``ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲ မကွေးမြို့၌ လူထုအခြေပြုအဖွဲ့ပေါင်း(၂၀)ဖြင့်ကျင်းပကြောင်း သိရ´´ (မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့တံခါးဖွင့်ပြီ..)

ဒီဇင်ဘာ(၇)ရက်နေ့ နံနက်(၉း၃၀)နာရီမှ ညနေ(၄း၃၀)နာရီအချိန်ခန့်ထိ မကွေးမြို့ စိုးကောမင်းရပ်ကွက် ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲသည် CSO (Civil Society Organization) လူထုလူတန်းစားအဖွဲ့အစည်းအသီးသီး တွင် ပါဝင်သောအဖွဲ့ပေါင်း(၂၀)နှင့်အတူ မကွေးမြို့နယ် NLDပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန ၀န်ကြီး ဦးအောင်နိုင်၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမောင် စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ကြောင်းသိရှိသည်။ အခမ်းအနားပထမပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာန ၀န်ကြီး ဦးအောင်နိုင်မှ အမှာစကားပြောကြားကြောင်း၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးနေထက်ရှိန်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို မကွေးတိုင်းဒေသကြီးအတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအားဆွေးနွေးကြောင်း၊ လောကအလင်းတာဝန်ခံ ဦးရဲထွဋ်မှ လူထု အခြေပြုဖွံ့ဖြိုးရေး သဘောတရားများအကြောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသော အချက်များအား အပြန်အလှန်ဆွေးနွေးကြကြောင်းသိရှိသည်။ ထို့နောက် ဒုတိယပိုင်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့် မှ ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်များနှင့် ပြည်ထောင်စုလွှတ်တော်ဘတ်ဂျက်ရံပုံငွေမှ လွှတ်တော်ကိုယ်စားလှယ်များ တစ်မြို့နယ် တွင် ငွေကျပ်သိန်းတစ်ထောင် သုံးစွဲရေးဆိုင်ရာကိစ္စရပ်များ အဆင့်ဆင့်ကိုရှင်းလင်းပြီး ယခုတက်ရောက် လာကြသော လူမှုရေးအဖွဲ့အစည်းများမှလည်း ပါဝင်ပူးပေါင်းကူညီဆောင်ရွက်သင့်ကြောင်းပြောကြားသည်။ တက်ရောက်လာသော လူမှုရေးအဖွဲ့အစည်းများက မရှင်းလင်းသောအချက်များကို ပြန်လည်မေးမြန်း ဆွေးနွေး ကြသည်။ ဆက်လက်၍ လောကအလင်းတာဝန်ခံ ဦးရဲထွဋ်မှ တစ်နေ့တာ၏ ဆွေးနွေးချက်များအား ပြန်လည်သုံးသပ်ရှင်းလင်းပြီး တက်ရောက်လာကြသော လူမှုရေးအဖွဲ့အစည်းများမှ အကြံပြုချက်များကို ပြန်လည်ဆွေးနွေး မှတ်တမ်းတင်ကြောင်း သိရှိရသည်။ ၎င်းဆွေးနွေးပွဲကြီး ဖြစ်မြောက်အောင်စီစဉ်ပေးသော လူမှုအဖွဲ့အစည်းများမှာ ဦးရဲထွဋ် နှင့်အဖွဲ့ပါဝင်သော လောကအလင်းအဖွဲ့(ရန်ကုန်)၊ ညှိနှိုင်းရေးမှူး ဒေါ်ဇာနည်ဝင်းနှင့်အဖွဲ့ ME Center အင်္ဂလိပ်စာနှင့် စီမံခန့်ခွဲရေးမှူး ကျောင်း(မကွေး)၊ တာဝန်ခံ ဦးအောင်လင်းကြည်နှင့်အဖွဲ့ SCVG (Social Care Volunteer Group)၊ ဦးစိုးနိုင်ဝင်း နှင့်ဆရာ၊ဆရာများ၏ ပညာဥယျာဉ်အဖွဲ့၊ ဦးအိုလာနှင့်အဖွဲ့ (Green Network)၊ မြစ်ကွေ့ဧရာလူမှုကွန်ယက် မှ မုန်းအားမာန်နှင့်အဖွဲ့နှင့် ညီညွတ်ခြင်းတွဲလက်များအဖွဲ့(မကွေး)မှ မောင်မိုးသူနှင့်အဖွဲ့ တို့မှ ဤအခမ်းအနားအား ပူးပေါင်း စီစဉ်ကြကြောင်း သတင်းရရှိ၏။ အဆိုပါအခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှလာရောက်၍ တက်ရောက်သောအဖွဲ့များမှာ ကျားစုဝေး (လူနေမှုမြင့်မားရေး) သံဘိုလေးကျေးရွာ မကွေးမြို့နယ်၊ လူထုအခြေပြုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (မင်းတဲကျေးရွာ ပွင့်ဖြူမြို့နယ်)၊ အလှူတော်မင်္ဂလာ ပညာဥယျာဉ်စေတနာ့ဝန်ထမ်းကျောင်း(ရန်မျိုးနိုင်ရပ်ကွက် မကွေးမြို့)၊ အလင်းသစ် မသန်စွမ်းသူများအသင်း(ချမ်းမြေ့သာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး)၊ ရွှေညာမောင်မယ် HIV/AIDS ကာကွယ်ပြုစုစောင့်ရှောက်ရေးအဖွဲ့(ချောက်မြို့)၊ ဥတ္တရလူငယ်လူမှုကူညီရေး သာရေးနာရေး ကူညီထောက်ပံ့ရေးအသင်း(ချောက်မြို့)၊ ပန်းပျိုးလက်-ပညာရေးကျန်းမာရေး ပေါ်ပေါက်ရေးအဖွဲ့ (ပွင့်ဖြူမြို့နယ်)၊ အားမာန်အဖွဲ့(ရှမ်းကလေးကျေးရွာ ကျွန်း/စံပြ ရန်ကုန်မြို့)၊ ဆင်းရဲနွမ်းပါးသောကလေးများ၏ အခြေခံပညာ အရည်အသွေးတိုးတက်ရေးအဖွဲ့(မြိုင်မြို့နယ်)၊ ဧရာဝတီမြစ်အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (မင်းဘူးမြို့)၊ မျှော်လင့်ခြင်းကြယ်ပွင့်များအဖွဲ့(HIV ကူးစက်ခံရသူများဘ၀တိုးတက်ရေး)(စစ်ကိုင်းတိုင်း)၊ ဟိတသုခအဖွဲ့ (သံဘိုလေးကျေးရွာ မကွေးမြို့နယ်) နှင့် အလင်းသစ်အဖွဲ့(၀ါးတောချောင်းကျေးရွာ မကွေးမြို့နယ်) တို့မှ စုပေါင်း၍တက်ရောက်ကြကြောင်း သတင်းရရှိသည်။
 

0 comments: