``မကွေးမြို့နယ်၊ ကန်ပြား(အနောက်)ကျေးရွာအနီးရှိ မကွေး-နတ်မောက်ကားလမ်း၊ အောင်ရတနာ စက်သုံးဆီဆိုင်၌ ဆီပေပါ(၁၂၀)ခန့်အား မီးလောင်မှုဖြစ်ပွား´´



မကွေး၊ နိုဝင်ဘာ ၁၄ ။
         
မကွေးမြို့နယ်၊ ကန်ပြား(အနောက်)ကျေးရွာအနီး၊ မကွေး-နတ်မောက်ကားလမ်း၊ မကွေးမြို့မှ ခြောက်မိုင် ခန့်ဝေးသော စက်သုံးဆီအခန်းပေါင်း လေးဆယ့်နှစ်ခန်းမှ ဆိုင်ခန်းအမှတ် ၁/၂/၃/၄ ၊ ဆိုင်ပိုင်ရှင် ဦးအောင်ဌေး၊ ဒေါ်ခင်မာဦး ၏ အောင်ရတနာ စက်သုံးဆီရောင်းဝယ်ရေးဆိုင်ကို ၂၀၁၄၊ နိုဝင်ဘာ ၁၄ ရက်၊ နေ့ ၁၂း၄၅ မှ  ၁း၂၀ နာရီအချိန်ခန့်အထိ မီးလောင် မှုဖြစ်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          ဖြစ်စဉ်မှာ ၎င်းစက်သုံးဆီဆိုင်သို့ ဆီသယ်ယာဉ်အမှတ် ၃ခ/၈၅၉၉၊ ယာဉ်မောင်း ကိုနေလင်းအောင် ကားမှ ဆီထုတ်ယူပေးနေစဉ် အလုပ်သမား ကိုမျိုးကျော်သူ(ခ)ကျော်သူ နှင့် ကိုဇော်လှိုင်းတို့ နှစ်ဦးဖြင့် ဆီပေပါများ ရွေ့ပြောင်း၍ ပေပါခြင်းထိခပ်ပြီး နေ့ ၁၂း၄၅ နာရီအချိန်၌ မီးစတင်လောင်ကြွမ်းကြောင်း၊ မီးလောင်ရာသို့ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်ပေါင်းအစီး(၂၀)ဖြင့် အချိန်မီ ငြိမ်းသတ်နိုင်ခဲ့၍ နေ့ ၁း၃၀ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ဆီပေပါပေါင်း(၁၂၀)လုံး၊ ကာလတန်ဘိုးငွေကျပ် သိန်း(၂၄၁၀၅၀၀၀၀) နှစ်ရာ လေးဆယ့်တစ်သိန်းငါသောင်း ဆုံးရှုံးပျက်စီးကြောင်း၊ လူ၊တိရိစ္ဆာန် ထိခိုက်/အသေးအပျေက်မရှိကြောင်း၊ မီးလောင်ရာနေရာသို့ မကွေးမြို့နယ်မှ မီးသတ်ယာဉ် ကိုးစီး၊ မင်းဘူးမြို့မှ မီးသတ်ယာဉ်နှစ်စီး၊ မြို့သစ်၊ နတ် မောက်၊ ရေနံချောင်းမြို့များမှ မီးသတ်ယာဉ်တစ်စီး စီ လာရောက်ကြောင်း၊ မီးလောင်ရာသို့ မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းနှင့် ရဲတပ်ဖွဲ့ဝင် တစ်ရာကျော်ခန့်၊ တိုင်း/ခရိုင်/မြို့နယ်မီးသတ် သန္ဓေတပ်သား သုံးဆယ့်ငါးဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ခုနှစ်ဆယ်ဦး၊ လေတပ်နှင့် အမြောက်တပ်ရင်းမှ အရာရှိ အရာခံများနှင့် ရဲဘော်များနှင့် ကြက်ခြေနီတပ်ဖွဲဝင်များ ဒေသခံလုပ်သားပြည် သူတို့ က ၀ိုင်းဝန်းကူညီကြကြောင်း  မကွေးတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် က မြေလတ်မီဒီယာ ကိုပြောကြားသည်။


         
၎င်းဖြစ်စဉ် မီးလောင်မှုနှင့်ပတ်သက်၍ ဆီထုတ်ယူသယ်ဆောင်သော အလုပ်သမား ကိုမျိုးကျော်သူ (ခ)ကျော်သူ (၂၇)နှစ်၊ နှင့် ကိုဇော်လှိုင်း တို့နှစ်ဦးအား မကွေးနယ်မြေရဲစခန်း မှ (ပ)၂၉၀/၂၀၁၄ ၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း  မကွေးမြို့နယ်ရဲမှတ်တမ်းမှ မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: