``မကွေးမြို့၊ ကန်သာရပ်ကွက်၊ အထက(၁)လမ်းနှင့် မဲဇလီလမ်းထောင့်ရှိ အခွန်လွတ်ဈေး ကို မကွေးမြို့၊ သိင်္ဂါဂီရိရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မင်္ဂလာဈေးသို့ နိုဝင်ဘာ ၁၃ ရက်နေ့အပြီးရွေ့ရန် စည်ပင်မှအသိပေး´´



မကွေး၊ နိုဝင်ဘာ ၅ ။
        
  မကွေးမြို့၊ ကန်သာရပ်ကွက်၊ အထက(၁)လမ်းနှင့် မဲဇလီလမ်းထောင့်ရှိ အခွန်လွတ်ဈေး ကို ၎င်း နေရာတွင်ချထားပေးခဲ့သည်မှာ ၁၁ နှစ်ခန့်ရှိခဲ့ကြောင်း၊ ယခု ပြောင်းရွေ့ခိုင်းသည့် ဈေးမှာ ယခင်ကလည်း မင်္ဂလာ ဈေးမှ မြသလွန် ဘုရားပွဲတော်ကွင်းဈေးသို့တစ်ကြိမ်၊ ၎င်းဘုရားကြီးကွင်းဈေးမှ ယခုလက်ရှိနေရာသို့ တစ်ကြိမ်၊ ယခုနေရာမှ ကန်သာဈေးသို့ တစ်ကြိမ်၊ ကန်သာဈေးမှ ယခုလက်ရှိနေရာသို့ တစ်ကြိမ် ပြောင်းရွေ့ခိုင်းခဲ့ကြောင်း၊ ယခုထပ်မံပြီး မင်္ဂလာဈေးသို့ ပြောင်းရွေ့ရန် စည်ပင်သာယာမှသတင်းရရှိကြောင်း၊ ဈေးဆိုင်ပေါင်း သုံးရာခန့်ရှိ နေကြောင်း၊ ယခုနေရာမှာ အသားတကျဖြစ်၍ ကုန်စိမ်းသည်များ အဆင်ပြေနေကြောင်း၊ ယခုလို ရွေ့ပြောင်း ရမည်ဆိုပါလျှင် အခွန်လွတ်ဈေးမှ ဆိုင်ခန်း သုံးရာခန့်မှ မိသားစုများ စားဝတ်နေရေး၊ စီးပွားရေး အကြပ် အတည်းများဖြင့်ရင်ဆိုင်ရပြီး မိသားစုများမှ ကျောင်းသား၊ ကျောင်းသူအချို့ ကျောင်းထွက်ရသည့်အထိ ကလေးတွေ၏ ပညာရေး၊ ကျန်းမာရေးများပါ ထိခိုက်နစ်နာကြမည်ဖြစ်၍ ယခု လက်ရှိနေရာမှ ဘယ်နေရာကို မျှ မရွေ့ပြောင်းလိုကြကြောင်း၊ စည်ပင်သာယာက ယခင်က လာပါ၊လာပါခေါ်ခဲ့ပြီး၊ ယခုစည်းကမ်းနဲ့မညီ၍ နှင်ခြင်း ဖြစ်ခဲ့လျှင်၊  စည်ပင်မှချမှတ်ပေးသော စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ပေးကြမည်ဖြစ်ပါကြောင်း၊ ဒီကိစ္စကို မြိုနယ်စည်ပင်သာယာရေးအဖွဲ့ နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ ယနေ့အမြန် ချောစာ ဖြင့်တင်ခဲ့ကြောင်း အခွန်လွတ်ဈေးသည်များ၏ အဖွဲ့ခေါင်းဆောင် မမိုးသူ နှင့် မသိန်းသိန်းတို့ပါ ဆယ်ဦး က မြေလတ်မီဒီယာ ကို နိုဝင်ဘာ ၅ရက်နေ့ ကပြောသည်။


          ၎င်းကိစ္စအား မကွေးမြို့နယ်စည်ပင်သာရေးကော်မတီ၊ အတွင်းရေးမှူး ဦးနေမျိုးနိုင်(ဒုတိယညွှန်ကြား ရေးမှူး)ထံသို့ မြေလတ်မီဒီယာ မှ  သွားရောက်မေးမြန်းခဲ့ရာ

``အခွန်လွတ်ဈေးဆိုသည်မှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများကိုသာ အခွန်လွတ်ရောင်းချခွင့်ပြုတယ်၊ တဆင့်ခံ ဖောက်သည်ယူ၍ ရောင်းချသော ဈေးသည်များကိုခွင့်မပြုပါဘူး၊ အခွန်လွတ်ဈေးစည်းကမ်း(၁၆) ချက်ထဲက ခုံခင်းရောင်း ချယုံသာ ခွင့်ပြုထားပါတယ်၊ အမိုး အကာအခိုင်အမာဆောက်ပြီး ပုံသေနေရာ မယူရပါ ဘူး။ နေ့စဉ် ဦးရာသူ နေရာယူတဲ့စနစ်ပါ၊ ရောင်းချချိန်ကို နံနက် ၂ နာရီမှ ၈း၃၀ နာရီအထိသာ ခွင့်ပြုပါတယ်၊ ညအိပ် နေ့နေ ခွင့်မပြုပါဘူး၊ ယခု အဲဒီစည်းကမ်းတွေနဲ့ မညီပါဘူး၊ မဲဇလီလမ်းနဲ့ အထက(၁)လမ်းပေါ် လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်၊ အဓိက နေရာရွေ့ပြောင်းခိုင်းရတာက ရပ်ကွက်နေပြည်သူလူထုနဲ့ အေးစေတီ ဘုရားဂေါပကအဖွဲ့တို့မှ အကြိမ်ကြိမ် တိုင်ကြားချက်အရ မဖြစ်မနေ ရွေ့ခိုင်းရတာပါ၊ သူတို့ဆီကို စာတွေပို့မှာ ပါ၊ နိုဝင်ဘာ ၁၃ ရက်နေ့အပြီး မင်္ဂလာဈေးကို ရွေ့ပြောင်းပေးကြမှာပါ၊ မရွေ့ပြောင်းရင် စည်ပင်သာယာကော်မတီ ဆုံးဖြတ်ချက်အရ တရားစွဲဆို အရေးယူသွားမှာပါ။´´ ဟု အတွင်းရေးမှူး ဦးနေမျိုးနိုင် (ဒုတိယညွှန်ကြား ရေးမှူး)မှ မြေလတ်မီဒီယာ ကိုပြောသည်။

          ၎င်းကိစ္စကို မကွေးမြို့နယ်စည်ပင်သာယာရေးရုံးတွင် နိုဝင်ဘာ ၇ ရက်၊ နံနက် ၉နာရီမှာ အသေး စိတ်ရှင်း လင်းတင်ပြ မည်ဖြစ်ကြောင်း ဦးနေမျိုးနိုင်(ဒုတိယညွှန်ကြား ရေးမှူး)က ထပ်မံပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 


 

0 comments: