ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အာဆီယံလူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် အိုဘားမားပြောကြားခဲ့သော မိန့်ခွန်း

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အာဆီယံလူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် အိုဘားမားပြောကြားခဲ့သော မိန့်ခွန်း
===========================================

ကျွန်တော်ဟာ ဒီတိုင်းပြည်ကို လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ပထမဦးဆုံး အမေရိကန်သမ္မ တအဖြစ် ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်လာခဲ့ တဲ့အချိန်တုန်းက ကလေးငယ်တွေ၊ ဆိုင်းဘုတ် တွေကိုရမ်းပြီး ကြိုဆိုတာ တွေ့ရပါတယ်။ ဒီ တိုင်းပြည်မှာ ယုံကြည်ချက်မျိုးစုံရှိပါတယ်။

ဘာသာကွဲပြားမှုတွေ တွေ့ရပါတယ်။ ဒီနေ့ ကျွန်တော် အတွင်းဝန်ရုံးကိုသွားတဲ့အခါမှာ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးတွေကို စပြီး တွေ့ရပါတယ်။ တရုတ်၊ မူဆလင်၊ အိန္ဒိယ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ အားလုံးက ငြိမ်းချမ်းချစ်ကြည်စွာ အတူတူရှိနေတာတွေ့ ရပြီး ဒါကြောင့်မို့ ယုံကြည်ချက်များစွာနဲ့အတူ တူ ရှင်သန်ရပ်တည်ချက်များစွာနဲ့ရှိနေလို့ ဝမ်း သာပါတယ်။ ဒီတိုင်းပြည်က တကယ်အလား အလာကောင်းတွေ အများကြီးရှိနေပါတယ်။ ကျွန်တော် ကမ္ဘာအနှံ့ သွားလာတဲ့အခါမှာ ဥရောပ၊ အာဖရိကတိုက်၊ အရှေ့တောင်အာရှ ဒီခရီးတွေသွားတဲ့အခါမှာ အများဆုံးဝမ်းသာ အားရဖြစ်မိတာကတော့ ဒီလိုလူငယ်တွေတွေ့ ရခြင်းဖြစ်ပါတယ်။ ဒီလိုလူငယ်တွေတွေ့ရခြင်း က သိပ်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆို တော့ ဒီလူငယ်တွေက တိုင်းပြည်ရဲ့အနာဂတ် ခေါင်းဆောင်တွေဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလူငယ်တွေဆီကနေ မေးခွန်း တွေအများကြီးလိုချင်ပါတယ်။ အမေရိကန် သမ္မတတစ်ယောက်အနေနဲ့ ကျွန်တော်ပြော ချင်တာက ဒီအရှေ့တောင်အာရှမှာရှိတဲ့တိုင်း ပြည်တွေက လူငယ်တွေအများကြီးနဲ့ ကျွန် တော်တို့ တွေ့ချင်ပါတယ်။ အများကြီးအဆက် အသွယ်လုပ်ချင်ပါတယ်။ ကျွန်တော်ရဲ့လူငယ် ဘဝ ကလေးဘဝတွေကို အရှေ့တောင်အာရှ တိုင်းပြည်တွေမှာ ကြီးပြင်းခဲ့ရပါတယ်။ ဒါ ကြောင့်မို့ ဒီဟာက ကျွန်တော့်အတွက်တကယ် ကို ခံစားချက်အစစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအရှေ့တောင်အာရှမှာ ကျွန်တော် အများ ကြီးဖြစ်စေလိုပါတယ်။

ဒီတိုင်းပြည်အနေနဲ့ ခုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာတယ်၊ ဒီမိုကရေ စီဝမ်းစာပွင့်လာတယ်။ မြို့တွေ၊ လမ်းတွေ၊ တောတောင်တွေ နောက်တစ်ခါ သဘာဝအ ရင်းအမြစ်တွေ ၂၁ရာစုအနေနဲ့ အရှေ့တောင် အာရှမှာရှိတဲ့ လူငယ်တွေက ခေါင်းဆောင် တွေအနေနဲ့ အာရှတိုက်ကို ခေါင်းဆောင်အ ဖြစ် ဦးဆောင်လာဖို့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာ လူငယ်သောင်းကျော်ရှိတဲ့ လူငယ်တွေ ဟာ မိတ်ဆွေတို့လိုပဲ လူငယ်တွေနဲ့ ဦးဆောင် မှုတွေပေးနေပါတယ်။ ဒါကြောင့်မို့ အာရှဒေ သအတွင်းမှာ လူငယ်တွေဟာ တစ်ချိန်ကျရင် ခေါင်းဆောင်အဖြစ်ဦးဆောင်ပြီးတော့ တိုး တက်မယ့် အလားအလာကောင်းတွေ ဖော် ဆောင်ပေးနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီတစ်နေ့ နောက်တစ်ဆင့် ဘာဆက်ပြောမလဲ ဆိုတာကို ကျွန်တော် ဆက်ပြီးပြောပြချင်ပါ တယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျွန် တော် သမ္မတအဖြစ် တာဝန်ယူတဲ့အခါမှာ ကျွန်တော် ဘာပြောခဲ့သလဲဆိုတော့ ကျွန် တော်ဟာ ကမ္ဘာကြီးပေါ်မှာ တကယ့်ပြောင်းလဲ တိုးတက်မှုတွေနဲ့ ဖြစ်လာရမယ်၊ နောက်တစ်ခါ မြန်မာပြည်မှာလဲ တိုးတက်မှုတွေရှိလာရမယ်။ မြန်မာပြည်ဟာ ကမ္ဘာထဲမှာ အလားအလာ ကောင်းတဲ့တိုင်းပြည်တစ်ခုအနေနဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအပြောင်းအလဲဖြစ်ဖို့ဟာ တစ်ည တည်းနဲ့ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ခု စလာခဲ့တာတွေ့ရတယ်။ သို့သော် တချို့ကိစ္စတွေ မှာ နောက်ပြန်သွားတာမျိုးတွေလဲ တွေ့ရ တယ်။ ဒါကြောင့်မို့ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ် ကာလကျော်မှာ တချို့တိုးတက်မှုတွေ တွေ့ရ ပါတယ်။

အဲဒီအပြောင်းအလဲတွေကို အသိအ မှတ်ပြုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာပြီ၊ နိုင်ငံရေးအပြောင်းအလဲ အပြောအဆိုတွေ တွေ့လာရပြီ၊ ပါလီမန်ဖြစ် လာတယ်၊ လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းတွေ ထွက်လာတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ မြန်သင့်သလောက် မမြန်ဘဲဖြစ်နေပါတယ်။အဲ့ဒါဘာလဲဆိုတော့ သတင်းထောက်တွေဖမ်း ဆီးခံနေရတုန်းပဲ။ လူနည်းစုတွေ ဖိနှိပ်ခံနေရ တုန်းပဲ။ ရခိုင်ပြည်နယ်မှာဆိုရင် လူသားချင်း ခွဲခြားစွာ ဆက်ဆံခံနေရတာတွေ၊ လူတချို့ ဟာ ဖိနှိပ်ချုပ်ချယ်ခံနေရတာတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်အနေနဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ပါလီမန်မှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အ ရေးကိစ္စတွေ လူတိုင်းရရှိဖို့ လေးစားလိုက်နာဖို့ ဒီတိုင်းပြည်မှာ လုပ်ဆောင်သွားနိုင်ဖို့အတွက် နောက်တစ်ခါ ဒီဒေသထဲမှာ တစ်ကမ္ဘာလုံးအ တွက် ဘယ်လို ဆက်လုပ်သွားမလဲဆိုတာ ဆွေး နွေးခဲ့ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ အမေရိကန်ပြည်ထောင်စုက စေတနာ့ဝန် ထမ်းများအဖွဲ့က ဒီကိုလာပါလိမ့်မယ်။ နောက် ပြီး ပြည်သူဆိုတဲ့ အပြန်အလှန်လဲလှယ်မှုတွေ လုပ်ပါမယ်။ အစိုးရ-အစိုးရချင်း မကဘူး၊ ပြည်သူပါ ပါဝင်မှပါ။ သမိုင်းဆိုတာ အမြဲ တမ်းရှေ့ကိုတက်လှမ်းနေတဲ့သဘောလဲ မရှိပါ ဘူး။ အဲဒီတော့ ယုံကြည်မှုတွေ တည်ဆောက် တယ်။ အဲဒါတွေလုပ်ရတာတွေ အချိန်လိုပါ တယ်။

အရင်တုန်းကဖြစ်ခဲ့တဲ့အကြမ်းဖက်မှု၊ ဒဏ်ရာဒဏ်ချက်တွေကိုမကြည့်ဘဲ ဒီမိုကရေ စီရဲ့ယုံကြည်မှုတွေကို တည်ဆောက်တဲ့နေရာ မှာ အားလုံးပါပြီးတော့ အားလုံးသောပြည် သူတွေအနေနဲ့ လုပ်ဆောင်ဖို့ ဒီအခွင့်အရေး တွေ လွတ်လပ်မှုတွေဆိုတာက ဒီအတိုင်းမရပါ ဘူး။ တောင်းယူရပါမယ်၊ တိုက်ယူရပါမယ်၊ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ မြန်မာစကားပုံ တစ်ခုကို သိပါတယ်။ ငုတ်မိသဲတိုင် တက်နိုင် ဖျားရောက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဟိုး သဲထဲအထိငုတ်နိုင် ထိပ်ဖျားအထိ တက်နိုင် မယ်။ ဒါကြောင့်မို့ အမေရိကန်တွေက ဒီမှာရှိ တဲ့ တိုင်းပြည်ကလူတွေကို အပေါ်ဆုံးရောက် သည့်အထိ တက်နိုင်အောင်လို့ ကူညီသွားမယ်။ ဒီတိုင်းပြည်မှာ ယုံကြည်ချက်တွေရှိပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက လာခဲ့တာပါ။ ဒါကြောင့် ဒီတိုင်းပြည်မှာရှိတဲ့ အခြေခံဥပဒေဟာ တာဝန်ခံမှုရှိရမယ်။ ဒါ ကြောင့် မဟာမိတ်ရွေးကောက်ပွဲတွေဟာ မျှတမှုရှိရမယ်၊ တိုင်းရင်းသားလူနည်းစုတွေ ဟာ ဆင်းရဲကြောင့်ကြမှုမရှိဘဲ နေနိုင်ရပါမယ်။ ဒါကြောင့်မို့ ဒီမှာရှိတဲ့လူငယ်တွေ တိုင်းပြည် ပေါင်းမြောက်မြားစွာ ကနေလာပြီးတော့ ဒီ စိန်ခေါ်မှုတွေများစွာရှိနေတဲ့အထဲမှာ လူ့အ ခွင့်အရေး၊ ပညာရေး၊ တိုးတက်မှုတွေ အမျိုး သမီးတွေအတွက် အတတ်နိုင်ဆုံးကာကွယ်ဖို့၊ ဒါကြောင့်မို့ လူငယ်တွေအစိုးရတွေနဲ့ လူမှု အသိုင်းအဝိုင်းကိုမြှင့်တင်ပေးဖို့ စီးပွားရေးတိုး တက်မှုတွေလဲ လူငယ်အတွက်ဖြစ်ပါတယ်။ လူငယ်တွေ ပညာရေးကောင်းကောင်းရဖို့ ဖြစ် ပါတယ်။

ဒါကြောင့်မို့ ဒီတိုင်းပြည်မှာ လူ ငယ်တွေအနေနဲ့ ကွဲပြားခြားနားမှုတွေမှာ ဦးဆောင်မှုတွေပေးပြီးတော့ ဒီဒေသတစ်ခုလုံး တိုးတက်မြင့်မားဆောင်ရွက်ဖို့ အတွက် လုပ် နေတာတွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့လဲ အဲ့ဒါကို ဆက်လက်ပြီး ကူညီဆောင်ရွက်သွား မှာဖြစ်ပါတယ်။ စစ်တပ်ကပဲ ဖြစ်ဖြစ်၊ စစ် ခေါင်းဆောင်တွေပဲဖြစ်ဖြစ် ဒီလူငယ်တွေက အိပ်မက်တွေဖြစ်ပြီး အတွေးအခေါ်တွေက ဖော်ပြီး ဒါတွေကို ဘယ်လိုပြောင်းလဲသွား မလဲဆိုတဲ့ ဆောင်ရွက်ချက်တွေ ရှိပါတယ်။ ဒါကြောင့်မို့ လူငယ်တွေဟာ အသိုင်းအဝိုင်း တစ်ခုလုံးကို လှုပ်ကိုင်နိုင်စွမ်းရှိပါတယ်။ မိဘ တွေကရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ လူငယ် တွေက ပိုပြီးကျင့်သုံးသွားနိုင်ပါတယ်။ ဒီဒေသ တွင်းမှာရှိတဲ့လူငယ်တွေနဲ့ နောက်တစ်ခါ တစ် ကမ္ဘာလုံးမှာရှိတဲ့ လူငယ်တွေနဲ့ ပူးပေါင်းပြီး အတူတကွ တိုးတက်အောင်ဆောင်ရွက် သွား နိုင်ပါတယ်။ မြန်မာလူငယ်တစ်ယောက် ပြည်ပမှာ ပညာလေ့လာခဲ့တယ်။ သူဒီကိုပြန် လာပြီးတော့ လယ်သမားတွေရဲ့ အကြောင်းကို Documentery ထုတ်ပြီးတော့ ဆုရခဲ့ပါတယ်။

သူဘာပြောလဲဆိုတော့ ကျွန်တော့်တိုင်းပြည် ဟာ ဇာတ်လမ်းပေါင်းများစွာကို ပြောပြနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့လူငယ်တွေအနေနဲ့ ဒီဇာတ်လမ်း တွေကို တစ်ကမ္ဘာလုံးကို ပြောပြနိုင်မှာပါ။ ဒီလူငယ်တွေမှာ တကယ့်ကိုခွန်အားရှိပါတယ်။ ဒါဟာ ဘာလဲဆိုတော့ ဒီမိုကရက်တစ်အစိုးရ အတွက် သိပ်အရေးကြီးပါတယ်။ လူတန်းစား အတွက် သိပ်အရေးကြီးပါတယ်။ ဒါကြောင့် မို့လို့ ဒီလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအ တွက်လဲ အရေးကြီးပါတယ်။ ဒီလိုတိုင်းပြည် မျိုးမှာ ဒါဟာ သိပ်ပြီးကို လူငယ်တွေအနေနဲ့ ပါဝင်နိုင်ခြင်းဟာ သိပ်ပြီး အရေးကြီးပါတယ်။

ကျွန်တော် ဥပမာပြောရရင် လူးဝစ်မက်စ်ထ ရစ်ဆိုတာ ဖိလစ်ပိုင်မှာ တိုင်ဖုန်းမုန်တိုင်းကြောင့် ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ဝန်းရံနေတဲ့ကြားထဲ ကနေ သူပြန်ပြီးတော့ ထူထောင်ဖို့စခဲ့ပါတယ်။ သူက ဘာလုပ်လဲဆိုတော့ ခေါင်းမိုးတွေမှာ ဆိုလာပြားတွေနဲ့ တပ်ပြီးတော့၊ လူငယ်တစ် ယောက်အနေနဲ့ ဒီလုပ်ငန်းကို စခဲ့ပေးပါတယ်။သူ လူထုကို ကူညီပေးခဲ့ပါတယ်။ ပြီးတော့ သူဟာ တကယ့်ကို ကမ္ဘာလုံးဆိုင်ရာအတွက်၊ သူ့ဒေသအတွက် ဘယ်လို ကူညီထောက်ပံ့ရ မလဲဆိုတာကို ကြည့်ခဲ့ပါတယ်။

နောက်တစ် ယောက်ဆိုရင် ခုနစ်နှစ်ကြာကြာ ထောင်ထဲမှာ အကျခံထားရပါတယ်။ ဒါပေမဲ့သူဟာ ဘွဲ့လဲ ရခဲ့ပြီးတော့ ပေးဆပ်မှုတွေ အများကြီးလဲရှိ ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာဒီမိုကရေစီစနစ် အတွက် ပေးဆပ်မှုတွေဖြစ်ပါတယ်။ ကျွန် တော်တို့မှာ မုန်းတီးမှုတွေရှိပါတယ်။ ခံစားမှု တွေရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မျှော်လင့်ချက်တွေနဲ့အတူ အမေရိကန်ပြည် ထောင်စုအနေနဲ့ ဒီလူငယ်တွေကို မိတ်ဆွေ တစ်ယောက် အနေနဲ့ ကူညီချင်ပါတယ်။ ခင် ဗျားတို့ရဲ့အနာဂတ်အတွက် ဆောင်ရွက်ပေး ချင်ပါတယ်။ ဒါကြောင့်မို့ ဒီသယံဇာတပစ္စည်း တွေ၊ ရှိတဲ့ဟာတွေကို အသုံးချပြီးတော့ ဒီကမ္ဘာ ကြီးကို အပြောင်းအလဲဖြစ်အောင် ဆောင် ရွက်စေချင်ပါတယ်။ ဒါကိုလုပ်ဖို့ တက်လမ်းရှိ ပါတယ်။ ဒါဟာဘာလဲဆိုတော့ အရှေ့တောင် အာရှမှာရှိတဲ့လူငယ်တွေရဲ့ ခေါင်းဆောင် မှုကဏ္ဍဖြစ်ပါတယ်။

ဒါကြောင့် အရှေ့တောင် အာရှနိုင်ငံက လူငယ်ပေါင်း ငါးရာကို ကျွန် တော်တို့ခေါ်ပြီးတော့ ကျွန်တော်တို့ ကူညီ သင်ကြားပေးပါမယ်။ နည်းလမ်းတွေပြပါမယ်။ခေါင်းဆောင်မှုပညာတွေ သင်ပေးပါမယ်။အတွေးအခေါ်တွေ၊ ပညာရပ်တွေလေ့လာပြီး တော့ သူတို့တိုင်းပြည်ကိုပြန်လာခဲ့ပြီးတော့ ဒီဟာတွေကို အသုံးချပြီးတော့ ဆောင်ရွက်တဲ့ အခါမှာ ကမ္ဘာကြီးကိုပြောင်းလဲအောင် ဆောင် ရွက်နိုင်ပါတယ်။ ဒါကြောင့်မို့ အမေရိကန်ပြည် ထောင်စုမှာရှိတဲ့ အကောင်းဆုံးတက္ကသိုလ် တွေကိုခေါ်ပြီးတော့ ဒီလူတွေကို ပညာပေးပါ မယ်။ သင်ကြားပေးပါမယ်။ လူမှုအသိုင်းအ ဝိုင်းထဲမှာ ဘယ်လိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မလဲဆိုတာကို စီစဉ်ပေးပါမယ်။ ဒီမှာရှိတဲ့ အင်န်ဂျီအိုတွေ၊ ပြည်ပမှာရှိတဲ့အင်န် ဂျီအိုတွေအားလုံးကလဲ ဒါကိုထောက်ပံ့ပေးမှာ ပါ။ ဒီအစီအစဉ်အနေနဲ့ ဒီမှာရှိတဲ့လူငယ်တွေ အနေနဲ့ ဒါကို အခွင့်အရေးယူစေချင်ပါတယ်။

မိတ်ဆွေတို့ဆီကနေ ကျွန်တော်တို့အမေရိကန် ပြည်သူလူထုကလဲ ပြန်ပြီး လေ့လာချင်ပါ တယ်။ ဒါကြောင့်မို့လို့ ဒီလူငယ်တွေ အိမ်ကို ပြန်တဲ့အခါမှာ၊ ကိုယ့်ရဲ့ဒေသကိုပြန်တဲ့အခါမှာ အတွေ့အကြုံရှာပြီးတော့ ဒီမှာရှိတဲ့ အမေရိ ကန်သံရုံးကနေ မိတ်ဆွေတို့ရဲ့အိပ်မက်တွေ တကယ်အကောင် အထည်ပေါ်လာအောင် ဆောင်ရွက်ပေးချင်ပါတယ်။

ဒါကြောင့်မို့လို့ အရှေ့တောင်အာရှက ဒီမှာရှိတဲ့လူငယ်တွေ အနေနဲ့ အခုနှစ်တိုင်းနှစ်တိုင်းခေါ်ပြီးတော့ ဒီလိုနည်းပညာတွေ၊ သူတို့ရဲ့အသိုင်းအဝိုင်း တွေကို ပိုပြီးအားမြင့်လာအောင် ကျွန်တော်တို့ က ဆောင်ရွက်ပေးချင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ယူကြရမယ့်အခွင့်အရေး၊ အခွင့်အလမ်းတွေကို ယူပြီးတော့၊ အခွင့်ကောင်း ယူမယ့် ကျွန်တော်တို့တိုင်းပြည်နဲ့အတူ လက် တွဲပူးပေါင်းဆောင်ရွက်နိုင်မယ့် ဒေါ်အောင် ဆန်းစုကြည်၊ မင်းကိုနိုင် ဒီမှာ တည်ငြိမ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ အရှေ့တောင်အာရှ တိုင်း ပြည်တစ်ခုဖြစ်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကလဲ ဒါကိုကူညီဖို့ အမြဲတမ်းရှိပါတယ်။

ကျေးဇူးတင်ပါတယ်။

#Democracy

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
 

0 comments: