``မကွေးမြို့တွင် ပဒေသာမိုးအရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် မြေလတ်ဒေသတောင်သူလယ်သမားသမဂ္ဂ တို့မှ မလုံခြုံသော သဘာဝအမွေ ဓာတ်ပုံပြပွဲကို နိုဝင်ဘာ ၁ မှ ၃ ရက်နေ့အထိ သုံးရက်ကျင်းပ´´



မကွေး၊ နိုဝင်ဘာ ၁ ။
        
  မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၊ ခွာညိုလမ်း(တောင်ထိပ်)လမ်းဆုံ၊ ဦးအောင်ကျော်ကျော်၏ နေအိမ်၌ ၂၀၁၄၊ နိုဝင်ဘာ ၁ မှ ၃ ရက်နေ့အထိ သုံးရက်တိတိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်တွင် ပဒေ သာမိုးအရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် မြေလတ်ဒေသတောင်သူလယ်သမားသမဂ္ဂ တို့မှ (မလုံခြုံသော သဘာဝ အမွေ ဓာတ်ပုံပြပွဲ) ကျင်းပကြောင်း  မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါဓာတ်ပုံပြပွဲတွင် ဖော်ပြထားသော ဓာတ်ပုံများမှာ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက် လိုင်း၏ ဓာတ်ပုံမှတ်တမ်းများဖြစ်သည်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ္မတူမြို့နယ်ဝန်ကျင်များမှ ဓာတ်ပုံများကို ဖော်ပြထားသည်၊ သတင်းဓာတ်ပုံပညာ ရှင် ဆရာစိုးဝင်းငြိမ်း၏ အကူအညီဖြင့် ဒေသခံများအား ဓာတ်ပုံပညာသင်တန်းပေးပြီး ဒေသခံပြည်သူတွေရဲ့ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပေါ် ရှုမြင်ပုံ၊ ခံစားပုံတို့ကို ဖော်ပြထားသော ဓာတ်ပုံပေါင်း (၉၈)ပုံအား ပြပွဲတွင်ဖော်ပြထားကြောင်း  မြေလတ်မီဒီယာ က တွေ့မြင်ရသည်။


``ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးတောင်သူလယ်သမားသမဂ္ဂ(မြေလတ်ဒေသ) နဲ့ ပဒေသာမိုးအရပ်ဖက်လူမှု အဖွဲ့အစည်း(ရန်ကုန်)မှ ဒေါ်ဝေေ၀လွင်တို့ကဦးဆောင်ပြီး ပူးပေါင်းကျင်းပတဲ့ ဓာတ်ပုံပြပွဲဖြစ်ပါတယ်၊ နိုဝင်ဘာ ၂/၃ ရက်နေ့တွေ မှာ မကွေးတိုင်းအတွင်း မြန်မာ- တရုတ် ဖြတ်သန်းခံရတဲ့ ကျေးရွာဒေသခံတွေလာကြမှာပါ၊ သူတို့နဲ့ မီဒီယာ တွေကို တွေ့ဆုံပေးမှာ ဖြစ်ပါတယ်။´´ဟု ဦးဇော်မင်းနိုင် (အတွင်းရေးမှူး၊မကွေးတိုင်းဒေသကြီး တောင်သူ လယ်သမားသမဂ္ဂ(မြေလတ်ဒေသ) မှ  မြေလတ်မီဒီယာ ကိုပြောသည်။


          ၎င်းတို့၏ ရည်ရွယ်ချက်မှာ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ မြန်မာနိုင်ငံကို ကန့်လန့်ဖြတ် သွယ်တန်းထားတဲ့ပိုက်လိုင်းဖြစ်ပြီး ပြည်နယ်နှစ်ခု၊ တိုင်းဒေသကြီးနှစ်ခုကို ဖြတ်ယုံသာမက အနှစ် သုံးဆယ်လုံးလုံး တရုတ်ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုအောက်မှာရှိနေမှာမို့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီး ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်၊ ထားဝယ်အထူးစီးပွားရေးဇုံတို့လို မြန်မာ့ရေမြေ၊ မြန်မာ့တောတောင်၊ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်နိုင်တဲ့စီမံကိန်းဖြစ်လို့ တစ်နိုင်ငံလုံးက ပြည်သူပြည်သားတွေများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ ရည်ရွယ်ပါတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းများရဲ့ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်း ရေး၊ လွတ်လပ်မှု၊ တိုးတက်ဖွံ့ဖြိုးမှုတို့အတွက် ယခုဓာတ်ပုံပြပွဲနဲ့ ဓာတ်ပုံစာအုပ်ဟာ မြန်မာနိုင်ငံ အကျိုးစီးပွားကို အနည်းငယ်မျှကာကွယ်ကူညီနိုင်ခဲ့တယ်ဆိုရင် စီစဉ်သူများအားလုံးက ကျေနပ်မှာဖြစ် ပါတယ်၊ ဟု ဓာတ်ပုံ ပြပွဲ စာအုပ်တွင် ဖော်ပြထား၍ မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: