``ချောက်မြို့ (၇၅)နှစ်မြောက် စိန်ရတု(၁၃၀၀)ပြည့်အရေးတော်ပုံအခမ်းအနား ကော်မတီဆုံးဖြတ်ချက်မကြိုက်၍ မကွေးတိုင်းNLD ပါတီ အဖွဲ့မှ သီးခြားခွဲပြီးကျင်းပ၊ အခမ်းအနားနှစ်ခု ဖြစ်´´

ဒီဇင်ဘာ(၁၀)ရက်နေ့ နေ့လည်(၃)နာရီအချိန်တွင် ချောက်မြို့နယ်NLD ပါတီရုံးခန်းတွင် မကွေးတိုင်း ဒေသကြီးNLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးနေမျိုးကျော် နှင့်ချောက်မြို့မှ စိန်ရတု(၁၃၀၀) ပြည့်အရေးတော်ပုံအခမ်းအနား ကော်မရှင်အဖွဲ့ဝင် ဦးရာတင့် တို့မှ ချောက်မြို့ (၇၅)နှစ်မြောက် စိန်ရတု (၁၃၀၀)ပြည့်အရေးတော်ပုံအခမ်းအနား ကော်မတီဆုံးဖြတ်ချက်မကြိုက်၍ မကွေးတိုင်းNLD ပါတီ အဖွဲ့မှ သီးခြား ခွဲပြီးကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မူလအစီအစဉ်အတိုင်း ဒီဇင်ဘာ(၁၁)ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတု(၁၃၀၀)ပြည့် အရေးတော်ပုံအခမ်းအနား ကော်မတီဆုံးဖြတ်ချက်တွင် ၎င်းနေ့ နံနက်အာရုံချိန်၌ ချောက်မြို့ဝေပုံလဆွမ်းလောင်း အသင်းဖြင့် သံဃာတော်များအားဆွမ်းလောင်းမည်၊ နံနက်(၇း၃၀) တွင် ချောက်မြို့ မေဒေးကျောက်တိုင်ရှေ့ရှိ သခင်ဘိုးးလှကြီးရုပ်တုအားဖွင့်လှစ်၍ ကျန်ရှိနေသော သခင်ဘိုးလှကြီးနှင့် ရေနံမြေသပိတ်မှ သခင်မိသားစု များအား ထောက်ပံ့ငွေများနှင့် လက်ဆောင်ပစ္စည်းများကိုဂုဏ်ပြုချီးမြင့်မည်။ နံနက်(၈း၃၀)နာရီအချိန်တွင် အေးစေတီ ကွင်းပြင်၌ (၇၅)နှစ်မြောက် စိန်ရတု(၁၃၀၀)ပြည့် အရေးတော်ပုံအခမ်းအနားကျင်းပမည်၊ ညပိုင်းတွင် စိန်ရတု (၁၃၀၀)ပြည့် အရေးတော်ပုံနှင့် ပတ်သက်သော စာပေဟောပြောပွဲကျင်းပမည်၊ ၎င်းစာပေဟောပြောပွဲမှာ ဆရာဌေးမောင်၊ သာယာဝတီစမ်းစမ်းနွဲ့၊ လူထုဦးသစ်လွင်၊ မင်းကိုနိုင်၊ တို့ကဟောပြောကြမည်စီစဉ်ထားကြောင်း၊ ပါတီပေါင်းစုံ၊ လူပေါင်းစုံ၊ညီညီညွှတ်ညွှတ်နဲ့ဆောင်ရွက်ကြမည်၊ ပါတီများ၏လုပ်ဆောင်ချက်သည် အဖွဲ့၏ဆုံးဖြတ် ချက်အရဆောင်ရွက်ရမည်၊ သို့သော် မိမိတို့ရဲ့ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများကို စွန့်လွှတ်ခဲ့ပါ၊ ဒီ(၁၃၀၀)ပြည့်အရေး တော်ပုံဖြစ်မြောက်ရေးပွဲကိုလုပ်ကြရင် အဲဒါတွေကိုခ၀ါချထားခဲ့ကြပါ၊ချောက်သူ ချောက်သားများအနေနဲ့သာ အဖြူရောင်သက်သက်ဖြင့်လာခဲ့ကြပါဆိုတဲ့ ဒီမူနဲ့လုပ်ဆောင်ကြမည်လို့ (၂၁-၈-၂၀၁၃)နေ့ အစည်းအဝေးဆုံးဖြတ် ချက်နဲ့ စတင်ဆောင်ရွက်ခဲ့ပါတယ်၊ ဟု ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဆရာသိန်းမြင့်ညို(ချောက်) ကပြောသည်။ `` (၇၅)နှစ်မြောက် စိန်ရတု(၁၃၀၀)ပြည့် အရေးတော်ပုံအခမ်းအနားကြီး ဖြစ်မြောက်ရေးကို လက်ရှိ အစိုးရနဲ့ တော်တော်အတိုက်အခံလုပ်ပြီးဆောင်ရွက်ရပါတယ် ၊ ဖြစ်မြောက်ရေးကော်မတီအစည်းအဝေး (၂၆)ကြိမ်ကျင်းပခဲ့ ရပါတယ်။ စာပေဟောပြောပွဲလုပ်ရင် လက်ရှိအစိုးရမှုအရ(၁၀/၁၅)ရက်လောက်ကြိုတင် ရပါတယ်။ အဲဒီအထဲမှာ ဟံသာဝတီ ဦးဝင်းတင် မပါခဲ့ပါဘူး၊ ဒါပေမယ့်ပြီးခဲ့တဲ့ အစည်းအဝေးမှာတော့ ဦးဝင်းတင်ကို နံနက်ပိုင်း သခင်မိသားစုတွေကို ဂုဏ်ပြုလက်ဆောင်ပေးမယ့်အစီအစဉ်မှာထည့်ထားပါတယ်၊ ညစာပေဟော ပြောပွဲအတွက် ကြိုတင်တင်ထားတာ မပါလို့ ဦးဝင်းတင် မပါတာပါ၊ နောက် မင်းကိုနိုင်တို့ ကိုကိုကြီးတို့ကလည်း ဘဘဦးဝင်းတင် မဟောရရင် သူတို့လဲ မလာတော့ဘူးလို့ ဒီနေ့ဘဲ အကြောင်းပြန်လာပါတယ်..။´ဟု ဦးဝင်းနိုင်ဦး (ဖြစ်မြောက်ရေး တွဲဘက်အတွင်းရေးမှူး) က ပြောသည်။ ချောက်မြို့နယ် NLD ပါတီ နှင့် မကွေးတိုင်းဒေသကြီး NLD ပါတီတို့ကလည်း သူတို့၏ အစီအစဉ်မှာ ဒီဇင်ဘာ(၁၁)ရက်နေ့ည စာပေဟောပြောပွဲတွင် နိုင်ငံရေးသဘာရင့် ဘဘဦးဝင်းတင်အား ပါဝင်စေခြင်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု(၁၃၀၀)ပြည့် အရေးတော်ပုံအခမ်းအနား ကော်မတီ ဥက္ကဋ္ဌ ဦးညိုသွေး၏ သဘောတူညီချက်အရ ဦးဝင်းတင် အား ကိုယ်စားလှယ်တစ်ဦးရန်ကုန်သို့စေလွှတ်ပြီး ဖိတ်ကြားထားခဲ့ကြောင်း၊ ဒီဇင်ဘာ(၈)ရက်နေ့မှာ ဦးဝင်းတင် အား စာပေဟောပြောပွဲမှာ ကြိုတင်စီမံချက်တင်ထားစဉ်က မပါခဲ့၍ နံနက်ပိုင်း သခင်မိသားစုဂုဏ်ပြုပွဲ၌သာ ချီးမြင့်ပေးရန် ခွင့်ပြုစီစဉ်ထားကြောင်း၊ ၎င်းအစီအစဉ်အား ပြင်ဆင်ပေးရန် ဒီဇင်ဘာ(၉/၁၀)ရက်နေ့အထိ ဖြစ်မြောက်ရေးကော်မတီနှင့် ကြိုးစားခဲ့သော်လည်း မရခဲ့ကြောင်း၊ ထို့ကြောင့် ဘဘဦးဝင်းတင် ထံအကြောင်းပြန်၍ ပိတ်ခဲ့ရကြောင်း၊ မကွေးတိုင်းNLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် ကပြောသည်။ `` ဒေါက်တာမောင်မောင်ကျော်က အချက်သုံးချက်တောင်းဆိုပါတယ်၊ ဘဘဦးဝင်းတင်ကို နံနက်ပိုင်း ဖွင့်ပွဲမှာ စကားပြောခွင့်ပြုပါ၊ သခင်မိသားစု ဂုဏ်ပြုချီးမြှင့်ပွဲမှာ ဦးဝင်းတင်ကိုထည့်ပေးပါ၊ ညစာပေဟောပွဲမှာ ဦးဝင်းတင်ကိုထည့်ပေးပါ လို့ တောင်းဆိုတယ်။ အဲဒါ ဖြစ်မြောက်ရေးကော်မတီက ဘဘဦးဝင်းတင် ကို သခင်မိသားစု ဂုဏ်ပြုလက်ဆောင်ပေးရန် တစ်ခုတည်းသာ လက်ခံတယ်။ အဲဒီဆုပေးပြီး အခမ်းအနားမှူးက ဘဘဦးဝင်းတင် ကိုအမှတ်တရစကားလေးပြောပေးပါဆို ထည့်ပေးမယ်ပြောပါတယ်။ အဲဒါ ကော်မတီရဲ့ ဆုံးဖြတ်ချက်လားလို့ ပွဲဖြစ်မြောက်ရေးဦးညိုသွေးကို မေးတော့ သူတိတိကျကျမဖြေနိုင်ပါဘူး၊ ကျွန်တော် ပြောချင်တာက ဆရာကြီးဦးဝင်းတင်လို ဒီမိုကရေစီနိုင်ငံရေးခေါင်းဆောင်ကြီးတစ်ယောက်ကို ယခုလိုကြီးကျယ်တဲ့ အခမ်းအနားကြီးမှာ ဒီလောက်ထိကန့် သတ်နေရင် အဲဒီသဘောထားက အစိုးရဆီကလား၊ အာဏာရ ကြံခိုင်ရေးပါတီဆီကလား၊ ကော်မတီဆီကလား၊ ဒါမှမဟုတ်ရင် ပုဂ္ဂိုလ်တစ်ဦးယောက်ဆီကလား ၊ ဥက္ကဋ္ဌ ဦးညိုသွေးဆီကလား၊ ဘယ်ကလာလာပါ၊ ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်မှာ မဖြစ်သင့်တဲ့အရပါ။ ဒါကြောင့် ဖြစ်မြောက်ရေးကော်မတီရဲ့ နှစ်ယောက်သုံးယောက်သဘောနဲ့ ဆုံးဖြတ်ချက်တာကို သဘောမကျပါဘူး၊ ဒါကြောင့် မနက်ဖြန်သူတို့အခမ်းအနားကို ကျွန်တော်တို့ NLDပါတီမတက်ပါဘူး၊ သီးခြားအစီအစဉ်နဲ့ နံနက်(၉း၃၀)မှာ သခင်ဖိုးလှကြီးရုပ်တုဆီကို ချီတက်လေးပြုကြမယ်၊ နေ့(၁၁)နာရီမှာ ချောက်မြို့သီရိရတနာခမ်းမကြီးမှာ (၇၅)နှစ်မြောက် စိန်ရတု(၁၃၀၀)ပြည့် အရေးတော်ပုံအခမ်းအနားကျင်းပကြမှာပါ၊ မကွေးတိုင်းတွင်းရှိ NLD ပါတီဝင် နှစ်ထောင်ကျော်ကိုဖိတ်ကြားထားပါတယ်..။´´ဟု မကွေးတိုင်းဒေသကြီးNLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် က ပြောသည်။
 

0 comments: