``မကွေးမြို့တွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ရုံးစိုက်ထူလိုက်ပြီ´´

ဒီဇင်ဘာ(၁)ရက်နေ့ ညနေ(၆ မှ ၈)နာရီအချိန်တွင် မကွေးမြို့ ရွာသစ်ရပ်ကွက် ၁၅ လမ်း အမှတ်(၁၄၈)၌ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ရုံးစိုက်ထူ၍စတင်ဖွင့်လှစ်ကြောင်း သတင်း ရရှိသည်။ အဆိုပါ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ရုံးကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ရန်ကုန်) ဗဟို၏ ခွင့်ပြုချက်ဖြင့် ချိတ်ဆက်ဖွင့်လှစ်သွားခြင်းဖြစ်ကြောင်း၊ မကွေးမြို့ရှိ အဖွဲ့သုံးဖွဲ့ဖြစ်သော ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး(မကွေး)အဖွဲ့၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး ကျောင်းသားများ အဖွဲ့ နှင့် ABSDF ကျောင်းသားများအဖွဲ့ တို့အား ယနေ့ပေါင်းစည်းလိုခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာ(၁)ရက်နေ့မှ စတင်၍ တနင်္လာနေ့မှ စနေနေ့အထိ တစ်ပါလျှင်(၆)ရက်ကို ရုံးဖွင့်မည်ဖြစ်ပြီး တနင်္ဂနွေနေ့ တစ်ရက်သာ ရုံးပိတ်မည်၊ အင်္ဂလိပ်လ(၁)ရက်(၁၆)ရက် တလျှင်(၂)ရက်ကို အဖွဲ့၏ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်ကြ မည်ဟု သိရသည်။ ၎င်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)ရုံးအဖွဲ့တွင် (ယာယီ) ဦးစီး ကော်မတီသုံးဦးကို ရွေးချယ်ထားပြီး စုစုပေါင်းအစည်းအဝေးတက်ရောက်သူအင်အား(၃၀)ဦးခန့်ရှိသည်။ နာယက ဦးလှဆန်း၊ အဖွဲ့ဝင် ဦးမောင်မောင်စိုး နှင့် ဦးထွန်းခိုင်ဦး တို့ဖြစ်ကြောင်း၊ ဆက်သွယ်လိုသူများ ဖုန်း(၀၆၃-၂၈၁၀၅)ဖြစ်ကြောင်းသိရသည်။ ရုံးစတင်ဖွင့်လှစ်သော ဒီဇင်ဘာလအတွင်း ချောက်မြို့တွင် ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုသဘင် (၁၃၀၀)ပြည့်အရေးတော်ပုံအခမ်းအနား သို့တက်ရောက်ကြမည်၊ ဒီဇင်ဘာ(၁၁)ရက်နေ့တွင် စိန်ရတုသဘင် (၁၃၀၀)ပြည့်အရေးတော်ပုံအခမ်းအနားမှ သခင်ဖိုးလှကြီး၏ သမိုင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူး ရေးသည် ဒီဇင်ဘာ(၁၄/၁၅)နေ့များမှာ မကွေးသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ မကွေးမြို့တွင် (၁၃၀၀)ပြည့်အရေး တော်ပုံအခမ်းအနားမှ သမိုင်းဝင်ဓာတ်ပုံများပြခန်း ဖွင့်လှစ်ခြင်း၊ သခင်ဖိုးလှကြီး၏ အလုပ်သမားသပိတ်တပ်ကြီး မကွေးမြို့သို့ရောက်လာစဉ်က အောင်မြေဖြစ်သော မဲထီးလမ်းရှိ မင်းကျောင်းနှင့် အောင်ဓမ္မာရုံသို့ချီတက်သော သမိုင်းဝင်ရုပ်ရှင်မှတ်တမ်းကို ဆက်လက်ရိုက်ကူးမည် ဖြစ်ကြောင်း၊ ၎င်း (၁၃၀၀)ပြည့်အရေးတော်ပုံအခမ်းအနားမှ သခင်ဖိုးလှကြီး၏ သမိုင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူး ရေး ကို ဒါရိုက်တာ ကြည်ဖြူသျှင် က ဦးဆောင်၍ မှတ်တမ်းတင်ကြောင်း သတင်းရရှိသည်။
 

0 comments: