`ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး အရပ်ဘက်အဖွဲ့အစည်း(AWDO) စည်းရုံးရေး´

ဒီဇင်ဘာ(၃)ရက် နေ့လည်(၁ မှ ၂)နာရီအချိန်တွင် မင်းဘူးခရိုင် ငဖဲမြို့နယ် လင်းတဲကျေးရွာ ဦးအမ်လုံး နေအိမ်၌ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး အရပ်ဘက်အဖွဲ့အစည်း(AWDO) စည်းရုံးရေး ဟောပြောပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ လင်းတဲကျေးရွာသူ/ကျေးရွာသား(၇၀)ခန့်တက်ရောက်၍ ဧရာဝတီမြစ်အနောက် ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး အရပ်ဘက်အဖွဲ့အစည်း(AWDO)မှ ငဖဲမြို့နယ် ယာယီတာဝန်ခံ ဦးရွှေလေး က အဖွဲ့အစည်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းကြောင်း၊ ၎င်းတို့အဖွဲ့သည် အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီများ မဟုတ်ကြောင်း၊ အစိုးရ၊ ပြည်သူ၊ ကုမ္ပဏီစီးပွားရေးလုပ်ငန်းများအကြား လုပ်ငန်းများ အဆင်မပြေပါက ပြေလည်အောင်ညှိနှိုင်းပေးမည့်အဖွဲ့ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တတ်နိုင်သ၍လုပ်ဆောင်ပေး နေသော အဖွဲ့ဖြစ်ပါကြောင်း အဆိုပါ(AWDO) အဖွဲ့ကိုယ်စား ဦးရွှေလေး ကဟောပြောကြောင်း သတင်းရရှိသည်။
 

0 comments: