ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာနှီးနှောဖလှယ်ပွဲနှင့် ဖျော်ဖြေရေးပွဲ (မကွေး မြို့တော်ခမ်းမ)



မကွေး၊ နိုဝင်ဘာ ၂၈ ။
မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အထက ၁လမ်းမြို့တော်ခမ်းမ၌ ၂၀၁၄၊ နိုဝင်ဘာ ၂၈၊ နံနက် ၈း၃၀ မှ ည အထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာနှီးနှောဖလှယ်ပွဲကြီး ကျင်းပနေကြောင်း  မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ ဦးဆောင်လမ်းညွှန်မှုနှင့် မကွေးတိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ အစီအစဉ်ဖြင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ၏ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများ နှင့် မဖိတ်ကြားသော်လည်း မည်သူမဆို ၀င်ရောက် လေ့လာဆွေးနွေးနိုင်ကြောင်း၊ တက်ရောက်သူအင်အား ၇၀၀ ဦးကျော်ခန့်ရှိကြောင်း သိရသည်။

အခမ်းအနား ပထမပိုင်း၌ မြို့တော်ခမ်းမရှေ့ရှိ မုဒ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဒုတိယ ပိုင်းတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် နှင့် တာဝန်ရှိသူများမှ ပွဲစီစဉ်ရခြင်းအကြောင်း ရှင်းလင်းခြင်း၊ Htet Media Group မှ ထာဝစဉ်အလေးအနက် တေးသီချင်း သရုပ်ဖော်အစီအစဉ်တင်ဆက်၍ DVD ခွေများဖြန့်ဝေခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ တက်ရောက်သူများမှ သိရှိလို သည်များမေးမြန်းခြင်း၊ မကွေးတိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့က ပြန်လည်ဖြေကြားရှင်းလင်းခြင်း၊ ယာဉ်ထိမ်း ရဲတပ်ဖွဲ့ဝင်များမှ ခမ်းမရှေ့တွင် လမ်းအသုံးပြုသူများ၏ အမြင်သဘောထား ရွေးချယ်ပေးပါဟု လက်ကမ်းများမှ အချက်အလက်စုံများကို (ခြစ်ပေးပါ) ဟု တောင်းခံခြင်း။ တတိယပိုင်းတွင် ဖျော်ဖြေတင် ဆက်ခြင်း၊ ခေါင်းစဉ်အကြောင်းအရာကို ပညာရှင်တစ်ဦးက ပြောကြား၍ အပြန်အလှန် နှီးနှောဖလှယ် ဆွေးနွေးကြခြင်း။ စတုတ္ထပိုင်းအစီအစဉ်တွင် တတိယခေါင်းစဉ်အား ပညာရှင်တစ်ဦးမှ ချပြဆွေးနွေး၍ ဆွေးနွေးလိုသူများကို  ဖိတ်ခေါ်ဆွေးနွေးကြခြင်း၊ လက်ကမ်းစာဆောင်များနှင့် ပညာပေးDVD ခွေများအား လက်ဆောင်များ ပေးခြင်း၊(ခြစ်ပေးပါ) စာစောင်များအရ အများပြည်သူများ၏ အမြင်သဘောထားကို ပြန်လည် စစ်တမ်းစစ်ခြင်း။ ညပိုင်း ဖျော်ဖြေရေးအတွက် ၀င်ခွင့်လက်မှတ်များပေးခြင်း။ ပဉ္စမပိုင်းအစီအစဉ်ကို ညနေ ၆ နာရီမှ စတင်၍   ည ၉ နာရီအချိန်ခန့်အထိ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်သီဆိုဖျော်ဖြေပေးကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

0 comments: