``(၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ မကွေးမူကြိုကျောင်းတွင်ကျင်းပ´´



မကွေး၊ နိုဝင်ဘာ ၂၂ ။
          မကွေးမြို့၊ အစိုးရမူလတန်းကြိုကျောင်းခမ်းမတွင် ၂၀၁၄၊ နိုဝင်ဘာ ၂၂ ရက်၊ နံနက် ၉း မှ နေ့၁၂ နာရီအချိန်ခန့်အထိ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ (သို့) နိုင်ငံတကာကလေးသူငယ်များနေ့ (သို့) UNCRE Day အခမ်း အနား ကျင်းပကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တက်ရောက်အဖွင့်အမှာ စကားပြော၍ ဖွင့်လှစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး လူမှု ၀န်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး မှ အခမ်းအနားကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြကြောင်း၊ ထို့နောက်  မင်းဘူး၊ ဆိပ်ဖြူ၊ ချောက်၊ ရေနံချောင်းမြို့နယ်များမှ ကိုယ့်အားကိုယ်ကိုးမူကြိုရင်သွေးငယ်များနှင့် မကွေးမြိုနယ် အစိုးရမူကြိုကျောင်းမှ ရင်သွေးငယ်များမှ တစ်ဦးချင်း၊ အဖွဲ့လိုက်ဖြင့် ပြဇာတ်၊ အက၊ သီချင်းများဖြင့် ဖျော်ဖြေကြ ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။၎င်း ပွဲသို့ မူကြိုရင်သွေးငယ်ကလေးများ၊ မကွေးမြို့နယ် ကျွန်းစုကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ၀ါးတောချောင်းကျေးရွာနှင့် သရက်ပင်ကွက်ကျေးရွာများမှ ကလေးများအဖွဲ့ တို့လည်း တက်ရောက်ကြ၍ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်တက်ရောက်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။ 


          ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီစာချုပ်ကို ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း(၁၉၄) နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်၍ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၁၄၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာ (၂၅)နှစ်မြောက် `ငွေရတု´ကာလသို့ရောက်ရှိခဲ့ကြောင်း ၎င်းပွဲစီစဉ်သူအဖွဲ့မှ ဦးအောင် လင်းကြည် က မြေလတ်မီဒီယာ ကိုပြောကြားသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: