``အထက်မင်းလှမြို့နယ် စိန်တံခွန်ကုမ္ပဏီ ရေနံမရေနံမှော်တွင် မီးဘေးကာကွယ်ရေး ကြိုတင်ပြင်ဆင်´´

ဒီဇင်ဘာ(၃)ရက် (၁၀ မှ ၁၁)နာရီအချိန်ခန့်တွင် သရက်ခရိုင် မင်းလှမြို့နယ် စိန်တံခွန်ကုမ္ပဏီ ရေနံမ ကျေးရွာ ရေနံမှော်တွင် မီးဘေးကာကွယ်ရေး ကြိုတင်ပြင်ဆင်ရေးအတွက် ရေနံလက်ယက်တွင်းတူးဖော်မှုနှင့် ပတ်သက်၍ မင်းလှမြို့နယ်တာဝန်ရှိသူများနှင့် ယာခင်ရှင်များရှင်များ၊ ကုမ္ပဏီတာဝန်ရှိသူများ ညှိနှိုင်းအစည်း အဝေး ပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါအစည်းအဝေးတွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်သူရ၊ ရေနံမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဦးဖိုးကြာ၊ ရေနံမရဲစခန်းမှူး ရဲအုပ် အောင်နိုင်ဦး၊ စိန်တံခွန်ရေနံတူးဖော်ရေး အဖွဲ့မှ ဦးညီညီအောင် နှင့် ယာခင်းပိုင်ရှင် ဦးကျော်ဝင်းပါ(၆)ဦး စုစုပေါင်း(၁၅)ဦးတက်ရောက်ကြောင်း၊ အစည်းအဝေးဆုံးဖြတ်ချက်အရ ခွင့်ပြုထားသည့် ဧရိယာအတွင်း ရေနံတွင်းတစ်တွင်းနှင့် တစ်တွင်းအကြား ပေငါးဆယ်အကွာထား၍ တူးဖော်ကြရန်၊ ရေနံလုပ်ကွက်အတွင်းရှိ ယာခင်းရှင်များမှ ယာခင်းတစ်ခင်းစီတွင် ရေလောင်းအိမ်သာ(၁၀)လုံးစီဆောက်လုပ်ပေးရန်၊ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ရေနံတွင်းတစ်တွင်းစီ၌ မီးသတ်ဆေးဘူး(၃)ဘူးစီထားရှိရန်၊ ရေနံတွင်းများမှ ထွက်ရှိသောဆီများအား ကုမ္ပဏီကောက်ယူမည်ဖြစ်၍ ရေနံမှော်တွင်းရှိ ရေနံတွင်းတစ်တွင်းလျှင် အနံပေသုံးဆယ်၊ အလျှားပေလေးဆယ် မြေနေရာအား သတ်မှတ် ထားပေးရန်၊ ရေနံမှော်အတွင်းရှိ ရေနံတွင်းတူးအလုပ်သမားများ၏ နေရပ်၊ လိပ်စာအပြည့်အစုံစာရင်းကောက်ယူ ပေးရန်၊ တွင်းတူးဖော်ခွင့် လျှောက်လွှာများအား တင်ပြရန် စသည်တို့ကို တက်ရောက်လာသူ ယာခင်းရှင်(၆)ဦးက သဘောတူကြောင်း သတင်းရရှိသည်။
 

0 comments: