``မကွေးမြို့တွင် မူးယစ်ဆေးဝါးရောင်းချသူ အထက်တန်းရှေ့နေတစ်ဦး နှင့် သုံးစွဲသူတစ်ဦးကို ဖမ်းဆီးရမိ´´



မကွေး၊ နိုဝင်ဘာ ၂။
          မကွေးမြို့၊ ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်း၊ မကွေးဟိုတယ်၊ အခန်း(၅၀၂) မှ မူးယစ်ဆေးဝါးဟု ယူဆရသော ဆေးပြားများ လက်ဝယ်ကိုင်ဆောင်၍ ရောင်းချသူ ကိုဝင်းကိုကိုဇော်(၃၂)နှစ်၊ အထက်တန်းရှေ့နေ (တောင်တွင်းကြီးမြို့၊ရွှေအိုး၂ ရပ်ကွက်၊ ရခိုင်ဘုရားကြီးလမ်း) နှင့် မကွေးမြို့၊ ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်းနှင့် ၁၈ လမ်းထောင့်မှ မူးယစ်ဆေးဝါး သုံးစွဲသူ ကိုထိုက်(ခ) သိန်းထိုက်(၃၇)နှစ် တို့နှစ်ဦးကို ၂၀၁၄၊ နိုဝင်ဘာ ၁ ရက် နေ့တွင်ဖမ်းဆီးရမိကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          ဖြစ်စဉ်မှာ ၂၀၁၄၊ နိုဝင်ဘာ ၁ ရက်၊နေ့လည် ၁ နာရီအချိန်ခန့်တွင် အမာခံသတင်းပေးအရ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ မူခင်းအကူဌာနစုမှ ရဲအုပ်နိုင်လင်း၊ တပ်ကြပ်အောင်စည်သူ၊ ဒုတပ်ကြပ်သိန်းဝင်းနှင့် တပ်သား ကိုကိုပိုင် တို့နှင့် သက်သေများ၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ဆယ်အိမ်မှူး ဦးမောင်နိုင်၊ မြို့ဟောင်း ရပ်ကွက်၊ ဆယ်အိမ်မှူး ဦးဝင်းကျော်ထွေး တို့သည် မကွေးမြို့၊ ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်း၊ မကွေးဟိုတယ်၊ အခန်း(၅၀၂) သို့သွားရောက်၍ မူးယစ်ဆေးဝါးဝယ်ယူရန် အသွင်ယူသူ ရဲတပ်သား သီဟတင်စိုး(မကွေးတိုင်းဒေသကြီး၊ မူးယစ်အကူဌာနစု)ကို စေလွှတ်ထားပြီး ရောင်းချသူအားချိန်းဆိုဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါး ရောင်းချသူ ကိုဝင်းကိုကိုဇော် (တောင်တွင်း ကြီးမြို့၊ရွှေအိုး ၂ရပ်ကွက်၊ ရခိုင် ဘုရားကြီးလမ်း)ထံမှ စိတ်ကြွမူးယစ်ဆေးဝါးဟု ယူဆရသာ 88 စာတမ်းပါ နီညိုရောင် မူးယစ် ဆေးပြား(၁၀)ပြားကို ၎င်း၏ အိပ်ကပ်ထဲမှလည်းကောင်း၊ ၎င်းပိုင်ဆိုင်သော လက်ပ်တော့ကွန်ပျူတာအိပ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးဝါးဟု ယူဆရသာ 88 စာတမ်းပါ နီညိုရောင်မူးယစ်ဆေးပြား(၂၀၀)ပြား၊ ၎င်းအသုံးပြုဆက်စပ် ပစ္စည်းများဖြစ်သော ASUS လက်ပ်တော့ကွန်ပျုတာ (၁)လုံး၊ လက်ကိုင်ဖုန်း(၂)လုံး၊ ငွေသားသုံးသောင်းကိုးထောင်နှင့် Stream 110 ရိုးမရာဇာမော်တော်ဆိုင်ကယ် အနက်ရောင် ၂၀ယ/……တစ်စီးတို့ကို ဖမ်းဆီး၍ ၎င်းအား စစ်ဆေးချက်အရ  မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးထံသို့ ဆက်လက်ဖမ်းဆီးကြောင်း ရဲမှတ်တမ်းအရ သိရသည်။

          နိုဝင်ဘာ ၁ရက်၊၎င်းနေ့တွင်၊ မကွေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့၊ မူခင်းအကူဌာန စုမှ ရဲအုပ်နိုင်လင်း၊ တပ်ကြပ်အောင်စည်သူ၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သက်အောင်စိုး၊ မကွေးမြို့မရဲစခန်း မှ နယ်ထိန်း ခေါင်း ဆောင် ဒုရဲအုပ် ဇော်ဌေးလွင် တို့နှင့် သက်သေများ၊ မကွေးမြို့၊ ဆုံရပ်ကွက် ဆယ်အိမ်မှူး ဦးမြင့်အောင်၊ မြို့ဟောင်းရပ်ကွက်၊ ဆယ်အိမ်မှူး ဦးဝင်းကျော်ထွေး တို့သည် မကွေးမြို့၊ ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်း နှင့် ၁၈လမ်းထောင့်ရှိ၊ မူးယစ်ဆေးဝါးသုံးစွဲသူ ကိုထိုက်(ခ) သိန်းထိုက် အိမ်သို့ သွားရောက် ဆက်လက်ဖမ်းဆီးရာ ၎င်း၏ နေအိမ် အပေါ်ထပ်အိပ်ခန်းအတွင်း၌ ၎င်းကိုတွေ့ရှိရပြီး ၎င်းအိပ်ခန်းဘီရိုအတွင်းမှ 88 စာတမ်းပါ နီညိုရောင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွရှုးသွပ်ဆေးပြားများဟု ယူဆရသော(၁၂၉)ပြား၊  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးပြားများကို သုံးစွဲရာတွင် အသုံးပြုသော ပလပ်စတစ်ဗူး နှစ်ဗူး၊ မီးခံငွေခဲပြားအပိုင်းအစ (၁၈)ခု၊ ရောင်စုံပိုက်ပျော့ (၄၇) ချောင်း၊ အဖျားတွင် သံစူးချောင်းတပ် ခရမ်းရောင်အပြားကြီးမီးချစ်တစ်လုံးနှင့် အ၀ါရောင် အပြားကြီး မီးချစ်တစ်လုံး၊ အရွယ်စုံ မီးခံငွေရောင်ခဲပြား ၃ ချပ်၊ ငွေရောင်မီးခံခဲပြားအား ဖြောင့်တန်း စေရန် အသုံးပြုသော ငွေစက္ကူ နှစ်ရာတန်(၁)ရွက် နှင့် ငါးဆယ်ကျပ်တန်(၁)ရွက်တို့ကို သက်သေများရှေ့တွင် ရှာဖွှေပုံစံဖြင့်သိမ်းဆည်း ခဲ့ကြောင်းရဲမှတ်တမ်းအရ သိရသည်။

          ၎င်းအမှုများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော စိတ်ကြွရှုးသွပ်ဆေးပြားများဟု ယူဆရ သော ဆေးပြားများကို လက်ဝယ်ထားရှိ ရောင်းချသူ တရားခံ ၀င်းကိုကိုဇော်(၃၂)နှစ်၊ အထက်တန်းရှေ့နေအား မကွေးမြို့မရဲစခန်း၌ နိုဝင်ဘာ ၁ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်တွင် မူးယစ်(ပ) ၁/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၆ (က)/၂၁ ဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော စိတ်ကြွရှုးသွပ် ဆေးပြားများဟု ယူဆရသော ဆေးပြားများကို လက်ဝယ်ထားရှိ သုံးစွဲသူ ကိုထိုက်(ခ) သိန်းထိုက်(၃၇)နှစ်အား မကွေးမြို့မရဲစခန်း၌ နိုဝင်ဘာ ၁ ရက်နေ့၊ ညနေ ၇ နာရီအချိန်ခန့်တွင် မူးယစ်(ပ) ၂/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၆(က)/၂၁ တို့ဖြင့် နှစ်ဦးလုံးအား ဖမ်းဆီးစစ်ဆေးအရေးယူဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ အတည်ပြု၍ မြေလတ်မီဒီယာ က သတင်း ရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 




 

0 comments: