မကွေးမြို့မှ SHADE စကားဝိုင်း(၁)

မကွေးမြို့မှ SHADE စကားဝိုင်း(၁)

မကွေး နိုဝင်လာ(၁၄)။ ။တနင်္ဂနွေနေ့၊ နေ့လည်(၁၂)နာရီ မှ ညနေ(၃း၃၀)နာရီ
အချိန်ထိ “SHADE စကားဝိုင်း” ကို ပြောဆိုခဲ့ကြပါတယ်။ ယခုတစ်ပါတ်
စကားဝိုင် နေရာကတော့ မကွေးမြို့ရဲ့မြောက်ဘက်အထွက်က “အချစ်ရွာ”မှာ
ဝိုင်းဖွဲ့ ပေါင်းဆုံဖြစ်ပါတယ်။ မကွေးမြို့မှ SHADE စကားဝိုင်း အမှတ်(၁)၊
ပထမ အကြိမ် ကို တက်ရောက် ပြောဆိုသူ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းထောက်များ
ကတော့ နေခြည်(မကွေး)၊ မကွေးမြင့်သန်း၊ ရေနံ့သာအောင်ချမ်းဇော်၊
ဇော်မြင့်ဇော် (ဗန္ဓရ)၊ လွမ်းရ(မကွေး)၊ ညီဇေယျ၊ ဗိုလ်မြင့်ရှိန်(အောင်လံ)
တို့နှင့် စာရေးသူ ဖြစ်ပါတယ်။
ကျွန်တော်တို့ “SHADE” စကားဝိုင်းရဲ့ ရည်ရွယ်ချက်ကတော့ ရှိတ်ဂျာနယ်
အရောင်းမြှင့်တင်ရေး နဲ့ ရှိတ်ဂျာနယ် ကြီးပွားတိုးတက် အောင်မြင်ရေး
ဆိုတဲ့ ရည်ရွယ်ချက် နှစ်ခုနဲ့ ပေါင်းဆုံ ၀ိုင်းဖွဲ့ပြောဆိုကြပါမည်။
ရှိတ်ဂျာနယ် မှာ ဖော်ပြပေးထားတဲ့ သတင်း။ ဆောင်းပါး၊ ကဗျာ။ ၀ထ္ထု၊ အက်ဆေး၊
ဘာသာပြန် စတဲ့ ကဏ္ဍများအား လွတ်လပ်စွာ နဲ့ အကောင်း၊ အဆိုး အမြင်များကို
အကြောင်း၊ အကျိုး စုံလင်စွာနဲ့ ရင်ဖွင့်ပြောဆို နိုင်ကြပါတယ်..လို့၊
“ရှိတ်ဂျာနယ်” စာပေစကားဝိုင်းကို ရှိတ်ဂျာနယ် သူကြီး(မကွေး)က
ပဏာမပြောဆိုပြီး ဖွင့်ပေးလိုက်ပါတယ်..။
ကဗျာဆရာ ကာတွန်းဆရာ ဇော်မြင့်ဇော်(ဗန္ဓရ) က ရှိတ်ဂျာနယ်
ရောင်အားမြှင့်တင်ဖို့ အတွက် ဒီဝိုင်းကို တက်ရောက်လာသူများက
တာဝန်ယူရောင်းချပေးစေလိုကြောင်း နဲ့ သူ့ရဲ့ ကဗျာများ ပို့ထားတာ
ကြာပြီဆိုတဲ့အကြောင်း ကို ပြောပါတယ်။ ရှိတ်ဂျာနယ် သူကြီး(မကွေး)
ကျွန်တော်မှ ရှိတ်ဂျာနယ်ရောင်းဖို့အတွက် စကားဝိုင်းကို လာရောက်သူများကို
တာဝန်တစ်ရပ် အနေနဲ့ မဖြစ်စေလိုပါ။၊ ဆရာပို့ထားတဲ့ ကဗျာတွေမှာ ဒဿန နဲ့
ဘာသာရေးကဗျာ များဆိုရင် တော့ ဂျာနယ်က သုံးမည် မဟုတ်ပါ။ အချစ် ကဗျာများ
ဆိုရင်ဖြင့် အယ်ဒီတာကြိုက်ရင်တော့ သုံးပေးပါလိမ့်မည်၊ ဆက်ရေးပါဆရာ.. လို့
ပြန်လည်ပြောဆိုခဲ့ရပါတယ်.။ ကဗျာဆရာ လွမ်းရ(မကွေး) ကလည်း သူပို့ထားတဲ့
ကဗျာမှာ (နွေပိတောက် မျက်ရည်) ဆိုတဲ့ ကဗျာဖြစ်ကြောင်း၊ ကဗျာ ကဏ္ဍကို
တိုးချဲ့ပေးစေလိုကြောင်း ကို ပြောကြားပြီး သူရဲ့ ကဗျာကို ရွတ်ဆိုပြပါတယ်။
အဲ ဒီကဗျာကို မျက်ရည်ကျပြီးခံစားရေးဖွဲ့ထားရပါတယ် ဆိုပါတယ် ။
ကျွန်တော်ကဖြေရှင်းပေးပါတယ်။ ဆရာရေးတဲ့ ကဗျာက
တစ်ကယ်မျက်ရည်ကျလောက်ပါတယ်..။ ဒါပေမဲ့ ဒဿနကဗျာဖြစ်နေတာရယ်..၊ အချစ်ဆိုတာ
မပါတာကြောင့် အယ်ဒီတာ လုံးဝ မခိုက်နိုင်ပါ လို့ ပြန်လည် နှစ်သိမ့်ပြီး
ဆက်ရေးပါဆရာ..ဟု အားပေးလိုက်ရပါတယ်..။ဆရာ ညီဇေယျ ခေါ်
တက္ကသိုလ်မောင်ရည်ရွယ် ကတော့ သူဟာ ကလောင်သစ် မဟုတ်ပါ။ ညီဇေယျ
ကလောင်အမည်နဲ့ ၀ထ္ထုတို များကို မဂ္ဂဇင်းစာမျက်နှာများမှာ
စင်တင်ထားပြီးဖြစ်ပါတယ်။ ရှိတ် မှာ အချစ် အရိပ်ပါ ၀ထ္ထုလေးများကို
ရေးသားပါမည်ဆိုလာပါတယ်..။ ကဗျာကဏ္ဍတွေမှာလည်း မော်ဒန်ကဗျာများ အပြင်
ဂန္ဓ၀င်ကဗျာ များကိုလည်း ရေးသားလိုပါတယ် ဟု ဆိုပါတယ်.။ ကျွန်တော်က ဆရာ
ညီဇယျ ရဲ့ ကဗျာတွေ၊ ၀ထ္ထုတွေကို ပို့ပေးပါ..။ အယ်ဒီတာ အဖွဲ့ ဟတ်ထိပြီး
ကြွေသွားရင် သုံးပေးပါလိမ့်မည် ဟု ဖြေကြားခဲ့ပါတယ်။ စာရေးဆရာ
ရေနံ့သာအောင်ချမ်းဇော်( ဘ၀ သံသရာနှင့် ဘ၀ကံကြမ္မာ )အခန်းဆက်၊ သီလဝ
ဘာသာရေးမဂ္ဂဇင်းမှာလစဉ် ပင်တိုင်းရေးသူ ကတော့ ဒီဂျာနယ်မှာ
မျက်နှာဖုံးကမင်းသမီလေးးတွေဓာတ်ပုံ နေရာမှာ ရှေးဟောင်း မန္တလေးရှုခင်း
ပန်းချီများကို သုံးသင့်ကြောင်း တင်ပြလာပါတယ်။ မကွေးမှာ ရှိတ်ဂျာနယ်က
ယခုလိုစတင်ပြီး စာပေစကားဝိုင်း လုပ်ပေးလို့ မကွေးစာနယ်ဇင်းဆရာများက
အလွန်ဝမ်းသာနေကြပါတယ်။ ရှိတ်ဂျာနယ်က မကွေးစာပေသမားများကို နေရာပေး
အသိအမှတ်ပြုပေးတဲ့ အတွက် ရှိတ်ဂျာနယ်ကိုလည်း ကြီးပွားတိုးတက်
အောင်မြင်အောင် ကျေးဇူးတုံ့ပြန်ပေးပါမည်၊ ဟု ဆိုပါတယ်။ ကျွန်တော်မှ
ရှိတ်ဂျာနယ် အယ်ဒီတာများ ကိုယ်စား ကျေးဇူးတင်ပါတယ်..။ ဆရာ အကြံပြုတဲ့
မျက်နှာဖုံးပြောင်းဖို့ ကတော့ ဖြစ်နိုင်မည် မဟုတ်ပါ..ဟု
ပြန်လည်ဖြေကြားခဲ့ရပါတယ်..။ ဆရာ ဗိုလ်မြင့်ရှိန်(အောင်လံ) ကတော့
ရှိတ်ဂျာနယ်မှာ ဘာသာပြန်သတင်းနှင့် အင်္ဂလိပ်စာ သင်ခန်းစာ များ သုံးရင်
ပေးပို့လိုကြောင်း ပြောပါတယ်။ ရှိတ် ဂျာနယ်ကိုလည်း လစဉ်ဝယ်ယူပြီး လာမယ့်
ဝိုင်းမှာ ဖတ်ကြား ဆွေးနွေးမည်ဟု ဆိုပါတယ်။
သတင်းတာဝန်ခံ နေခြည်(မကွေး) ကတော့ တမာမြေမှ ပဲ့တင်သံများ
အပါတ်စဉ် ကဏ္ဍအတွက် ရေးသားစရာ ကုန်ကြမ်း သတင်းများကို လာရောက် ပေးကြပါရန်
ဖိတ်ခေါ်နေပါတယ်။ ရှိတ်ဂျာနယ် မှာ မျက်နှာဖုံးက အပြည့်မဟုတ်လို့
အဟန့်သေးနေကြောင်း၊ အချို့ဆောင်းပါးများမှာ တစ်မျက်နှာ အပြည့်တခါတည်း
ဖော်ပြတာထက် အခြားဂျာနယ်တွေလို စာမျက်နှာများ ခွဲပြီး နေရာချထား ပေးရင်
ပို၍ မကောင်းဘူးလား ဆိုပါတယ်။ နောက်ထပ်အကြံပြုလိုတာက ဂျာနယ်မှာ
ကာတွန်းအားနည်းနေပါတယ်။ တစ်မျက်နှာဝထ္ထုတစ်ကွက်ကောင်းလေးများ၊ ဒေသစုံမှ
မှုခင်းသတင်းလေးများ ကို အားဖြည့်ပေးစေလိုပါတယ်ခင်ဗျာ.. ဟုဆိုပါတယ်။
သတင်းတာဝန်ခံ မကွေးမြင့်သန်း ကတော့ ပေးပို့ထားသော သတင်းများကို
အချိန်နှင့် တပြေးညီ မီအောင် သုံးပေးစေလိုပါတယ်..။ စာမူကိစ္စ ရွေး၊ မရွေး
သိလိုပါကြောင်း ကို ပြောဆိုပါတယ်။ ရှိတ် သူကြီး ကျွန်တော်မှ စာမူခနဲ့
ဂျာနယ်လက်ဆောင်ကိစ္စ များကိုတော့ ကျွန်တော်တာဝန် ယူပါ့မယ်..။ စာမူ ရွေး၊
မရွေးကိစ္စများကို လည်း ကျွန်တော် မေးမြန်းပေးပါမည်။ စာမူများကိုလည်း
ကျွန်တော့်က အခမဲ့ (အီးမေးလ်)နဲ့ပေးပို့ပေးပါမည်။ စာမူကို အချိန်နဲ့
တပြေညီ သုံးဖို့ဆိုတာကတော့ မီရင်လည်းမီမည် နောက်ကျရင်လည်း
နောက်ကျနိုင်ပါတယ်။ပယ်ရင်လည်း ပယ်ထားနိုင်ပါတယ်။ အယ်ဒီတာများမှာ စာပေ
စီစစ်ရေး ကိစ္စများ လည်း ရှိနေကြပါတယ်။ ရှိတ်ကို မကြေလည်တာများ ရှိရင်
တော့ သည်းခံပေးတော်မူကြပါခင်ဗျား..။ ယခု “SHADE” စကားဝိုင်းကိုလာရောက်
ပေါင်းဆုံပြောဆိုပေးကြတဲ့၊ စာရေးဆရာများ၊သတင်းထောက်များ၊ စာဖတ်သူများအား
အထူးကျေးဇူးတင်ပါတယ်။ နောက်တစ်ပါတ်မှာ ရှိတ် စကားဝိုင်းကို လာရောက်
ပြောဆိုပေးကြပါအုံး လို့ ဖိတ်ခေါ်လိုက်ပါရစေ..။

စိတ် အဆာပြေအောင် “ SHADE ” ဂျာနယ်ကို ဖတ်လို့ စကားပြောကြပါစို့…..။

ရွှေလမ်းငွေလမ်းဝင်းကြည်
မကွေးမြို့ ။ ဖုန်း ၀၆၃-၂၅၁၉၇

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စကားဝိုင်း(၁) ini dipublish oleh shwelannwelanwinkyi pada hari Wednesday, April 13, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့မှ SHADE စကားဝိုင်း(၁)
 

0 comments: