`` မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နှင့် ချောက်မြို့နယ်အတွင်း၌ စိတ်ကြွရှုးသွပ်ဆေးပြားများ ဖမ်းဆီးရမိ´´



မကွေး၊ နိုဝင်ဘာ ၁၁ ။
          မကွေးတိုင်းဒေသကြီးအတွင်း၊ မင်းဘူးမြို့နှင့် ချောက်မြို့နယ်များ မှ ၂၀၁၄၊ နိုဝင်ဘာ ၁၀ ရက်၊ နေ့လည် ၁ နာရီ နှင့် ည ၈ နာရီအချိန်ခန့် တို့တွင် WY, 88 စာတမ်းပါစိတ်ကြွဆေးပြားများ သုံးစွဲသူ နှင့် ရောင်းချသူတို့ကို ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းမှာ မြေလတ်မီဒီယာ က သက်ဆိုင်ရာ ရဲမှတ်တမ်းများမှ သတင်းရရှိသည်။

          မင်းဘူးမြို့မှ။

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းအကူဌာနမှ ရဲအုပ်နိုင်လင်းနှင့်အဖွဲ့သည် အသိသက်များနှင့်အတူ မင်းဘူးမြို့၊ အမှတ် ၃ ရပ်ကွက်၊ နမ္မဒါဂေါက်ကွင်းအနီး၊ စူပါကန်ဘို အနီကြားရောင် အမှတ်၊ ၃၈ယ/…….ကို စီးနင်းလာသူ ငပိ(ခ) လှဝင်းမောင်(၃၀)နှစ်၊(ဘ)ဦးလှကြိုင်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်းအလုပ်၊ အမှတ် ၄ ရပ်ကွက်၊ သိရိမင်္ဂလာရပ်၊ မင်းဘူးမြို့၊ နေထိုင်သူကို ရပ်တန့်စစ်ဆေးရာ ၎င်းလက်တွင်းမှ ငွေရောင်မီးခံခဲပြားဖြင့် ထုတ်ထားသော WY စာတမ်းပါ စိတ်ကြွရှုးသွပ်ဆေးပြားများဟု ယူဆရသော ပန်းဆီ ရောင်ဆေးပြား(၁၀)ပြား၊ ကာလတန်ဘိုး သုံးသောင်းကျပ်ခန့်အား တွေ့ရှိဖမ်းဆီးရမိကြောင်း၊ ၎င်းနှင့်အတူ ပါလာသော လက်ကိုင် (ဟွာဝေး)ဖုန်းအနက်ရောင် ဆင်းကက်နှစ်ကတ်ပါ တစ်လုံး တို့ပါ ဖမ်းဆီးရမိကြောင်း သိရသည်။

          ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နိုဝင်ဘာ ၁၀၊ ညနေ ၆း၃၀ အချိန်တွင်  ရဲအုပ် နိုင်လင်း မှတရားလိုပြုလုပ်၍  ငပိ(ခ)လှဝင်းမောင်(၃၀)နှစ်အား မင်းဘူးမြို့မရဲစခန်း၌ (ပ) ၁/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အမူဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။

ချောက်မြို့နယ်။

          ၂၀၁၄၊ နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၆ နာရီအချိန်ခန့်တွင် ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာအနီး၊ မြတ်သုခ ဓါတ်ဆီဆိုင်၏ ရှေ့တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းအကူဌာနမှ ရဲအုပ်နိုင်လင်းနှင့်အဖွဲ့သည် အသိသက် များနှင့်အတူ စိတ်ကြွရှုးသွပ်၊မူးယစ်ဆေးဝါးများကို ရောင်းချပေးသော ကိုမျိုး(ခ)မင်းဇော်ဦး(၃၃)နှစ်၊(ဘ)ဦးလှစိုး၊ ကျောက်ပန်းတောင်းမြို့၊ အားဖမ်းဆီးရမိကြောင်း၊ ၎င်းထံမှ WY စာတမ်းပါ စိတ်ကြွရှုးသွပ်ဆေးဝါးဟုယူဆရသော ဆေးပြား(၂၀)၊ ၈၈ စာတမ်းပါ ပန်းရောင်စိတ်ကြွရှုးသွပ်ဆေးဟု ယူဆရသော ဆေးပြား(၄၈)၊ ပန်းသီးတံဆိပ်ပါ လိမ္မော်ရောင်  စိတ်ကြွရှုးသွပ်ဆေးဝါးဟု ယူဆရသော ဆေးပြား(၃၀) နှင့် အစိမ်းရောင်  စိတ်ကြွရှုးသွပ်ဆေးဝါးဟု ယူဆရသော ဆေးပြား(၁)ပြား၊ ကာလတန်ဘိုးငွေကျပ် ငါးသိန်းခန့်၊ လက်ကိုင်ဖုန်း ၂ လုံး၊ ငွေသား ရှစ်သောင်းခွဲ တို့အား သိမ်းဆည်းရမိကြောင်း ရဲမှတ်တမ်းမှ သတင်းရရှိသည်။

          ဖြစ်စဉ်အကျဉ်းမှာ မင်းဘူးမြို့မှ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးရမိထားသော  တရားခံများအား စစ်ဆေး ရာမှ ခြေရာခံမိပြီး မူးယစ်ဆေးဝါးအမှု တရားခံတစ်ဦးက မူးယစ်ဆေးဝါးရောင်းချသူ ကိုမျိုး(ခ)မင်းဇော်ဦးထံသို့ ဖုန်းဆက်၍ ချိန်းဆိုခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများရောင်းချသူ ကိုမျိုး(ခ)မင်းဇော်ဦးသည် ကျောက်ပန်းတောင်းမြို့မှ ချိန်းဆိုထားသော ဂွေးချိုကျေးရွာအနီး၊ မြတ်သုခ ဓါတ်ဆီဆိုင်၏ ရှေ့သို့ ၎င်းပိုင်မော်တော်ကား အမှတ် 1E/ 2052. HONDA VR-V အမျိုးအစား အဖြူရောင်ကားဖြင့်ရောက်လာ၍ ၎င်းကား၏ ယာဘက်တံခါးရှေ့ဘေးတွင် HAPPY END ASHARAY စာတမ်းပါသော အဖြူရောင် ခေါက်နှိပ်စေ့ဖြင့် ထည်းယူလာသော WY, 88 စာတမ်းပါ စိတ်ကြွရှုးသွပ်ဆေးဝါးဟုယူဆရသော ဆေးပြားများကို ဖမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

          ၎င်းဖြစ်စဉ်အမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးရောင်းချသူ တရားခံ ကိုမျိုး(ခ)မင်းဇော်ဦး အား ၂၀၁၄၊ နိုဝင်ဘာ ၁၀ ရက်၊ ည ၁၁း၃၀ နာရီအချိန်ခန့်တွင် ချောက်မြို့နယ်မြို့မရဲစခန်း၌ မူးယစ်(ပ) ၁/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က) ဖြင့် အမူဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်းအရ မြေလတ်မီဒီယာ ကသတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: