``မကွေးအခွန်လွတ်ဈေးပြောင်းရွေ့ပေးရန် ဈေသည်များကို မြို့နယ်အုပ်ချုပ်ရေမှူးရုံးသို့ ထပ်မံခေါ်ယူညှိနှိုင်း ကျန်ရှိသော ဈေးသည်များက ၎င်းတို့တောင်းဆိုတာ မရ၍ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ဆန္ဒပြမည် ဆို´´



မကွေး၊ နိုဝင်ဘာ ၂၁ ။
          မကွေးမြို့၊ ကန်သာရပ်ကွက်၊ အေးစေတီဘုရားကွင်းအနီးရှိ မဲဇလီလမ်းနှင့် အထက ၁ လမ်းထောင့်မှ အခွန်လွတ်ဈေးကို သိင်္ဂါဂီရိရပ်ကွက်၊ မင်္ဂလာဈေးသို့ ပြောင်းရွေ့ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင်တစ်ကြိမ်၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင်တစ်ကြိမ် အပြီးပြောင်းရွေ့ပေးရန် လက်ရှိဈေးနေရာသို့ ဗီနိုင်း ကြော်ငြာကပ်၍ အသိပေးခဲ့ကြောင်းသိရသည်။ နိုဝင်ဘာ ၁၅ ရက်နေ့က ၎င်းဈေးသည်များသည် မင်္ဂလာဈေးသို့ မဲစနစ်ဖြင့် နေရာချထားပေးရန်တောင်းဆိုခဲ့သော်လည်း ဈေးသစ်တွင် ကြိုတင်နေရာယူထားပြီးသော အသားငါး ဈေးသည်များမှ ဖယ်မပေး၍ မဲစနစ်ပျက်ခဲ့၍ ကုန်စိမ်းဈေးသည်များအဖွဲ့မှ မူလဈေးဟောင်းသို့ ဆက်လက် ရောင်းချနေကြောင်း၊ ထို့ကြောင့် စည်ပင်သာယာအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက်နေ့ အပြီးပြောင်းရွေ့ပေးရန် ဗီနိုင်းစာ ဖြင့်အသိပေးခဲ့ကြောင်း၊ ကျန်ဈေးသည်များက မပြောင်းရွေ့သောကြောင့် နိုဝင်ဘာ ၂၁ ရက်၊ နံနက် ၉း၃၀ မှ ၁၀ နာရီအချိန် အထိ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့  ကော်မတီအဖွဲ့စုံဖြင့် ခေါ်ဆောင်ညှိနှိုင်းကြောင်း မြန်မာပို့စ် က သတင်းရရှိသည်။


``ကျွန်မတို့က မင်္ဂလာဈေးကိုလည်း သူတို့ခေါ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့က အဖွဲ့လိုက်သွားခဲ့ပါတယ်၊ မဲစနစ် မလုပ်ဘဲ ဦးရာသူစနစ်ဆိုလို့ ပြန်လာခဲ့ကြပြီး လက်ရှိနေရာဘဲ ပြန်ရောင်းချပါတယ်၊ ယခု ၂၁ ရက်နေ့ ညှိနှိုင်းပွဲမှာ လည်း ကျွန်မတို့တောင်းဆိုတာကို ဘာမှ မရခဲ့ပါဘူး၊ ဒါကြောင့် ၂၇ ရက်နေ့မှာ ဆန္ဒပြဖို့ စာတင်ထားပါတယ်။´´ ဟု မသိန်းသိန်း၊ မမိုးသူ နှင့် ဈေးသည် နှစ်ဆယ်ဦးတို့က  မြေလတ်မီဒီယာ ကိုပြောသည်။


          မပြောင်းရွေ့သောဈေးသည်များမှ မင်္ဂလာဈေးသို့ မဲစနစ်ပျက်၍ ဦးရာသူစနစ်ကြောင့် လုံးဝ မပြောင်းလို ကြောင်း၊ မကွေးမြို့၊ ရန်ကင်းဈေးသို့သာ ပြောင်းရွေ့လိုကြောင်း၊ လက်ရှိအခွန်လွတ်ဈေးသို့ ကျေးရွာ နှစ်ဆယ်မှ ဖောက်သည်ဈေးသည်များရှိနေကြောင်း၊ မင်္ဂလာဈေးသို့ ပြောင်းရွေ့လျှင် ဖောက်သည်များပျက်၍ မိသားစုအားလုံး ထိခိုက်နစ်နာမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဈေးသည်များမှ တင်ပြသည်၊ စည်ပင်သာ ယာရေးအဖွဲ့မှ ရန်ကင်းဈေးသို့ ပြောင်းရွေ့လိုလျှင် ၎င်းဈေးဖွင့်/ပိတ်ချိန်တွင် ဈေးခွန်ဆောင်၍ ရောင်းချမည် ဆိုလျှင် ပြောင်းရွေ့ခွင့်ပြုကြောင်း၊ အခွန်လွတ်ဈေးအဖြစ် မင်္ဂလာဈေးသို့သာ ပြောင်းရန်သတ်မှတ်ထားပြီးဖြစ်၍  အသိပေးထားသောနိုဝင်ဘာ ၁၃ရက်၊ နိုဝင်ဘာ ၂၁ ရက်နေ့ နှစ်ကြိမ်တိတိ အသိပေးကြေညာပြီးဖြစ်၍ ၎င်းရက် တွင် အပြီး မပြောင်းရွေ့လျှင် စည်ပင်သာယာ ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း စည်ပင် သာယာရေးအဖွဲ့မှ ပြောကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          နိုဝင်ဘာ ၂၁ ၊ နေ့ ၁၂ နာရီအချိန်တွင် အခွန်လွတ်ဈေးသည်များမှ မူလဈေးနေရာသို့ပြန်သွားကြပြီး နိုဝင်ဘာ ၂၇ ရက်နေ့တွင် ၎င်းတို့အဖွဲ့ဆန္ဒပြရန်အတွက် ကန်သာအခွန်လွတ်ဈေးမှာ စုဝေး၍ အထက(၁)လမ်း၊ လမ်းငါးသွယ်၊ ဗိုလ်ချုပ်ကြေး ရုပ်၊ ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာလမ်း၊ သစ္စာလမ်း၊ ၎င်း မှ အထက(၁)လမ်းအတိုင်း ကန်သာအခွန်လွတ်ဈေးသို့ ပြန်ဝင်မည့် လမ်းကြောင်းအတိုင်း ဆန္ဒထုတ်ဖော်ကြရန် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မသိန်းသိန်း၊ မမိုးသူ နှင့် ဈေးသည် နှစ်ဆယ်ဦးတို့က  မြေလတ်မီဒီယာ ကိုပြော သည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: