``မီးရထားပေါ်မှ ပြုတ်ကျ ရထားဘီးကြိုတ်ပြီး ခြေနှစ်ဘက်ပြတ်၍ သေဆုံးမှုဖြစ်´´

``မီးရထားပေါ်မှ ပြုတ်ကျ ရထားဘီးကြိုတ်ပြီး ခြေနှစ်ဘက်ပြတ်၍ သေဆုံးမှုဖြစ်´´ ပြီးခဲ့သည့် ဒီဇင်ဘာ(၆)ရက်နေ့ ညနေ(၄း၃၀)နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ် ကုလားမဘူတာနှင့် အိုးပေါက်ဘူတာကြား မိုင်တိုင်အမှတ်(၂၆၇/၉)၌ တောင်တွင်း- ပျဉ်းမနားအမှတ်(၁၀၂)အစုံရထားဖြင့် တောင်တွင်းကြီးဘူတာမှ အိုးပေါက်ဘူတာသို့ လိုက်ပါလာသူ အောင်ဇော်ထွေး(၁၅)နှစ်(ဘ)ဦးဆန်စက်သည် မီးရထားပေါ်မှ ပြုတ်ကျကြောင်း၊ ရထားအောက်ရောက်သွားပြီး ဘီးဖြင့်ခြေနှစ်ချောင်းလုံးအား ပေါင်ရင်းအထိ ကြိတ်မိကာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ည(၈)နာရီအချိန်တွင် ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးနိုင်ရန် ကုက္ကိုကုန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၃ ဖြင့်အမှုဖွင့် ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: