``မကွေးမြို့ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအကြောင်း ဟောပြောပွဲ´´

ဒီဇင်ဘာ(၁)ရက် နံနက်(၁၁)နာရီမှ (၁၂း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအကြောင်း ဟောပြောပွဲ ကို မကွေးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့် မှ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအကြောင်း ဟောပြောကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး နှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ မြို့နယ်(လ.၀.က)ဦးစီးမှူး ဦးလှမြင့်နှင့် ရုံးအဖွဲ့များ စုစုပေါင်းအင်အား (၁၇၀)ဦီးခန့်တက်ရောက်သည်။ မကွေးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းမြင့် မှ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ်လ(၃၀) ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အထိ (၁၂)ရက်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုတက်ရောက် သူ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများသည် သန်းခေါင်စာရင်းကော်မတီတွင် ရပ်ကွက်/ ကျေးရွာ ဥက္ကဋ္ဌ များ အဖွဲ့ဝင်များဖြစ်လာမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကော်မတီမှ ဆောင်ရွက်ပေးရမည့် တာဝန်ဝတ္တရားများ ၊ စာရင်းစစ်၊ စာရင်းကောက်ဆရာ ဆရာမများခန့်ထားနိုင်ရေး၊ သန်းခေါင်စာရင်းကောက်ယူ ရာတွင် ပြည်သူများအား မေးမြန်းရန် မေးခွန်းပေါင်း(၄၁)ချက်ပါရှိကြောင်း၊ ၎င်း မေးခွန်းများအား ပြည်သူများ အနေဖြင့် မှန်မှန်ကန်ကန်ဖြေဆိုပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးကြပါရန် ကြိုတင်ပန်ကြားကြောင်း၊ သန်ခေါင် စာရင်းကောက်ယူနေခြင်းသည် ပြည်သူလူထု၏ လိုအပ်နေသော အကျိုးစီးပွားများကို ဖြည့်ဆည်းပေးရန် သာဖြစ်ပါကြောင်းစသည်တို့ကို ဟောပြောသည်။ ထို့နောက် တက်ရောက်သူများမှ မရှင်းလင်းသော အချက်များ အား မေးမြန်းခြင်း၊ ညွှန်ကြားရေးမှူး ဦးဝင်းမြင့် မှ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြောင်း သတင်း ရရှိသည်။
 

0 comments: