ကရစ် ။
တိုင်အရွယ်အစား(အချင်း)= ၁ ပေ၊၆ လက်မ ။
ကြမ်းခင်းအမျိုးအစား=သံကူကွန်ကရစ်။ ကြမ်းခင်းထုမှာ ၆ လက်မ။ ဖြစ်ကြောင်းသိရ၏။



ယခင်အခါက မြသလွန်စေတီတော်ဘုရာကြီး၏ အနောက်ဘက်ရင်ပြင်တော်သည် အလွန်ကျဉ်းမြောင်း ပါသည်။ ယခုအခါ မြသလွန်စေတီတော်မြတ်၏ အရှေ့ဘက်၊တောင်ဘက်၊မြောက်ဘက်မှရင်ပြင်တော်များ ထက် အနောက်ဘက်ရင်ပြင်တော်က ပိုမိုကျယ်ဝန်းလာပါသည်။ ဓာတ်ပုံများတွင်ဖေါ်ပြထားသည့်အတိုင်း ပေ(၃၀)ကျယ်ဝန်းလာပေ၏။ ပုံတွင် ခွဲခြားပြထားသောအရစ်အမှတ်ကို ကြည့်၍တိုးချဲ့ထားသော အနောက်ဘက် ရင်ပြင်တော်သည် အလွန်ကျယ်ဝန်းလာကြောင်းသိရှိစေရန်နှင့် သဒ္ဒါကြည်ဖြူစွာ လှူဒါန်း ပူဇော်ကြသော အနယ်နယ်ရပ်ရပ်မှ အလှူရှင်များအားလုံးသာဓု အနုမောဒနာပြုနိုင်ကြပါစေသော်……။

သတင်းဓာတ်ပုံများကိုပူးတွဲပေးပို့ဖေါ်ပြထားပါသည်။




ရွှေလမ်းငွေလမ်းဝင်းကြည်
(၂၃-၆-၂၀၀၉)နေ့၊နေ့လည်(၁၁း၅၅)ရေး၏။
 

3 comments:

မဟာဆန် said... | June 23, 2009 at 2:54 PM

လာရောက် ဖူးမျှော် ကြည်ညိုသွားပါသည်

သီဟသစ် said... | June 24, 2009 at 9:25 AM

ကြည်ညိုစရာဗျာ
ပျော်စရာကြီး ရင်ပြင်တော် အကျယ်ကြီးဆိုတော့ ဘုရားလွတ်လွတ်လပ် ဖူးလို့ရတယ် ရူခင်းတွေလဲကောင်းကောင်းကြည့်လို့ရတယ်

ကျွန်တော်တရုတ်နှစ်ကူးပြန်လာတုန်းက ဆောက်နေတုန်း
ခုပြီးတောင်ပြီးသွားပြီနော်

Anonymous said... | June 24, 2009 at 9:31 AM

ပြန်တုန်းက မရောက်ဖြစ်လို့ဘူးဗျာ။ ဘုရားပွဲချိန်ဘယ်လိုနေမလဲနော်။