``၈၈ မျိုးဆက်ငြိမ်း/ပွင့်(ရန်ကုန်)အဖွဲ့မှ ပွင့်ဖြူမြို့နယ်၊ ရှောက်တောရွာ၊ ၈၈ ရုံးဖွင့်ပွဲနှင့် မင်းလှမြို့နှင့် ရေနံမကျေးရွာတို့မှာ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်အကြို အထိမ်းအမှတ် စာပေဟောပြေပွဲများ ကျင်းပ´´



မင်းလှ၊ နိုဝင်ဘာ ၁၀ ။
          ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ရန်ကုန်) မှ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)၊ ကိုဇော်ဇော်မင်းနှင့် စာရေးဆရာ ညီမင်းညိုတို့ပါ ၁၅ ဦးသည် ၂၀၁၄၊ နိုဝင်ဘာ ၉ ရက်၊ နံနက် ၉ နာရီမှ ၁၁း၃၀ နာရီအချိန်ခန့်အထိ၊ ပွင့်ဖြူမြို့နယ် ၈၈ ရုံးကို ရှောက်တောကျေးရွာ၊ ကိုရဲတင့်၏ နေအိမ်၌ ဟောပြောပွဲကို  ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)၊ ကိုဇော်ဇော်မင်း၊ စာရေးဆရာညီမင်းညို တို့က ဟောပြောကြကြောင်း၊ ဒေသခံ ရှောက် တောရွာ ၈၈ရုံးတာဝန်ခံ ကိုညီညီအောင်နှင့် ၈၈ (မကွေး)ရုံးမှ ကိုမောင်မောင်စိုးတို့ကလည်း ဟောပြော ကြောင်း၊ ထို့နောက် ဆိုင်းဘုတ်တင်ဖွင့်ပွဲကျင်းပကြောင်း၊  ၎င်းဆိုင်းဘုတ်တင်ပွဲကို ကိုဂျင်မီ နှင့် စာရေးဆရာ ညီမင်းညိုတို့ က ဖဲကြိုးဖြတ်ဖွင့်ပေးကြောင်း၊ အဆိုပါအခမ်းအနားသို့ ပွင့်ဖြူမြို့နယ်အမျိုးသားဒီမိုကရေစီပါတီဝင် ငါးဆယ် ကျော်ခန့်နှင့် လာရောက်ကြည့်ရှုသူ ပရိပ်သတ် စုစုပေါင်းသုံးရာဦးခန့်တက်ရောက်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          ယခင်ကပင် ဒီမိုကရေစီရှိခဲ့ကြောင်း၊ မင်းကျင့်တရား ဆယ်ပါးတွင် မင်းတို့သည် ပြည်သူလူထု၏ ဆန္ဒကို ဆန့်ကျင်၍မအုပ်ချုပ်ရ၊ ဆန့်ကျင်သူသည် မင်းဆိုးမင်းညစ်ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတွင် ကျင့်စဉ် နှစ်ရပ်ရှိ ကြောင်း၊ မေးခွန်းထုတ်ကြရန်နှင့် တိုင်ကြားရန်တို့ဖြစ်ကြောင်း ဤနည်းဖြင့် ပွင့်လင်းလူ့အဖွဲ့အစည်းကို ဖော်ဆောင် ကြမည်ဖြစ်ကြောင်း ၎င်းပွဲတွင် ကိုဂျင်မီ က ၎င်း ၈၈ ရုံးဖွင့်ပွဲတွင် ဟောပြောသည်။

``ယခုတိုင်းသည် မကွေးတိုင်းဒေသကြီးဖြစ်တယ်၊ ကျွန်တော့်နားထဲမှာ မြေခွေးတိုင်းလို့ကြားနေရပါတယ်၊ တိရစ္ဆာန်တိုင်းမှ လူကိုလူလို နားလည်စေချင်သည့် အဆင့်သို့ကျော်လွန်စေချင်ပါတယ်။´´ဟု စာရေးဆရာ ညီမင်းညို က ၎င်း ၈၈ ရုံးဖွင့်ပွဲတွင်ပြောသည်။

          ၎င်း ၈၈ အဖွဲ့ကို မကွေးတိုင်း NLDပါတီ၊ အတွင်းရေးမှူး ဦးနေမျိုးကျော်၊ မင်းလှမြို့နယ်NLD ဥက္ကဋ္ဌ ဦးမောင်ကို တို့က ကူညီပူးပေါင်းပါဝင်၍ နိုဝင်ဘာ ၁၀ ရက်၊ ည ၇ နာရီမှ ည ၁၀ နာရီအချိန်အထိ မင်းလှမြို့၊ ရုံးရပ် တောင်ပိုင်း၊ မင်လှခံတပ်ကြီးလမ်းနှင့် ရွှေဘုံသာဘုရားလမ်းအကြား မြေကွက်လပ်တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အကြိုအထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း၊ ပရိပ်သတ် နှစ်ရာ့ငါးဆယ်ဦး ကျော်ခန့် လာရောက်ကြောင်း၊ ၎င်းစာပေဟောပြောပွဲတွင် စာရေးဆရာ ညီမင်းညို မှ အနုပညာတန်းလျား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကိုဂျင်မီ မှ ကမ္ဘာမကြေ မြန်မာပြည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အတွင်းရေးမှူး ဦးနေမျိုးကျော်ကလည်း  အားဖြည့် ဟောပြောခဲ့ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          အလားတူ၊ ၈၈ မျိုးဆက်နှင့် အမျိုးသားဒီမိုကရေစီပါတီတို့သည် နိုဝင်ဘာ ၁၀ ရက်၊ ညပိုင်းတွင် မင်းလှမြို့နယ်၊ ရေနံမကျေးရွာ၊ ဘောလုံးကွင်း၌ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အကြိုအထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကိုမောင်မောင်စိုး ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) က မြေလတ်မီဒီယာ ကို အတည်ပြု ပြောကြားသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

 

0 comments: