``မကွေးမြို့၌ တစ်ရက်တည်းကျင်းပမည့် အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)ဆိုင်ရာလူထုဆွေးနွေးပွဲကို မကွေးတိုင်းလူငယ်ကွန်ရက်မှ သဘောထားထုတ်ပြန် တောင်းဆို´´



မကွေး၊ နိုဝင်ဘာ ၉၊
          မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက်ကို  ၂၂ မြို့နယ်မှ လူငယ်ကို လူငယ်အသီးသီးဖြင့်၂၀၁၃ အောက်တို ဘာလ တွင် စတင် ဖွဲ့စည်းထား သောကွန်ရက်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၄၊ နိုဝင်ဘာ ၈/၉ နှစ်ရက်တွင် မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ မဲထီလမ်း၊ M ရုံး၌  လူငယ်ကွန်ယက်အဖွဲ့အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊  မြေယာခွဲဝေ အသုံးချမှု စစ်ဆေးဆောင်ရွက်ရေးကော်မတီ မှ ရေးဆွဲရှင်းလင်းမည့် အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) ဆိုင်ရာလူထုဆွေးနွေးပွဲကို နိုဝင်ဘာ (၁၆)ရက်နေ့ တစ်ရက်တည်း မကွေးမြို့တော်ခမ်းမ၌ ကျင်းပမည့်ကိစ္စအား ၎င်းအစည်းအဝေး မှ ဆုံးဖြတ်ချက်အရ သဘောထားထုတ်ပြန်စာဖြင့် သက်ဆိုင်ရာသို့ တောင်းဆိုလိုက်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

·         အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)အား ပြည်သူကို ချပြအကြံဥာဏ်တောင်းခံသည့် (Public Consultation ) အချိန်အတိုင်းအတာဖြစ်သည့် ၂ ပတ်တာအချိန်ကာလ သည် အလွန်အမင်း နည်းပါးသည့်အတွက် လုံးဝ (လုံးဝ)ကန့်ကွက်ပါသည်။
·         ထို့အပြင် တိုင်းဒေသကြီး အတွင်းတွင် ၁ ရက် အချိန်ဖြင့် ၁ကြိမ် တစ်နေရာသာ ကျင်းပပြုလုပ်မည့် (Public Consulatation) အစီအစဉ်မှာ ပြည်သူများနားလည်သဘောပေါက်စေရန် အတွက် အချိန်လုံလောက်မှု မရှိသောကြောင့် မြို့နယ်အလိုက် လုပ်ဆောင်ပေးသွားရန် နှင့် ပြည်သူကို ချပြအကြံဥာဏ်တောင်းခံသည့် အချိန်ကာလကို ပိုမိုရယူပေးပါရန် အလေးအနက် တောင်းဆို လိုက်သည်။

 မကွေးတိုင်းလူငယ်ကွန်ရက် သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုဇင်မင်းထိုက် ပါ ငါးဦးတို့မှ ၎င်းတို့၏ သဘော ထားထုတ်ပြန်စာဖြင့် မြေလတ်မီဒီယာ ကို အတည်ပြုပြောကြား၍ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: