``မကွေးဆေးတက္ကသိုလ်ကျောင်းသားများ အရိုက်ခံရ၊ ကျောင်းသားများမှ အမှုမဖွင့်ဟုဆို´´




မကွေး၊ နိုဝင်ဘာ ၂၅ ရက်။
          မကွေးဆေးတက္ကသိုလ်ကျောင်းသားများနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကာ/လုံဝန်ကြီး တို့ တွေ့ဆုံ ၍ ပြင်ပနေသော ဘော်ဒါဆောင်များ၌ တက္ကသိုလ်အသီးသီးမှ ကျောင်းသားများ လုံခြံရေးအတွက် အောက် တိုဘာလထဲက တွေ့ဆုံခဲ့ကြောင်းသိရသည်။ ၎င်းတွေ့ဆုံပြီးနောက်ပိုင်း ၂၀၁၄၊ နိုဝင်ဘာ ၂၄ ရက် ည ၁၁ နာရီ အချိန်ခန့်တွင် မကွေးဆေးတက္ကသိုလ် ကျောင်းသားများ အရိုက်ခံရ၍ ကျောင်းသားများမှ အမှုမဖွင့်ကြောင်း မြေလတ်မီဒီယာ က နိုဝင်ဘာ ၂၅ ရက်နေ့မှာ သတင်း ရရှိသည်။

          ဖြစ်စဉ်အကျဉ်းမှာ မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ ဆားဆည့် ၁ လမ်းနှင့် လမ်းမတော်လမ်းထောင့်၊ မီးသတ်စခန်းအနီးတွင် နိုဝင်ဘာ ၂၄ ရက်၊ ည ၁၁ နာရီအချိန်၌ ဆားစည့်ရပ်ကွက်၊ အုပ်ကန်လမ်း၊ အိမ်အမှတ် ၂၂၄ ဘော်ဒါဆောင်မှ ဆေးကျောင်းသားများ ကိုကိုကောင်းထက်(၂၂)နှစ်၊ တတိယနှစ်ဆေးတက္ကသိုလ်ကျောင်း၊ ကိုပိုင်လင်း(၂၂)နှစ်၊ နောက်ဆုံးနှစ် အပိုင်း(က)ဆေးကျောင်း၊ ကိုရဲစိုး(၂၄)နှစ်၊ နောက်ဆုံးနှစ် အပိုင်း(ခ) ဆေး ကျောင်းသား သုံးဦးတို့သည် ဆိုင်ကယ်အမှတ် ၁၈ယ/၃၁၃၀၂ ကန်ဘို၁၂၅ ဖြင့် ပြန်လာကြောင်း၊ ၎င်းနေရာ အရောက်မှာ ကိုဝင်းခန့်ကျော်(၁၇)နှစ်၊ ဆားဆည့်ရပ်ကွက်၊ ဧည့်ရိပ်သာလမ်း၊ အိမ်အမှတ် ၇၁ နေသူနှင့်အတူ အမည်မသိ လူငယ် လေးဦးတို့က ဆေးကျောင်းသား သုံးဦးတို့၏ ဆိုင်ကယ်အားတားဆီး၍ ရန်စပြီး ဒုတ်များ၊ ခဲများဖြင့် ရိုက်နှက်သွားကြောင်း၊ ထိုသို့ဖြစ်နေစဉ် ဘေးမှ ၀င်ရောက်ဖျန်ဖြေသူ ကိုကျော်သူစိုး(၄၁)နှစ်က ၀င်ရောက်တားဆီးရာ ၀င်းခန့်ကျော်နှင့်လေးဦးတို့ က ကိုကျော်သူစိုးအား ၀ိုင်းပြီးရိုက်ကြောင်း၊ ကိုကျော်သူစိုး၏ ယာဘက်မျက်ခုံး၌ ပွန်းပဲ့ဒဏ်ရာများရရှိ၊ ဒဏ်ရာရသူ ကိုကျော်သူစိုးအား ရဲဆေးစာဖြင့် မကွေးတိုင်း ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ဆေးကုသခံယူရန်ပို့ဆောင်ထားကြောင်း၊ ဆေးကျောင်းသား သုံးဦး တို့မှာ ဒဏ်ရာမရဘဲ ၎င်း တို့စီးနင်းလာသော မော်တော်ဆိုင်ကယ်အား ဖျက်ဆီးရာ ၎င်းဆိုင်ကယ်၏ ယာဘက်ရင်အုံနှင့် ဒူးကာကွဲ၍ မီးလုံးများ ကွဲ၊ ဖင်ထိုင်ခုံပျက်စီး၊ ဂီယာတံများကျိုးပဲ့သွားကြောင်း ရဲမှတ်တမ်းစစ်ဆေးချက်အရ သိရသည်။

          အမည်မသိသော လူငယ်လေးဦးနှင့်အတူ ကျူးလွန်ခဲ့သူ ၀င်းခန့်ကျော်အား ၎င်း၏ အိမ်သို့သွားရောက် ရှာဖွှေဖမ်းဆည်းရာ ၀င်းခန့်ကျော်နှင့် လူငယ်လေးဦးတို့မှာ တိမ်းရှောင်နေကြောင်း၊ ၎င်းအမှုအား ဒဏ်ရာရသူ ကိုကျော်သူစိုးနှင့် ဆေးကျောင်းသား သုံးဦးတို့က အမှုဖွင့် တိုင်းတန်းလိုခြင်းမရှိကြောင်း ရဲမှတ်တမ်းမှ မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: