`မကွေးမြို့နယ် မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ ရွာနှစ်ရွာအပြန်အလှန် လေးခွများပစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဓါးခုတ်ခံရ´
ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာအုပ်စု တို့ မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ နှစ်ဘက်အပြန်အလှန် လေးခွများပစ်ပြီး ဓါးခုတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်တွင် ထုံးပေါက်တောကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးနန်းမြင့် နှင့် သဖန်းဆိပ်ကျေးရွာ ဆယ်အိမ်မှူး ဦးကောက်ကြီး(ခ)ဦးစံထွန်း၊ ဦးအောင်သန်းဇော်၊ ဦးအောင်နိုင်ဝင်းနှင့်အတူ သဖန်းဆိပ်ရွာသားများသည် မြို့နယ်မြေယာစီမံခန့်ခွဲရေးမှ လုပ်ကိုင်ခွင့်ပေးထားသော သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာကြားရှိ မြေနုကျွန်းခွဲဝေမှုအား တစ်ဦးချင်းအလိုက် မြေနုကျွန်များ အကွက်ချခွဲဝေပေးနေကြောင်း၊ ထိုစဉ် ကမ်းရင်ရွာသား ကိုမှတ်ကြီး နှင့် ကိုချက်ကြီး ပါ ခုနှစ်ဦးအုပ်စုတို့သည် ဒုတ် ဓါး ရဲဒင်းများကို ကိုင်ဆောင်ရောက်ရှိလာကြောင်း၊ သဖန်းဆိပ်ရွာဘက်က ထုံပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်းမြင့် က ကိုမှတ်ကြီးအား လုပ်ခွင့် ရရှိသည့် နေရာတွင်လုပ်ကြရန် ပြောနေစဉ် ကိုမှတ်ကြီးက အသင့်ပါလာ သော ရဲဒင်းဖြင့် ဦးနန်းမြင့်အား ချိန်ရွယ်၍ ဦးနန်းမြင့်နှင့်အဖွဲ့သည် သဖန်းဆိပ်ရွာသားများရှိသော နေရာသို့ ထွက်ခွာသွားခဲ့ကြောင်း၊ ပြဿနာမဖြစ်ကြ ရန်ပြောဆိုကြောင်း၊ ဦးနန်းမြင့်သည် မြေနုကျွန်းပေါ်တွင် အနောက်မှ အရှေ့သို့ပြန်လာစဉ် ကမ်းရင်ရွာသားများဖြစ်ကြသော ကိုမှတ်ကြီးနှင့် ကိုချက်ကြီးတို့မှ နောက်ကလိုက်၍ ကိုမှတ်ကြီးက ရဲဒင်းနှင့်ခုတ်ကြောင်း၊ ကိုချက်ကြီးက ဓားဖြင့်ခုတ်ရာ ဦးနန်းမြင့် တွင် ဦးခေါင်းအလယ်၌ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ၀ဲဘက်ပါး၌ ပြတ်ရှဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိကြောင်း၊ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ(၁၃)ရက် နေ့ ညနေ(၅)နာရီအချိန်ခန့်တွင် ကမ်းရင်ကျေးရွာမှ ကိုမှတ်ကြီးပါ (၇)ဦးတို့ကို မကွေးမြို့မရဲစခန်း(ပ)၂၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၃၄/၁၁၄ ဖြင့် အရေးယူထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးမြို့နယ် ကမ်းရင်ကျေးရွာအုပ်စုရွာသားဦးမြမောင်း ကို မေးမြန်းရာ.. ` ဒီဇင်ဘာ(၁၃) ရက်နေ့ က သဖန်းဆိပ်ကျေးရွာသား(၁၅၀)လောက်က စက်လှေတစ်စင်းနဲ့ ထုံးပေါက်တော ကျေးရွာအုပ်ချုပ်ရေးမှူး ကိုနန်းမြင့်ဦးဆောင်ပြီး ကမ်းရင်ကျေးရွာ မြေနုကျွန်းပေါ်ကို ရောက်လာကြပါတယ်၊ မကွေးတိုင်းဒေသကြီးမှ ဆုံးဖြတ်ချက်အရ ဒီအငြင်းပွားနေတဲ့ မြေနုကျွန်းကို ခွဲယူဖို့လာကြတယ်ပြောပါတယ်၊ သူတို့ဆီကို အထက်တိုင်းကချပေးတဲ့စာကို တောင်းကြတယ်သိရပါတယ်၊ မြေနုကျွန်းချပေးတဲ့ စာမပြရာကနေ သူတို့ သဖန်းဆိပ်ရွာဖက်ကစပြီး လေးခွနဲ့ပစ်လို့ ကိုမှတ်ကြီးကို လေးခွခဲမှန်ပါတယ်၊ နောက် ကိုချက်ကြီးရဲ့ညီမ မအေးသီတာကနေကြာပက်ကျဲနေတာကို ကိုနန်းမြင့်က အေးသီတာရဲ့လက်ကိုဆွဲပြီးဖယ်ရမ်းလိုက်လို့ လဲကျသွား တော့ သူ့အကိုချက်ကြီးက ထယ်ထိုးနေရာမှ ပြေးလာပြီး ဓားနဲ့ဝင်ခုတ်တာပါ။ အဲဒီအချိန်မှာ သဖန်းဆိပ်ရွာ ဘက်က လေးခွတွေနဲ့ ထပ်ပြီးပစ်ပါတယ်၊ အဲဒီတော့ နှစ်ဘက် ကျေးရွာအုပ်စု အပြန်အလှန် လေးခွတွေနဲ့ ပစ်ခတ်ကြပါတယ်..။´´ ဟု ဦးမြမောင်းက ပြောသည်။
Artikel `မကွေးမြို့နယ် မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ ရွာနှစ်ရွာအပြန်အလှန် လေးခွများပစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဓါးခုတ်ခံရ´ ini dipublish oleh shwelannwelanwinkyi pada hari Friday, December 13, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မကွေးမြို့နယ် မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ ရွာနှစ်ရွာအပြန်အလှန် လေးခွများပစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဓါးခုတ်ခံရ´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment