ငလျင်သင့်ဒေသမှာ ရေခက်ခဲကာ ဝမ်းရောဂါ ဖြစ်ပွား


ငလျင်သင့်ဒေသမှာ ရေခက်ခဲကာ ဝမ်းရောဂါ ဖြစ်ပွား
2011-04-01

ရှမ်းပြည်တောင်ပိုင်း မြေငလျင်သင့် ဒေသတွေမှာ ရေတွင်း ရေလှောင်ကန်တွေ ပျက်စီးဆုံးရှုံးကုန်လို့ သောက်သုံးရေ အခက်အခဲတွေ ကြုံနေရတဲ့အပြင် တချို့ဒေသတွေမှာ ဆိုရင် ဝမ်းရောဂါပါ ဖြစ်ပွားနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။

(Photo: AFP)

၂ဝဝ၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသကို ဗဟိုပြုပြီး အင်အား ၆.၈ ရှိသည့် ငလျင် လှုပ်သွားပြီးနောက် တာလေမြို့နယ်အတွင်း ယာယီ မြေစိုက်ရွက်ဖျင်တဲ တခုတွင် ငလျင်ဒဏ်ခံ ဒုက္ခသည် ကလေးငယ်တဦးကို တွေ့ရပုံ။ (Photo: AFP)

ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အထောက်အပံ့တွေပေးနေကြပေမဲ့ လုံလောက်မှု မရှိတဲ့အပြင် အခုဆိုရင် ဒုက္ခသည်တွေဟာ စားစရာ အခက်အခဲပါ ကြုံနေကြရတယ်လို့ သိရပါတယ်။

အဲဒီဒေသတွေဆီ သွားရောက်ပြီး အကူအညီ အထောက်အပံ့တွေ ပေးခဲ့တဲ့ တာချီလိတ်မြို့က ပုဂ္ဂလိက အလှုရှင်တဦးကို RFA မှ မခင်ခင်အိက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
တဆင့် ကူးယူဖော်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ငလျင်သင့်ဒေသမှာ ရေခက်ခဲကာ ဝမ်းရောဂါ ဖြစ်ပွား ini dipublish oleh shwelannwelanwinkyi pada hari Saturday, April 2, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ငလျင်သင့်ဒေသမှာ ရေခက်ခဲကာ ဝမ်းရောဂါ ဖြစ်ပွား
 

0 comments: