`` (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ နှင့်အားကစားနှင့် ကာယပညာဦးစီးဌာန ၀န်ထမ်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲကျင်းပ´´

ဒီဇင်ဘာ(၂၄)ရက်၊ နေ့(၁၂)နာရီမှ နေ့လည်(၂)နာရီခန့်အချိန်ထိ မကွေးမြို့ ပြည်တော်သာရပ်ကွက် အထက(၁)လမ်း၊ မြို့တော်ခန်းမတွင် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်း ဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၀န်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား(၅၀၀)ဦးခန့်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲကျင်းပကြောင်းသတင်းရရှိ သည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊တိုင်းဒေသကြီးရဲမှူးကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး၊ ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ စက်သုံးဆီရောင်းဝယ်ရေးလုပ် ငန်း ဥက္ကဋ္ဌနှင့်အဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ကောင်းမွန်ကုမ္ပဏီ၊ တို့မှ တက်ရောက်ကြ၍ စုစုပေါင်းဆုငွေများ(၁၈၇)သိန့်ခန့်အား အဖွဲ့အစည်း အသီးအသီးတို့က ချီးမြှင့်ကြကြောင်း သိရသည်။ (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်း ဒေသကြီးကိုယ်စားပြု အားကစား သမားများ(၃၈)ဦးသည် အားကစားပြိုင်ပွဲ(၁၅)မျိုးထဲက ရွှေတံဆိပ်ဆုရှင်(၅)ဦး၊ ငွေတံဆိပ်ဆုရှင်(၂)ဦး နှင့်ကြေးတံဆိပ်ဆုရှင်(၇)ဦး ဆွတ်ခူးရခဲ့ကြောင်း သိရသည်။ ရွှေတံဆိပ်ဆုရှင်များမှာ မောင်အောင်ခိုင်ဝင်း(ငဖဲမြို့) မှ ကာယဗလ ၆၀-ကီလိုတန်း၊ မောင်တူးတူး (မကွေးမြို့)မှ ရိုးရာလက်ဝှေ့ မွေ ၆၇-ကီလိုတန်း၊ မတင်တင်လင်း(မကွေးမြို့)မှ ရိုးရာခြင်းအခြေခံပြိုင်ပွဲအဖွဲ့လိုက်၊ မတင်တင်လင်း(မကွေးမြို့)မှ ရိုးရာခြင်းအခြေခံမျိုးကွဲအဖွဲ့လိုက်၊ မစိုးမိုးခိုင်(ကံမမြို့)မှ စစ်တုရင်အာဆီယံ အမြန်ရွေ့၊တို့ဖြစ်သည်။ ငွေတံဆိပ်ဆုရှင်များမှာ မောင်ထွန်းမင်း(ဂန့်ဂေါမြို့)မှ ကာယဗလ ၅၅-ကီလိုတန်းနှင့်မလဲ့လဲ့ဝင်း (တောင်တွင်းကြီးမြို့)မှ အလေးမ ၆၉-ကီလိုတန်း တို့ဖြစ်သည်။ ကြေးတံဆိပ်ဆုရှင်များကို အမျိုးသမီး ခုနှစ်ဦးကဆွတ်ခူးကြောင်း မလှလှစံ(ငဖဲမြို့)မှ မြှားပြစ် ကွန်ပေါင်းအသင်းလိုက်၊ မဆွေလီမြင့်(မြို့သစ်မြို့)မှ ပြေးခုန်ပစ်မီတာ-၈၀၀၊ မဆွေလီမြင့်(မြို့သစ်မြို့)မှ ပြေးခုန်ပစ် ၄X၄၀၀ လက်ဆင့်ကမ်း၊ မစုကြည်အောင်(ချောက်မြို့)မှ ပြေးခုန်ပစ် ၄X၄၀၀ လက်ဆင့်ကမ်း၊ မရီရီဦး (မင်းဘူးမြို့)မှ ဘောလုံးအသင်းလိုက်၊ မထက်ထက်ဦး(မကွေးမြို့) ကမ်ပို ၈ဦးအသင်းလိုက် အကပြိုင်ပွဲ၊ မသဲသဲချို (သရက်မြို့) တော်ကီအသင်းလိုက်ပြိုင်ပွဲ တို့ရရှိကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေ(၁၂၆.၉၈၇၅၀)ကျပ်၊ တစ်ရာနှစ်ဆယ့်ခြောက်သိန်း ကိုး သောင်းရှစ်ထောင်ခုနှစ်ရာငါးဆယ်ကျပ်၊ မကွေးတိုင်းဒေသကြီးစက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်းမှ(၁၃) သိန်း၊ ကောင်းမွန်ကုမ္ပဏီပိုင်ရှင် ဦးစိန်ဌေး မှ (၁၁)သိန်း၊ ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များမှ (၁၀)သိန်း၊နေနတ်သားကုမ္ပဏီမှ(၁၁)သိန်း၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှငါးသိန်းကျပ်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ငါးသိန်းကျပ်၊ ဦးကျော်မိုးလွင် စက်သုံးဆီဆိုင်မှ နှစ်သိန်းငါးသောင်းနှင့် မြေလတ်သားကုမ္ပဏီမှ နှစ်သိန်းငါးသောင်းကျပ် အသီးသီးလှူဒါန်းကြသော(၁၈၇)သိန်းခန့်ကို အားကစားသမား များနှင့်လုပ်အားပေးအဖွဲ့(၄၂၀)ဦးတို့အား ရွှေ ငွေ ကြေးဆုရှင်များ၊ရိုးရိုးအားကစားအဖွဲ့ နှင့်လုပ်အားပေးအဖွဲ့များ ဟု အဆင့်ခွဲခြားပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးကြောင်း လုပ်အားပေးအဖွဲ့ ဆရာမတစ်ဦးကပြော၍ သတင်း ရရှိသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel `` (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ နှင့်အားကစားနှင့် ကာယပညာဦးစီးဌာန ၀န်ထမ်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲကျင်းပ´´ ini dipublish oleh shwelannwelanwinkyi pada hari Wednesday, December 25, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `` (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ နှင့်အားကစားနှင့် ကာယပညာဦးစီးဌာန ၀န်ထမ်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲကျင်းပ´´
 

0 comments: