``မကွေးမြို့တွင် ပထမ အကြိမ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ကျင်းပ´´

ဒီဇင်ဘာ(၁၀)ရက် နံနက်(၉း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ စိုးကောမင်းရပ် တောင်တွင်းကြီးလမ်း သံဃာရာမ စာသင်ကျောင်းတိုက်၌ မကွေးမြို့၏ ပထမအကြိမ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားကို မြန်မာ့လူမှုရေးဦးဆောင်လှုပ်ရှားသူများအဖွဲ့(မကွေး)နှင့် အစိုးရအဖွဲ့မဟုတ်သော ပြင်ပ ပရဟိတ (လူမှုရေးအဖွဲ့) NGO များ ပူးပေါင်းဆောင်ရွက်ကြ၍ အင်အား(၁၀၀)ခန့်ဖြင့် မကွေးမြို့၏ ပထမအကြိမ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ကျင်းပကြောင်း သိရသည်။ ၁၉၄၈ ခု ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကုလသမ္မဂအထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း ကိုအတည်ပြုချမှတ်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။ လူသားအားလုံး၏ မွေးရာပါ ဂုဏ်သိက္ခာ နှင့် တန်းတူညီမျှမှုရှိပြီး ဖယ်ရှားထုတ်ပယ်၍မရသော အခွင့်အရေးများကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ဤကမ္ဘာပေါ်တွင် လွတ်လပ်မှု တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့အတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူအခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ကအသေးစိတ်ရှင်းလင်းပြောကြားသည်။ အဆိုပါအခမ်အနား ဖြစ်မြောက်ရေးနာယက ဦးလှဆန်းမှ မကွေးမြို့တွင် နှစ်ပေါင်းနှစ်ဆယ် ကမ္ဘာ့ကုလသမ္မဂ၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပေါ်လာခဲ့သော်လည်း မကွေးမြို့တွင် ယခုနှစ် ဒီဇင်ဘာ(၁၀)ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် အခမ်းအနားကျင့်ပခွင့်ရသည် ဖြစ်ကြောင်း၊ လာမယ့်နှစ်များ တွင်လည်း မကွေးမြို့၌ ယခုထက်ကြီးကျယ်ခန်းနားအောင် ဆောင်ရွက်သွားကြဖို့လိုအပ်ပါကြောင်း၊ ထို့ကြောင့် မကွေးမြို့ပေါ်မှာ အသီးသီးရှိကြသော လူမှုရေးအဖွဲ့များမှ ပါဝင်ကူညီပူးပေါင်းဆောင်ရွက်ပေးကြပါ ဟု ဦးလှဆန်း မှ ၎င်းအခမ်းအနားတွင်ပြောကြားကြောင်း သတင်းရရှိသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: