``ဆိပ်ဖြူမြို့နယ်တွင် သစ်မှောင်ခိုကား ချောက်ထဲကျ၍ လူငါးလောင်းပြိုင်သေဆုံးပြီး ခြောက်ဦးဒဏ်ရာရ´´




ဆိပ်ဖြူမြို့၊ နိုဝင်ဘာ ၆ ။
          ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဖလံမကျေးရွာအနီး၊ ဆိပ်ဖြူ-ဆောသွား ကားလမ်းမိုင်တိုင်အမှတ် ၃၄/၆ အနီးရှိ ကုန်းဆင်းလမ်းတွင်၊ ၂၀၁၄၊ နိုဝင်ဘာ ၅ ရက်၊ နံနက် ၆ နာရီအချိန်ခန့်တွင် ယာဉ်မောင်း အငယ် လေး(၂၅)နှစ်၊ ဗလုံတောကျေးရွာ(မကျီးစု) မှ အပြာရောင် ဟီးနိုးကား(အပြာရောင်) နံပတ် ၉ခ/၆၆၂၁ သည် ဆောမြို့မှ ဆိပ်ဖြူမြို့သို့ တရားမ၀င်(မှောင်ခို)သစ်တန် လေးတန်ခန့်ကိုတင်ဆောင်လာစဉ် အရှိန်မထိန်းနိုင်ဖြစ်၍ ဆယ်ပေခန့်နက်သော ချောက်ထဲသို့ ထိုးကျတိမ်မှောက် သွားကြောင်း၊ ၎င်း ယာဉ်ပေါ်တွင် ခရီးသည် ၁၃ ဦးပါလာရာ၊ ကျား လေးဦးနှင့် မ တစ်ဦး၊ စုစုပေါင်း ငါးဦးသေ ဆုံးကြောင်း၊ ခြောက်ဦး ဒဏ်ရာရရှိကြောင်း မဇ္ဈိမ က နိုဝင်ဘာ ၆ ရက်နေ့တွင် သက်ဆိုင်ရာရဲစခန်းမှ သတင်းရရှိသည်။

          သေဆုံးသူများမှာ ကိုအောင်မျိုးသက်(၂၁)နှစ်၊ အလုပ်အကိုင်ကျဘမ်း၊ ကိုပြေသူအောင်(၃၂)၊ ကျဘမ်း၊ ကိုဌေးဝင်းအာင်(၃၅)နှစ်၊ကျဘမ်း၊ ကိုဟန်ဝင်းအောင်(၂၀)နှစ်၊ ကျဘမ်း၊ ဒေါ်အမာနိုး(၃၀)နှစ်၊ ကျဘမ်း၊ ငါးဦး သေဆုံးကြောင်း၊ ၎င်းတို့မှာ ဆိပ်ဖြူမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင်နေထိုင်သူများဖြစ်ကြောင်း၊ ဒဏ်ရာရရှိ သူများမှာလည်း  ၎င်းသက္ကယ်ကျင်းရွာမှ ဖြစ်၍ လူနာများကို ဆိပ်ဖြူမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသရ ကြောင်း သိရသည်။

          ၎င်းသစ်မှောင်ခိုကား တိမ်းမှောက်မူဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အငယ်လေး(၂၅)နှစ်၊(ဘ) ဦးအောင်မြင့်၊ ဖလုံတောကျေးရွာမှ ယာဉ်ကိုမဆင်မခြင်မောင်း၍ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်း၌၊ နိုဝင်ဘာ ၅ ရက်၊နေ့ ၁၀ နာရီအချိန်ခန့်တွင် (ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၁-က/၃၃၇/၃၃၈ ဖြင့်လည်းကောင်း၊ တရားမ၀င်သစ်များသယ်ဆောင်လာမှုနှင့်ပတ်သက်၍လည်း ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဥပဒေဖြင့် အရေးယူဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ  မြေလတ်မီဒီယာ မှ သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: