``စလင်းမြို့နယ်အတွင်း၌ ခြိမ်းခြောက် ကြိမ်းမောင်းနေသော လူဆိုးများအား သက်ဆိုင်ရာမှ ခြေချုပ် ခံဝန်ဥပဒေဖြင့် အရေးယူ တားဆီးထား ဟု သိရ´´

ဒီဇင်ဘာ(၃)ရက် ညနေ(၄)နာရီအချိန်ခန့်တွင် စလင်းမြို့နယ် ငလှိုင်တွင်းကျေးရွာမှ ကျေးရွာအုပ်ချုပ် ရေးမှုး ဦးသန်းမြင့် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်တိုင်းကြားကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ(၁၂)နေ့ ညနေ(၅)နာရီအချိန်တွင် စလင်းမြို့နယ် ငလှိုင်တွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်ချုပ် ရေးမှုး ဦးသန်းမြင့် နှင့် ကျေးရွာအထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ဆယ်အိမ်မှူးများ အစည်းအဝေးလုပ်ကြောင်း၊ ၎င်းအစည်းအဝေးတွင် ကျောင်းဆရာမ……တစ်ဦး သန့်စင်ခန်း ၀င်နေစဉ်မှာ တံခါးအား လာရောက်ခေါက်သူကို ဖော်ထုတ်နိုင်ရန် အစည်းအဝေးပြုလုပ်ကြောင်း၊ ထိုအချိန်တွင် ၎င်း ရွာသား ဦးဝင်းလှိုင်(၄၅) နှစ်(ဘ)ဦးအေးစံ ကျပန်းလုပ်ကိုင်သူမှ အစည်းအဝေးတက်ရောက်နေသူများအား အော်ဟစ်ကြိမ်းမောင်း ခြိမ်းခြောက်ဆူပူမှုကြောင့် အစည်းအဝေးပျက်သွားကြောင်း၊ ၎င်းဝင်းလှိုင် ဆိုသူသည် ဗိုလ်မှူးကိုတိုင်မည်ဟု အော်ဟစ်ပြီး ဒေါ်ခင်သိန်း၏ နေအိမ်မှ တယ်လီဖုန်းဖြင့်``ကျည်ဆံအပြည့်နဲ့ လူနှစ်ယောက် အမြန်လွှတ်ပေးပါ´´ ပြောဆိုကြောင်း၊ မင်းတို့ကောင်တွေ သွေးချောင်စီးသွားမည်ဟု ဆဲဆို ခြိမ်းခြောက် ကြိမ်းမောင်းမှုပြုလုပ်ကြောင်း၊ အဆိုပါဖြစ်စဉ်သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးထိခိုက်ပျက်ပြားစေနိုင်ကြောင်း၊ ၎င်းကိစ္စအား အရေးယူဆောင်ရွက်ပေးပါရန် စလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး သို့တိုင်ကြား၍ အမှုအားစုံစမ်းစစ်ဆေးဆောင်ရွက်နိုင်ရန် စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးသို့ အကြောင်းကြားထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။ အလားတူ ဒီဇင်ဘာ(၃)ရက်နေ့တွင် စလင်းမြို့နယ် စွန်းကျွန်းညိုအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်း မှ စလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး သို့တိုင်ကြားလာကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဆင်ဖြူကျွန်းမြို့ စွန်းကျွန်းညိုအုပ်စု၌ ကြွယ်စုကျေးရွာနေသူ ကိုလင်းထွန်း(၃၂)နှစ် (ဘ)ဦးသန်းဝေ၊ ကျပန်းလုပ်ကိုင်သူသည် အရက်သေစာသောက်စား မူးယစ်ရမ်းကားပြီး အော်ဟစ် ဆဲဆိုခြိမ်းခြောက်ကြိမ်းမောင်ခြင်းများပြုလုပ်ကြောင်း၊ ၎င်းသည်အများပြည်သူများ စိတ်ငြိုငြင်မှုဖြစ်အောင် မကြာခဏဆူပူရမ်းကားနေကြောင်း၊ ၎င်းလင်းထွန်း(၃၂)နှစ် သည် အောက်တိုဘာ (၂၅ရက်မှ ၂၈)ရက်နေ့များတွင်လည်း အထက်ပါကဲ့သို့ကြူးလွန်ခဲ့ကြောင်း၊ ထို့ကြောင့် လင်းထွန်းအား အုပ်စုအုပ်ချုပ် ရေးမှူးအဖွဲ့က တားမြစ်ဆုံးမမှုကို လုံးဝမနာခံဘဲ ဂလန်ကဆန်ပြုလုပ်နေကြောင်း၊ ၎င်းအား ပြင်ပတွင်ဆက်လက် ထားရှိပါက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးထိခိုက် ပျက်ပြားစေနိုင်ကြောင်း၊ ၎င်းကိစ္စအား အရေးယူဆောင်ရွက်ပေးပါရန် စလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး သို့တိုင်ကြား၍ အမှုအား စုံစမ်းစစ်ဆေးဆောင်ရွက်နိုင်ရန် စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးသို့ အကြောင်းကြား ထားကြောင်းရာ သက်ဆိုင်ရာမှ ၎င်းလူဆိုးနှစ်ဦးအား ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
 

0 comments: