``မကွေးမြို့တွင် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သော အမျိုးသီးများကွန်ယက်မှ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ´´

ပြီးခဲ့သော ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆)နာရီအချိန်ခန့် မကွေးမြို့ ရန်နိုင်ရပ်ကွက် မြို့ပါတ်လမ်း City Star ခန်းမတွင် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သော အမျိုးသီးများကွန်ယက်မှ ကမ္ဘာ့ခုခံအားကျဆင်းမှုနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် Alliance နှင့် မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးများမှ ပူးပေါင်းကျင်းပ၍ HIV ပိုးဖြင့် အသက်ရှင်နေထိုင်သော အမျိုးသီးများကွန်ယက်မှ ရန်ကုန်ရုံးချုပ်နှင့် မကွေးမြို့နယ်မြေခံ HIV ပိုးဖြင့် အသက်ရှင်နေထိုင်သော အမျိုးသီးများ က ဦးဆောင်ကျင်းပကြောင်းသိရသည်။ မကွေးမြို့မှ လူမှုအဖွဲ့အစည်း(NGO)များနှင့် နိုင်ငံရေးပါတီအဖွဲ့များ၊ ကျောင်းသူ ကျောင်းသား နှင့်ဆရာမများ စုစုပေါင်းအင်အား(၁၇၀)ကျော်ခန့်တက်ရောက်ကြောင်း၊ ထိုအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဒေါ်မိုးမိုးစိမ်း အဖွင့်အမှာစကားပြောကြား၍ဖွင့်လှစ်ကြောင်း၊ ထို့နောက် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သော အမျိုးသီးများအဖွဲ့၏ နောက်ခံသမိုင်းအကျဉ်း ကို ၎င်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းရှဲဝါး ကပြောကြားကြောင်း၊ အမျိုးသမီးများနှင့်လိင်မှတဆင့်ကူးစက်တတ်တောရောဂါအကြောင်းများကို ဒေါက်တာ ဖြိုးဝေမင်း(MSI) ကပြောကြောင်း၊ HIV ပိုးဖြင့် အသက်ရှင်နေထိုင်သော မကွေးမြို့ဒေသခံ ဒေါ်မြသီတာလှိုင် က သူမ၏ဘ၀ခံစားချက်ကို ရင်ဖွင့်ပြောကြားသည်။ `` ကျမ ဒီရောဂါနဲ့ အသက်ရှင်နေတာ ဆယ်နှစ်ကျော်လာပါပြီ၊ ကျမယောက်ကျားကတော့ အရင်ဆုံးကွယ်လွန်သွားခဲ့ပါပြီ..။ ကျမဒီရောဂါ ရှိနေတယ်လို့ သိလိုက်ရတဲ့အချိန်မှာ မကွေးတိုင်းဒေသကြီး ကူးစက် ရောဂါတိုက်ဖျက်ရေးဌာနမှ ဆရာဝန်ကြီးသုံးဆက်နဲ့ မျက်ရည်ချောင်းစီးကျပြီး ဆေးကုသလာခဲ့ရပါတယ်။ ကျမတို့ဘ၀တွေက မုဆိုးမတွေနဲ့ ကလေးတွေကျန်ခဲ့ရသူတွေက များပါတယ်။ ဆေးကုသရေးနဲ့ စားဝတ်နေရေး တွေက အင်မတန်ကို ခက်ခဲကြပ်တည်းစွာနဲ့ ဘ၀ကိုရုံးကန်နေကြရပါတယ်။ ကျမတို့ဘ၀တွေ အတွက် ယခုလို HIV ပိုးဖြင့် အသက်ရှင်နေထိုင်သော အမျိုးသီးများကွန်ယက်အဖွဲ့တွေပေါ်ပေါက်လာတာ ကျမတို့အတွက် ကယ်တင်ရှင်တွေ အားကိုးစရာတွေပါ။ ပထမ ကယ်တင်ရှင်တွေကတော့ ကာလသားရောဂါတိုက်ဖျက်ရေးဌာနပါ၊ ယခုလို အခမ်းအနားကြီးတွေနဲ့ ကျမတို့ဘ၀တွေကို (ခွဲခြား နှိမ့်ချ ကင်းစင်ဝေး၊ ကူးစက်သေဆုံးမှုမရှိရေး၊ ART (အေအာတီ)ဆေးဖြင့်ကုသပေး) လို့ ယခုလိုအသက်ရှင်နေထိုင်နိုင်ကြပါတယ်၊ ဒါပေမယ် ဆေးက အခမဲ့ရသော် လည်း နယ်ဝေးမှာနေထိုင်ကြတဲ့ ကလေးရှိမိခင်အမျိုးသမီးများဘ၀ ဆေးယူရန်လာစရာ လမ်းစရိတ်ချို့တဲ့နေကြ ပါတယ်၊ နောက် ပိုပြီးဆိုးနေတာက မိခင်ရော ဖခင်ပါ ဒီရောဂါနဲ့ ဆုံးပါးသွားပြီး ကျန်နေတဲ့ မိဘမဲ့ကလေးအတွက် အကူအညီတွေအများကြီးလိုအပ်နေကြပါတယ်။ သူတို့က ကလေးတွေဆိုတော့ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အို ဆွေမျိုးတွေရဲ့ လက်ထဲမှာကျန်ခဲ့ရတော့ အေအာတီဆေး ကိုသွားရောက်ယူဖို့နဲ့ ဆေးကို အချိန်မှန်မှန်တိုက်ကြွေး စောင့်ရှောက်ပေးကြဖို့အရေး ဒုက္ခတွေနဲ့ ပင်လယ်ဝေနေကြပါတယ်..၊ အဲဒါကို မိဘပြည်သူများနဲ့ လူမှုရေး အဖွဲ့များက ၀ိုင်းဝန်းကူညီပေးကြပါရှင်..။´´ ဟု ဒေါ်မြသီတာ က မျက်ရည်စက်လက်ဖြင့် ရင်ဖွင့်ပြောကြား သည်။ အဆိုပါအခမ်းအနားများကို အခမဲ့ဖြင့် ကျင်းပရာမြို့တိုင်းသို့ အားပေးကူညီပေးနေကြသော အဆိုတော်ခိုင် ထူး၊ စောဖိုးခွါး၊ ကိုပြည်မိုး၊ ကိုကျော်လင်း၊ အက်စတာ၊ ဖြိုးပြည့်စုံ၊ ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင်များ ထူးခန့်ကျော်၊ သက်နန်းထက်စံ ၊ ဒါရိုက်တာ လှိုင်၏ သတိတစ်ချက် ဘ၀တစ်သက်ပြဇာတ်(ရန်ကုန်လူငယ်အဖွဲ့) နှင့် မကွေးမြို့မှ မျက်ရှုရတနာမူကြို ရင်သွေးငယ်များ၏ တေးသရုပ်ဖော်၊ မခြူးလ်ာရှိန်နှင့် မူကြိုကျောင်းသားလေးများ၏ တေးသရုပ်ဖော်အကတို့ဖြင့် အားကူညီဖြေဖျော်ပေးကြကြောင်း သတင်းရရှိသည်။
 

0 comments: