``ဂန့်ဂေါမြို့နယ်တွင် တရားမ၀င်သစ်များအား တပ်မတော်သားများနှင့် သစ်တောဦးစီးဌာနမှ ပူးပေါင်း၍ဖမ်းဆီး´´

ဒီဇင်ဘာ(၅/၆)ရက်နေ့များတွင် ဂန့်ဂေါမြို့နယ် ကျောကြိုးဝိုင်းသစ်အကွက်အမှတ်(၈)နှင့် တိုးချဲ့ကွက် ကျောကြိုးဝိုင်းအမှတ်(၄၆)သစ်တောကြိုးဝိုင်းများအတွင်း၌ ကပစ(၂၃)မှ ဗိုလ်ကြီးအောင်ဘုန်းမြင့် ဦးဆောင်သော တပ်မတော်သားများနှင့် ဂန့်ဂေါမြို့နယ်သစ်တောဦးစီးဌာန မှ တောအုပ် ဦးတင်နိုင်ထွန်း ဦးဆောင်သောအဖွဲ့ နှစ်ဖွဲ့ပူးပေါင်း၍ တရားမ၀င်သစ်လုံးများ၊ခွဲသားများ နှင့် သစ်ခိုးထုတ်နေသူများ၊ ကျွဲများတို့ကို လက်ရ ဖမ်းဆီး ရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်များမှာ ဒီဇင်ဘာ(၅)ရက်နေ့ နေ့လည်(၂)နာရီအချိန်ခန့်တွင် ကျောကြိုးဝိုင်းအမှတ်(၆)မှ ကျွန်းသစ် (၁)လုံး၊ တမလန်းသစ်(၁)လုံး စုစုပေါင်းတန်(၀.၄၃၈)တန်၊ ကျွဲ(၆)ကောင်နှင့်အတူ ကျောကျေးရွာနေထိုင်သူများ ဦးခင်မောင်ဆွေ၊ ဦးသက်နိုင်ဝင်း၊ ဦးစန်းစန်းတို့ သုံးဦးအား လက်ရဖမ်းဆီးမိကြောင်း၊ အလားတူ ထိုနေ့ ညနေ(၄)နာရီခန့်တွင် ကျွန်းသစ်(၂)လုံး(၀.၆၁၀)တန်၊ ကျွဲ(၈)ကောင်နှင့်အတူ ရွှေပင်ကျေးရွာနေထိုင်သူများ ဦးစန်းနိုင်၊ ဦးဆွေလင်း၊ ဦးကျော်သိန်း၊ ဦးမျိုးမင်းစိုး လေးဦးတို့အားဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ အလားတူ ဒီဇင်ဘာ(၆)ရက် ညနေ(၄)နာရီအချိန်ခန့်တွင် ကပစ(၂၃)မှ တပ်ကြပ်ကြီး ရှိန်တန်း ဦးဆောင်သောတပ်မတော်သားများနှင့် တောအုပ် ဦးတင်နိုင်ထွန်း ဦးစီးသောအဖွဲ့တို့ ပူးပေါင်း၍ ကျောတိုး ချဲ့ကြိုဝိုင်းအမှတ်(၄၆)သို့ သတင်းအရ တောနင်းပြီးဝင်ရောက်ရှာဖွှေရာ တမလန်းသစ်အသေး(၂၀)လုံး၊ တမလန်းသစ်လုံးအကြီး(၅)လုံး၊ တမလန်းသစ်ခွဲသားများ(၁၀)ချောင်း၊ စုစုပေါင်း (၂.၆၈၇၃)တန်ကျော်ခန့်အား ပိုင်ရှင်းမဲ့ဖမ်းဆီးရရှိကြောင်း၊ ၎င်းဖမ်းဆီရမိသော သစ်များအား ဂန့်ဂေါမြို့နယ်၊ (၇၂)မိုင်ရှိ လယ်ဓမ္မသစ်ဆိပ်သို့ သယ်ယူရန်စီစဉ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ဆောင်ရွက်လျှက်ရှိကြောင်း သက်ဆိုင်ရာဌာနများမှ သတင်းရရှိသည်။
 

0 comments: