`မကွေးတိုင်းဒေသကြီး NLD ပါတီ၏ (၇၅)နှစ်မြောက် စိန်ရတု(၁၃၀၀)ပြည့်အရေးတော်ပုံ ချောက်မြို့တွင် သီးခြားချီတက်ပြီး အခမ်းအနားကျင်းပ ´

ဒီဇင်ဘာ(၁၁)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် ချောက်မြို့ရဟန်းပျိုအဖွဲ့မှ သံဃာတော် များအပါး(၄၀) ကျော်ခန့်မှ ရှေ့ဆုံးကကြွချီတော်မှုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ မကွေးတိုင်းNLD ပါတီအလုပ် အမှုဆောင် အဖွဲ့နှင့် ချောက်မြို့နယ်NLDပါတီတို့ဦးဆောင်၍ (၂၅)မြို့နယ်NLDပါတီဝင်များ စုစုပေါင်း အင်အား (၄၀၀၀)ခန့်သည် သခင်ဘိုးလှကြီးရုပ်တုနှင့် မေဒေးအလုပ်သမားကျောက်တိုင်သို့ ချီတက်၍ အလေးပြုကြ သည်။ထို့နောက် နံနက်(၁၀း၃၀) နာရီခွဲအချိန်တွင် ချောက်မြို့ မြို့မဈေးကြီးအရှေ့ဘက် သီရိရတနာခမ်းမတွင် မကွေးတိုင်းဒေသကြီး NLD ပါတီ၏ (၇၅)နှစ်မြောက် စိန်ရတု(၁၃၀၀)ပြည့် အရေးတော်ပုံ အခမ်းအနားကျင်း ပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် မကွေးမြို့နယ်NLDပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း မှ နာယက ပြုလုပ်ကြောင်း၊ ယနေ့အခမ်းအနားသည် ယခင်ကစီမံအချက်အတိုင်း မကွေးတိုင်းဒေသကြီး NLD ပါတီ၏ (၇၅)နှစ် မြောက် စိန်ရတု(၁၃၀၀)ပြည့် အရေးတော်ပုံ အခမ်းအနားကျင်း ပကြောင်း၊ နံနက်(၈း၃၀)နာရီအချန်က အေးစေတီကွင်းပြင်တွင် ကျင်းပသော စိန်ရတုဖြစ်မြောက်ရေးကော်မတီ၏ (၇၅)နှစ်မြောက် (၁၃၀၀)ပြည့် အရေးတော်ပုံ အခမ်းအနားကျင်းအနားသို့ မူလက ၀ိုင်းဝန်းပူးပေါင်း တက်ရောက်ပြုလုပ်ရန် ကြိုတင်စီစဉ်ထားခဲ့ပါကြောင်း၊ ဒီဇင်ဘာ(၈)ရက်နေ့မှ စတင်၍ စိန်ရတုဖြစ်မြောက်ရေးကော်မတီ၏ ဆုံးဖြတ်များကို မကြိုက်၍ ၎င်းအခမ်းအနားသို့ပူးပေါင်းတက်ရောက်ခြင်းမပြုဘဲ သခင်ဘိုးလှကြီးရုပ်တုနှင့် မေဒေးအလုပ်သမား ကျောက်တိုင်သို့ NLDပါတီဝင်(၄၀၀၀)ကျော်ဖြင့် သီးခြားချီတက် အလေးပြုခဲ့ရခြင်းဖြစ်ကြောင်း၊ စိန်ရတု (၁၃၀၀)ပြည့် အရေးတော်ပုံ အခမ်းအနား(၂)ခု(၂)ဖွဲ့ကွဲသွားပါကြောင်း၊ မကွေးမြို့နယ်NLDပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း က အဖွင့်အမှာ စကားပြောကြားသည်။ (၁၃၀၀)ပြည့် အရေးတော်ပုံ အခမ်းအနား ပါတီပေါင်းစုံမှ ဖြစ်မြောက်ရေးကော်မတီ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့်ကော်မတီဆုံးဖြတ်ချက်များမှ အဓိက မကြိုက်သော အချက်များမှာ (၁) ယနေ့နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးတွင် ဦးဆောင်ပါဝင်နေသော ၀ါရင့်ဆရာကြီး ဦးဝင်းတင်အား ၎င်း အခမ်းအနားတွင် ဟောပြောခွင့်မပြုခြင်း၊ (၂) ၎င်းအခမ်းအနားသို့ NLDပါတီနှင့် ပါတီတစ်ဖွဲ့ချင်းစီမှ ပါတီဝင်အင်အား(၅၀)ဦးသာ တက်ခွင့်ပြုခြင်း၊ (၃) ဒေါ်အောင်ဆန်းစုကြည်၏ သ၀င်လွှာအား ၎င်းအခမ်းအနားတွင် ဖတ်ကြားခွင့်ပယ်ချထားခြင်း တို့ကြောင့်ဟု NLDပါတီမှ ကျင်းပသော အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်သ၀ဏ်လွှာဖတ်ကြားသူ ဦးသန်းနိုင်၊ ဒါရိုက်တာ ကြည်ဖြူရှင်၊ မစုစုနွေး၊ ဒေါ်အိရွှေစင်ညွှန့် (အမျိးသားဒီမိုကရေးစီပါတီ(ဗဟို) အလုပ်သမားရေးရာ အကြံပေး)တို့၏ ပြောကြာအရ သိရသည်။ ဒါရိုက်တာ ကြည်ဖြူရှင် မှ ``မြန်မာတစ်ပြည်လုံးက မျော်လင့်ဂုဏ်ယူစွာ ကျင်းပတဲ့ (၇၅)နှစ် မြောက် စိန်ရတု(၁၃၀၀)ပြည့် အရေးတော်ပုံ အခမ်းအနားကြီးကို နိုင်ငံရေးသဘောတရားချင်းမတိုက်ဆိုင်လို့ ချောက်မြို့စိန်ရတုကျင်းပရေးမှ ကြီးမှုးကျင်းပတဲ့ အခမ်းအနားကို ကျမမတက်ခဲ့ပါဘူး၊ ဒီဘက်က NLD ပါတီ၏ (၇၅)နှစ် မြောက် စိန်ရတု(၁၃၀၀)ပြည့် အရေးတော်ပုံ အခမ်းအနားကြီးကို လူထုအင်အားများစွာနဲ့ စည်းကားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ခဲ့တဲ့အကြောင်းတွေကို ကျမရန်ကုန်ပြန်ရောက်ရင် စာနယ်ဇင်းရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းပြောကြားပါမယ့်..။´´ ဟု ဒါရိုက်တာ ကြည်ဖြူရှင် က ပြောကြားသည်။ ``ကျမ ကတော့ NLD ပါတီ(ဗဟို) အလုပ်သမားရေးရာအကြံပေး မအိရွှေစင်ညွှန့်ပါ။ ကျမနဲ့ ဒေါ်ကြည်ဖြူရှင် ရန်ကုန်ကနေချောက်ကိုရောက်လာပါတယ်။ နံနက်မိုးမလင်းသေးလို့ ချောက်မြို့က သူ့အမျိုးတွေအိမ်ရောက်တုန်း ဒေါ်ကြည်ဖြူရှင်ထံကိုဖုန်းဝင်လာပါတယ်။ ကိုမင်းကိုနိုင်က ဆက်တာပါ၊ ``ချောက်မြို့(၇၅)နှစ် မြောက် စိန်ရတု (၁၃၀၀)ပြည့် အရေးတော်ပုံအခမ်းအနားကြီးမှာ ဘဘဦးဝင်းတင်ရဲ့အခန်းကဏ္ဍမပါဘူးလို့သိရတယ်၊ အဲဒါ ကြောင့် ကျွန်တော်လည်း မလာတော့ဘူးလို့ ကိုမင်းကိုနိုင်ကပြောပါတယ်။ ဒါပေမယ့် ဒေါ်ကြည်ဖြူရှင်က အကိုကျမ ဖြစ်မြောက်ရေးကော်မတီ(ချောက်)ကို မေးလိုက်ပါဦးမယ်လို့ ပြန်ပြီးဖြေလိုက်ပါတယ်။ ဒါကြောင့် ကျမက ချောက်မြို့ ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူနှစ်ဦးကိုမေးပါတယ်။ ယခု (၁၃၀၀)ပြည့် အရေးတော်ပုံ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ(ရန်ကုန်) ရဲ့ ဗဟိုကော်မတီဝင် တစ်ယောက်အနေနဲ့ ဖိတ်ကြားလို့ ကျမလာတာပါ၊ ကျမ ချောက်ကို ရောက်တာနဲ့ ဖြစ်မြောက်ရေးကော်မတီ(ချောက်) ရဲ့သဘောထားဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအမြင် မကြည်လင်ဘူးဆိုတာကိုသိလိုက်ရပါတယ်။ ကျမတို့ကို နိုင်ငံရေးပရောဂတွေပါတယ် လို့သူတို့ကပြောကျပါတယ်။ ဒီကိစ္စတွေကို (ချောက်)ကော်မတီအားလုံးက ဆုံးဖြတ်တာမဟုတ်ပါဘူး၊ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးဆိုသူ နှစ်ဦးကသာ ပြုလုပ်နေတာပါ၊ ဘာကြောင့်လည်းဆိုတော့ ကျမက ဖြစ်မြောက်ရေး ကော်မတီဝင်အားလုံးနဲ့တွေ့မယ်ဆိုတော့လည်း တွေ့ခွင့်မပေးပါဘူး၊ ဒါပေမယ့် သူတို့က ဘဘဦးဝင်းတင်ကို သခင်မကြီးတွေကို ဆုပေးတဲ့အစီအစဉ်မှာသာ ထည့်ပေးပြီး လျှပ်တစ်ပြက်အစီအစဉ်နဲ့ စကားပြောပါလိုပဲ ပြောပါတယ်။ ည စာပေဟောပြောပွဲအစီအစဉ်မှာ ဘဘဦးဝင်းတင်ကို ပြောဖို့ မပေးပါဘူး၊ ကျမအင်မတန် ရင်နှစ်ခဲ့ရပါတယ်။ (အမျိုးသားဒီမိုကရေစီမှာရှိတဲ့ ဦးဝင်းတင်ရဲ့ နိုင်ငံရေးသမိုင်းကိုမှေးမှိန်အောင်လို့ ဦးဝင်းတင် ရဲ့အခန်းကဏ္ဍကိုမထည့်တာပါ) ဘဘဦးဝင်းတင်ကိုထည့်လို့ ဘယ်ပြည်သူကမှ လက်မခံဘူးဆိုတာ မရှိလောက်ပါဘူး လို့ ကျမယုံကြည်ပါတယ်၊ ဒီကိစ္စကို ချောက်ဖြစ်မြောက်ရေးကော်မတီက ကျမတို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း ကိုပြောတဲ့စကားကျတော့(ဘဘဦးဝင်းတင် နေမကောင်းလို့ မလာနိုင်ပါဘူး) လို့ လိမ်ညာပြောပါတယ်။ ဒီစကားကို ပြောရတာ ချောက်မြိုလူထုနဲ့ တစ်ပြည်လုံးရှိ လူထုအားလုံးသိအောင်ပြောရတာပါ..။´´ဟု ဒေါ်အိရွှေစင်ညွှန့် က၎င်းအခမ်းအနားမှာ ပြောကြား၍ သတင်းရရှိသည်။
 

0 comments: