``ပခုက္ကူမြို့နယ် NLDပါတီ မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မြောက်ရေး ဆန္ဒပြ´´


ပခုက္ကူ ၊ နိုဝင်ဘာ ၂၁ ။
          ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ သတိပဌာန်လမ်းရှိ ၊ မြို့နယ်အမျိုးသားဒီမိုကရေစီပါတီဝင်များ ငါးရာဦး ခန့်ဖြင့် ၂၀၁၄၊ နိုဝင်ဘာ ၂၁ ရက်၊ နံနက် ၉ နာရီမှ နေ့ ၁၁ နာရီအချိန်ခန့်အထိ တောင်းဆိုချက် ငါးမျိုးဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မဖြစ်မြောက်ရေး ဆန္ဒပြကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

၎င်းဆန္ဒပြပွဲကို သက်ဆိုင်ရာအာဏာပိုင်မှ ခွင့်ပြုချက်ရရှိကြောင်း၊ နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့မလမ်း၊ သီတာလမ်း၊ ဗိုလ်ချုပ်လမ်း၊ သတိပဌာန်လမ်း၊ မြို့မလမ်းမှ မြို့နယ်အမျိုးသားဒီမိုကရေစီပါတီရုံးသို့ နေ့ ၁၁နာရီအချိန်ခန့်တွင် ပြန်လည်ရောက်ရှိ၍ ပြီးဆုံးကြောင်း၊ တောင်းဆိုသော  စာသားများကို ဗီနိုင်းပိုစတာများ ကိုင်ဆောင်ပြီး (၁) ၄ ပွင့်ဆိုင်တွေ့ဆုံရေး- ဒို့အရေး။ (၂) ၄၃၆ ပြင်ဆင်ရေး- ဒို့အရေး။ (၃) ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မြောက်ရေး- ဒို့အရေး။ (၄) တရားဥပဒေစိုးမိုရေး- ဒို့အရေး။ (၅) ပြည်တွင်းငြိမ်းချမ်းရေး- ဒို့အရေး စသည့် စာသားပါဆိုင်ဘုတ်များကို ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် မြို့တွင်းသို့ လှည့်လည်ကြသည်။

          ၎င်းတို့တောင်းဆိုသော မျှော်လင့်ချက်များမှာ ၄ပွင့်ဆိုင် တွေ့ဆုံရေးက ``အားလုံးအဆင်ပြေစေဖို့´´။ ၄၃၆ ပုဒ်မ ပြင်ဆင်ရေးက``ပြည်သူများ အမြန်လွတ်မြောက်ဖို့´´။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးက ``တိုင်း ပြည်အမြန်တိုးတက်ဖို့´´။ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးက ``အေးချမ်းသာယာ ဖွံ့ဖြိုးဖို့´´။ ရည်ရွက်ချက်က လွှတ်တော်ကို တွန်းအားဖြစ်စေဖို့ပါ´´  ဟု ပါသော လက်ကမ်းကြော်ငြာစာရွက်များကို လမ်းဘေး မှ ရပ်ကြည့်သော ပြည်သူလူထုကို ဝေငှကြောင်း မြင်တွေ့ရသည်။ 

          ၎င်းဆန္ဒပြနေစဉ်၊ ပခုက္ကူမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးသန့်ရှင်းအား  မြေလတ်မီဒီယာ က ဤသို့မေးရာ ( လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၄၃၆ ပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှ နောက် လွှတ်တော်မှာ ပြင်ဆင်တော့မည် ပြောထားပြီးဖြစ်၍ NLD အနေဖြင့် ယခုဆန္ဒပြပွဲက အကျိုးသက်ရောက်နိုင်ဦးမည်လား) ဟု မေးမြန်ခဲ့သည်။

 NLD ဥက္ကဋ္ဌ ဦးသန့်ရှင်း မှ
`` ဒါကတော့ သူရဦးရွှေမန်း ဘာပဲပြောပြော ယခုကျင်းပနေတဲ့ လွှတ်တော်သက်တန်းက ၂၅ ရက်ကျန်ပါသေး တယ်၊ ဒါကြောင့် ဒေါ်အောင်စုကြည် သမ္မတ ဖြစ်ရေးအတွက် မျှော်လင့်ချက်ရှိပါသေးတယ်၊ ဒါကြောင့် အင်အား ၇၀၀/၁၀၀၀ ဦးခန့်နဲ့ ဆန္ဒပြကြတာပါ။´´ ဟု ပခုက္ကူမြိုနယ်NLD ပါတီ ဥက္ကဋ္ဌ ဦးသန့်ရှင်းက  မြေလတ်မီဒီယာ ကိုပြောသည်။


          ၎င်း ဆန္ဒပြပွဲ၏ ထိပ်ဆုံးမှ သံဃာတော်တစ်ပါးမှ ကြွေးကြော်သံများကို စိတ်အားထက်သန်စွာ တိုင်ကြားနေ ကြောင်းသိရသည်၊ ထိုဆရာတော်မှ ရေစကြိုမြို့နယ်၊ မအူကျေးရွာမှ ဆရာတော် ဦးအာလောက ဖြစ်ကြောင်း၊ ၎င်းတို့ မူလအစီအစဉ်၌ မပါဝင်ကြောင်း၊ သူ၏ စိတ်ဆန္ဒအရ လာရောက်ပြီး ဦးဆောင်ကြောင်း လုံခြုံရေးတာဝန် ယူသော NLD လူငယ်အဖွဲ့က မြေလတ်မီဒီယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: