``ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နတ်မောက်မြို့တွေ့ဆုံပွဲ မစတင်မီ NLD ပါတီနှင့် အခြားပါတီဝင်များမှ နေရာချထားရေးတွင် လေးစားမှု၊ညီမျှမှုမရှိ၍ ထပြန်ခဲ့ကြ ဟုဆို´´



နတ်မောက်၊ နိုဝင်ဘာ ၈ ။
          မကွေးခရိုင်၊ နတ်မောက်မြို့သို့ ၂၀၁၄၊ နိုဝင်ဘာ ၈ ရက်၊ နံနက် ၁၀ နာရီမှ နေ့၁၂း၃၀နာရီအချိန်ခန့်တွင် နတ်မောက်မြို့၊ ဈေးရပ်ကွက်၊ မြို့နယ်ခမ်းမ၌ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နတ်မောက်သို့ လာရောက်၍ လူထုတွေ့ဆုံပွဲကျင်းပကြောင်း၊ လူထုအင်အား ၄၅၀ ဦးခန့်တက် ရောက်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ပြတိုက် ၊ ဗိုလ်ချုပ်စာသင်ခဲ့သော ကျောင်းသို့ သွားရောက်ကြည့်ရှု ၍ ငွေများလှူဒါန်းကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


`` ကျွန်တော်တို့နိုင်ငံရေးပါတီဝင်တွေက သူရဦးရွှေမန်းနဲ့ တွေ့ချင်လွန်းလို့ နံနက် ၄ နာရီက အိပ်ရာထပြီး ကြိုးစား လာခဲ့ကြတယ်၊ ခမ်းမနေရာချထားတော့ ဒေသခံအိမ်ရှင်ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ရှေ့ဆုံးမှာထားတယ်၊ ကျွန်တော်တို့ကို လေးစားနွေးထွေးမှု မရှိကြဘူး၊ ဒါကြောင့် သူရဦးရွှေမန်းမလာမီ NLD ပါတီဝင်တွေ အားလုံးထပြီး ပြန်လာခဲ့ကြပါတယ်၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ကတော့ တောင်းပန်ပြီး တားပါသေးတယ်။´´          ဟု ဦးစိုးမိုး( ဥက္ကဋ္ဌ၊ မကွေးမြို့နယ်NLD ပါတီ) မှ မြေလတ်မီဒီယာ ကိုပြောသည်။ ၎င်းမှ ဆက်လက်၍


          အဆိုပါတွေ့ဆုံပွဲသို့ မကွေးခရိုင်အတွင်းရှိ မကွေး၊ ချောက်၊ရေနံချောင်း၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်မြို့ စသည့်ခြောက်မြို့နယ်မှ နိုင်ငံရေးပါတီများကို ပါတီအဖွဲ့ တစ်ဖွဲ့၊ တစ်မြို့နယ်လျှင် သုံးဦး နှုန်းဖြင့် တက်ရောက်ရန်ကြရန် ဖိတ်စာများကို နိုဝင်ဘာ ၇ ရက်၊ ည ၉ နာရီအချိန်မှာ သက်ဆိုင်ရာမှ ဖိတ်ကြားကြောင်း၊ နံနက် ၆ နာရီအချိန်တွင် မြို့နယ်အသီးသီးမှ နတ်မောက်မြို့သို့ မော်တော် ယာဉ်များဖြင့်သွားကြရန် စုရပ်များစီ စဉ်ထား၍ လိုက်ပါလိုသော ပါတီဝင်ပေါင်းစုံတို့သည် နံနက် ၄ နာရီအိပ်ယာထပြီး စုရပ်သို့လာကြောင်း၊ နတ်မောက်မြို့သို့ နံနက် ၇ နာရီကျော်အချိန်ခန့်တွင် ရောက်ရှိပြီး ခန်းမအတွင်း၌ နေရာချထားကြောင်း၊ နိုင်ငံရေးပါတီပေါင်းစုံမှ အဖွဲ့များကို ၎င်းခမ်းမ၏ နောက်ပိုင်းမှာ နေရာချထားပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများ နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ရှေ့ဆုံးမှ နေရာပေးကြောင်း၊ အစည်းအဝေးဖိတ်ကြားထားသည့် အချိန်ထက် အချိန်အတော်ကြာသည့်အထိ နာရီပေါင်းများစွာ စောင့်ဆိုင်းနေကြရကြောင်း၊ အချိန်ကို မလေးစားခြင်း၊ ဧည့်ခံနေရာချထားသူများမှာလည်း အခြားနိုင်ငံရေးပါတီဝင်များကို လေးစားမှုမရှိခြင်းတို့ကြောင့် တွေ့ဆုံပွဲမစ တင်မီ နံနက် ၉း၃၀ နာရီအချိန်တွင် မကွေးခရိုင်အတွင်းရှိ ခြောက်မြို့နယ်မှ NLDပါတီဝင် နှစ်ဆယ်ဦးနှင့် အခြားပါတီ ၀င်များ ထ၍ ပြန်လာကြောင်း မကွေးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး က မြေလတ်မီဒီယာ ကို ပြောသည်။


          ၎င်းကိစ္စအား နတ်မော်ကဒေသခံ သတင်းသမားတစ်ဦးထံ မေးမြန်းရာ၊ နိုင်ငံရေးပါတီအဖွဲ့တွေ အားလုံး တက်ရောက်လက်မှတ်ထိုးကြကြောင်း၊ သတင်းမှတ်တမ်း ဓာတ်ပုံများရိုက်ယူထားကြောင်း၊ သူတို့ ထပြန်သွားတာ မသိလိုက်ကြောင်း ဒေသခံသတင်းသမားတစ်ဦးက မြေလတ်မီဒီယာ ကို ပြောသည်။

ဝိုင်းကြည်အောင်
                                                                                 မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 
 

0 comments: