``မကွေးမြို့ ဆုံရပ်ကွက် မှာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်´´

ဒီဇင်ဘာ(၇)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ ဆုံရပ်ကွက် လမ်းမတော်လမ်း အမှတ် (၂၆၄)နေ ရပ်ကွက်စည်းရုံးရေးမှူး ဒေါ်ခင်ဌေးဝင်း၏နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါဆိုင်းဘုတ်တင်ပွဲသို့ မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ထွန်း၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်သိန်းကျော် နှင့် ဆုံရပ်ကွက် စည်းရုံးရေးမှူး ဒေါ်ခင်ဌေးဝင်းတို့မှ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြောင်း ပြည်ခိုင်ဖြိုးပါတီ ခရိုင်/မြို့နယ်ကော်မတီဝင်များ၊ရပ်မိရပ်ဖများ ၊ ရပ်ကွက်စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ အင်အား(၁၆၀)ဦးခန့် တက်ရောက်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: