``ဆောင်းရာသီတွင် မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမှော် နှင့် မြိုင်မြို့၌ မီးလောင်မှုဖြစ်ပွား´´

ဒီဇင်ဘာ(၇)ရက်နေ့ နံနက်ပိုင်း(၁၁)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမှော် လုပ်ကွက် (၅)အတွင်း၌ မီးလောင်မှုဖြစ်ပွားကြောင်း နှင့် မြိုင်မြို့ အမှတ်(၂)ရက်ကွက် တို့မှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်များမှာ ဒီဇင်ဘာ(၇)ရက်နေ့ နံနက်ပိုင်း(၁၁း၄၅)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ် ဒဟတ်ပင် ရေနံမှော် လုပ်ကွက် (၅)အတွင်းရှိ MOGE ရုံး၏ အနောက်ဘက်(၄)ဖာလုံခန့်အကွာ ယာခင်းရှင် ဒေါ်လှကြိုင် (၄၇)နှစ်၊ (ဘ)ဦးဟန်သိုင်း၊ တောင်သူ၊ ကွန်းသွန်းကျေးရွာ နေထိုင်သူသည် ယာခင်းအတွင်းရှိ ရေနံစိမ်းများ သိုလှောင်ထား သော မိုးကာကန်ထဲသို့ ရေနံခပ်သူတစ်ဦးမှ ရေနံများခဲနေသဖြင့် မီးပူပေးထားသော သံချောင်းဖြင့် မွှေနေကြောင်း၊ ထိုစဉ် ရေနံစိမ်းများမှ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း၊ နေ့(၁၂)အချိန်ခန့်တွင် မီးကိုငြိမ်းသတ် နိုင်ကြောင်း၊ မီးလောင်မှုကြောင့် ရေနံခပ်ရာတွင် အသုံးပြုသော ကလပ်ခုံ(၁)ခုံ၊ ရေနံစိမ်းပေပါ နှစ်လုံးခန့် စုစုပေါင်းကာလတန်ဘိုးငွေကျပ် သုံးသိန်းခန့်ဆုံးရှုံးကြောင်း၊ ၎င်းမူလောင်မှုအား နေ့(၁၂း၃၀)နာရီတွင် မင်းလှမြို့ မရဲစခန်း၌ (ပ)၁၄၈/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်စုံစမ်းလျှက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။ အလားတူ ဒီဇင်ဘာ(၇)ရက်နေ့ ည(၉)နာရီအချိန်ခန့်တွင် မြိုင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ် ပြည်သူ့ဆောက်လုပ်ရေးဝန်းနေ အငယ်တန်းအင်ဂျင်နီယာ ဒေါ်အိရွှေစင်(၃၄)နှစ်၊(ဘ)ဦးထန်ဟုတ် ၀န်ထမ်းး နေအိမ် အလျားပေသုံးဆယ်၊ အမြင့်ပေနှစ်ဆယ်ခန့်ရှိသောအိမ်၏ နောက်ဖေးမီးဖိုခန်းအတွင်း ရေနွေးအိုး တည်ထားကြောင်း၊ ထိုစဉ်ဝါယာရှော့ဖြစ်ကာ ၀ါယာကြိုးအားမီးစွဲလောင်ပြီး မီးလန့်မှုဖြစ်ပွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိ၊ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း ၊ မြို့နယ်မီးသတ်ဦးစီးဌာန၏ စီမံခန့်ခွဲမှုအရ၎င်း၊ ၀န်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
 

0 comments: