မင်းဘူး/စကုမြို့နယ်ထောက်ရှာပင်ရေနံမြေဒေသအနီးမှာROCရွာဆိုတာရှိခဲ့ပါတယ်။

Nay Myo Kyaw added 6 new photos. မှကူးယူဖော်ပြပါသည်။
14 hrs ·
မင်းဘူး/စကုမြို့နယ်ထောက်ရှာပင်ရေနံမြေဒေသအနီးမှာROCရွာဆိုတာရှိခဲ့ပါတယ်။
၁၉၉၂တုန်းကစစ်တပ်က၄ရက်အတွင်းခွေးတောင်မမြင်ချင်ဘူးဆိုပြီးလေးပင်ပျော်ဘွယ်ရွာ
အနီးကွင်းပြင်ကိုအဓမ္မခွေးလေခွေးလွှင့်
နှင်နည်းနဲ့မောင်းထုတ်တာကိုဒီရွာကအမိအဖတွေခံကြရတာပါ။နေရာသစ်မှာငှက်ဖျားမိပြီး
လူ၅၀လောက်သေခဲ့ကြရတယ်။ကောင်းကောင်းမြေမကျခဲ့ရဘူး။နေရာသစ်မှာအလုပ်အကိုင်
မရှိအရင်းအနှီးမရှိရွာဟေင်းမှာလယ်ယာတွေ
ကျန်ခဲ့ကြရဆိုတော့ဒုက္ခမျိုးစုံနဲ့အသက်မွေး
ကြရတယ်။မထူးတော့တဲ့အဆုံးရွာဟောင်းနားကရွာတွေဆီပြန်လာကြပေမယ့်သူများ
ရွာတွေမှာခိုကပ်နေကြရတယ်ရွာနားနီးတောစပ်တွေမှာတဲလေးတွေထိုးနေကြရပါတယ်ပညာရေး
ကျန်းမာရေးမပြောနဲ့စားဖို့ဘဲရုန်းကန်ရင်း၂၂နှစ်ကျော်ကြာလာခဲ့ကြပါပြီ။ပြီးခဲ့တဲ့နှစ်ကမင်းဘူး/စကုNLD
ကဒီဒေသဘက်ကို
ရောက်တဲ့အခါရွာသားတွေကအကူအညီတောင်းလာလို့မြို့နယ်အုပ်ချုပ်ရေးမှူးထံလိပ်မူပြည်ထဲရေးနဲ့
စွမ်းအင်ထံမိတ္တူတွေပို့ရွာသားတွေ
ရဲ့စုပေါင်းလက်မှတ်ဆန္ဒတွေနဲ့အတူမူလနေရာမှာရွာပြန်တည်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။


အချိန်တွေအကြာကြီး
လစ်လျူရှုခံရပြီး၂၄၊၁၀၊၁၄ရက်နေ့ကြမှမြို့နယ်အုပ်ချုပ်ရေူမှူးကရွာသား
တွေကိုခေါ်ယူဆွေးနွေးပြောဆိုလာပါတယ်
မူလနေရာမှာပြန်နေခွင့်မပြုနိုင်ဘူးတဲ့ရေနံ
ဌာနကကန့်ကွက်လို့ပါတဲ့
သူခိုးကလူလူပြန်ဟစ်တာမျိုးပေါ့။ဒီအခြေအနေတွေကြောင့်ရွာပြန်တည်နိုင်ရေးလွှတ်တော်ကို
တင်ပြနိုင်ဖို့အတွက်အချက်အလက်ထပ်မံ
စုဆေင်းဖို့နဲ့ရွာသားတွေရဲ့အသံနိုင်ငံတော်ပိုသိစေဖို့DVBသတင်းတောက်ကိုဇော်ဖေနဲ့
ကျနော်တို့ရွာဟောင်းကွင်းထဲကိုရွာသားတွေနဲ့အတူသုံးဘီးဆိုင်ကယ်နဲ့သွားခဲ့ရာမှာနန်းတော်ကုန်ူရွာ
နီးကရေနံမြေလုံခြုံရေး
ရဲ့ပြင်းပြင်းထန်ထန်တားဆီးမှုခံရပါတယ်
ကားဝင်ခွင့်မပြုနိုင်ဘူးဒါပြည်သူပိုင်နေရာမဟုတ်ဘူးတဲ့ဗျာ။ဒါဆိုရင်ဆိုင်ကယ်တွေနဲ့သွားကြ
မယ်ဆိုတော့ခရိုင်အုပ်ချုပ်ရေးနဲ့ရေနံအရာရှိခွင့်ပြုချက်မရှိရင်သွားမရဘူးလို့တားပြန်ပါတယ်
ကျနော်တို့တောလမ်းကနေသွားပါတယ်။ဒါဥပဒေချိုးဖောက်တာမဟုတ်ဘူးခင်ဗျပြည်သူ့ဘဝ
ပကတိအခြေအနေကိုသိနိုင်ဖို့နိုင်ငံ
ရေးပါတီတရပ်မှာတာဝန်ရှိနေတာကြောင်ပါ။
ရွာဟောင်ူရောက်လို့ယာထဲလယ်ထဲရောက်
နေကြတဲ့သူတွေကိုမေးမြန်းကြအချက်အလက်တွေဖော်ကြရင်ဖွင့်ကြတုန်းရေနံလုံခြုံရေးက
ဝန်ထမ်းတွေရောက်လာပြီး
ပြောဆိုမေးမြန်းမှုတွေခုရပ်ကြပါတဲ့။

ကျနော်တို့ဒီနေရာကိုလာခွင့်မရှိဘူးလို့ကိုရဲ
နိုင်ဆိုတဲ့လုံခြုံရေးကပြောပါတယ်။ကျနော်တို့က
ပြန်မေးပါတယ်ဘယ်သူကတားမြစ်ခိုင်းတာလဲဆိုတော့ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေး
ရေနံအရာရှိတွေကကျနော်တို့လာရင်တား
ဆီးရမယ်လို့မှာထားလို့ပါလို့ဆိုပါတယ်။
ကိုယ်တိုင်ဖြှေင်းကူညီဖို့တာဝန်ရှိသူတွေက
မကူညီတဲ့အပြင်ရေနစ်သူကိုဝါးကူထိုးကြ
တာာမျိုးဖြစ်နေတယ်ခင်ဗျ။

ကျနော်တို့ကတော့ရွာသားတွေအတွက်
ရွာဟောင်းမှာနေခွင့်ရဖို့ဆက်ကြိုးစားကြ
မှာ့ဖစ်တဲ့အကြောင်းရှင်းပြခဲ့ကြပါတယ်။
ကျနော်တို့နိုင်ငံကိုပြန်လည်တည်ဆောက်ဖို့
ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ဖို့ကြိုးပမ်း
ကြရအုံးမယ့်အခြေအနေမျိုးမှာအာဏာရှင်နဲ့
သူတို့လက်ဝေခံတွေရဲ့အဆင်ခြင်မဲ့အပြုအမူတွေကိုကျော်လွားကြရအုံးမှာ
သေချာပါတယ်။

အားသာမွေးထားကြဗျို့
ညီညွတ်ကြဗျို့
ဒီမိုပရေစီဘက်တော်သားခြင်းကျောခြင်း
ကပ်ကြဗျို့။
ဆိုရိုးစကားတစ်ခုရှိတယ်
ဝံပုလွေကအရေခွံသာပြောင်းချင်ပြောင်းမယ်
သူ့စိတ်ဓာတ်ကတော့မပြောင်းဘူးတဲ့ခင်ဗျ
နေ မျိုး ကျော်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: