``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့်ဦးဇော်မင်း(မကွေးတိုင်းစည်းရုံးရေးတာဝန်ခံ) တို့ မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ စတုဒိသာအလှူပွဲသို့ ကြွရောက်အားပေး´´



မကွေး၊ နိုဝင်ဘာ ၄ ။
         
မကွေးမြို့၊ ကန်သာရပ်ကွက်၊ အထက(၁)လမ်း၊ အေးစေတီဘုရားကွင်း၌ ၂၀၁၄၊ အောက်တိုဘာ ၄ ရက် နံနက်၈ နာရီမှ နေ့ ၁၂ နာရီအထိ မကွေးတိုင်းဒေသကြီးပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စတုဒိသာ ထမင်းကျွေးအလှူပွဲကို ကြက်သား/အာလူးဟင်း၊ ပဲကုလားဟင်းချို၊ သရက်ချဉ် နှင့်ငရုပ်သီးကျော်တို့ဖြင့် အများပြည်သူတို့အား စတုဒီသာထမင်းကျွေးကြောင်း  သတင်းရရှိသည်။

          အဆိုပါစတုဒီသာအလှူပွဲသို့ အများပြည်သူ ရှစ်ရာကျော်ခန့်အား ဧည့်ခံကျွေးခဲ့ကြောင်း၊ ၎င်း အလှူပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ(ဥက္ကဋ္ဌ၊ မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ) နှင့်ဦးဇော်မင်း (မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ၊စည်းရုံးရေးတာဝန်ခံ) တို့မှ ကြွရောက်အားပေးခဲ့ကြောင်း မြေလတ်မီဒီယာ မှ သတင်း ရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ
 

0 comments: