``မကွေးမြို့၊ လက်ရှိ အခွန်လွတ်ဈေး မှ သိင်္ဂါဂီရိရပ်ကွက်၊ မင်္ဂလာဈေးသို့ ပြောင်းရွေ့ရန် ညှိနှိုင်းပွဲ၌ ကုန်စိမ်းသည်များ နှင့်အသားငါးသည်များ မဲစနစ်၊ နေရာချထားမှုတွင် နှစ်ဖက်အချင်းများကြ´´


မကွေး၊ နိုဝင်ဘာ ၁၅ ။
          မကွေးမြို့၊ ကန်သာရပ်ကွက်၊ မဲဇလီလမ်း နှင့် အထက ၁ လမ်းထောင့်၊ လက်ရှိအခွန်လွတ်ဈေးကို သိင်္ဂါဂီရိရပ်ကွက်၊ မင်္ဂလာဈေးသို့ ပြောင်းရွေ့ရန် မကွေးမြို့နယ်စည်ပင်သာရေးဌာနမှ နိုဝင်ဘာ ၁၃ ရက်နေ့အပြီး ရွေ့ပြောင်းရန်ကြော်ငြာခဲ့ကြောင်း၊   မင်္ဂလာဈေးတွင် ၈ပေပတ်လည်ရှိ ဆိုင်ခန်းပေါင်း(၂၈၁)ခန်းနေရာစီစဉ်ထား၍ ပြောင်းရွေ့ပေးရန် အမိန့်စာကပ်၍ အသိပေးခဲ့ကြောင်း၊ ယင်းကိစ္စကို နိုဝင်ဘာ ၁၅ ရက်၊ နံနက်ပိုင်း မင်္ဂလာဈေး၌ အစည်းအဝေးပွဲပြုလုပ်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

 ကုန်စိမ်းသည်များမှ လက်ရှိနေရာမှ မပြောင်းရွေ့ကြရန် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ နိုဝင်ဘာ ၅ ရက်နေ့က စာတင်ထားကြောင်း၊ ကုန်စိမ်းဈေးသည်များမှ သတ်မှတ်ရက်တွင် မပြောင်းရွေ့ကြောင်း၊ အသားသည်များ မှ သတ်မှတ်ရက်အတွင်း၌ မင်္ဂလာဈေးသို့ နေရာဦးပြီး ကြိုတင်ပြောင်း ရွေ့ပေးခဲ့ကြောင်း၊  နိုဝင်ဘာ ၁၄ ရက်နေ့က အခွန်လွတ်ဈေးသည် အဖွဲ့ခေါင်းဆောင်များသည် ၎င်းတို့ဈေး မရွေ့ ပြောင်းရေးအတွက် မကွေးမြို့နယ် အမျိုး သားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး ထံ အကူအညီတောင်းခံ၍ ဦးစိုးမိုး မှ ဦးဆောင်ပြီး မကွေးမြို့ နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦနေမျိုးနိုင်ထံသို့ အဖွဲ့လိုက်သွားခဲ့ရာ နှစ်ဖက် အချေအတင် ရန်ဖြစ်နေသလို ပြောဆိုခဲ့ကြကြောင်း၊ ထို့ကြောင့် နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၁၀း၃၀ မှ နေ့ ၁၂း၃၀ နာရီအချိန်ခန့်အထိ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးချထားမည့်နေရာ၌ မြို့နယ်စည်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးနိုင်နှင့် အခွန်လွတ်ဈေးသည်များ အစည်းဝေးပွဲလုပ်၍ နေရာချထားရာတွင်  ၎င်းဈေး အတွင်း၌ ကြိုတင်နေရာယူထားသော အသားသည်များမှ နေရာဖယ်ပေးပြီး မဲစနစ်လက်မခံနိုင်ကြောင်း၊ ကုန်စိမ်း သည်များဖက်မှ မဲစနစ်ဖြင့်ချထာမည် ဟု  အငြင်းပွားရာ စည်ပင်သာယာမှ နှစ်ဖက် ညှိနိုင်းမရ ဖြစ်သွား ကြောင်း၊ ကုန်စိမ်းသည်အခွန်လွတ်ဈေးသည်များအဖွဲ့ မမိုးသူ က မြေလတ်မီဒီယာကို ပြောသည်။
``ကျွန်မတို့ကတော့ ဒီမင်္ဂလာဈေးကို  အခွန်လွတ်ဈေးသည်တွေ လုံးဝမပြောင်းတော့ပါဘူး။ စည်ပင်က နိုဝင်ဘာ ၂၁ ရက်နေ့အပြီးပြောင်းရမယ်လို့လည်း မနေ့က ဦးစိုးမိုးနဲ့ သွားတုန်းက ပြောလိုက်ပါတယ်။ ကျွန်မတို့က တော့ လက်ရှိနေရာကနေ လုံးဝ မပြောင်းရွေ့ပါဘူး၊ တရားစွဲမယ်ဆိုရင်လည်း ခံမှာပါ။´´ ဟု  မသိန်းသိန်း နှင့် အခွန်လွတ်ဈေး ကုန်စိမ်းသည်အဖွဲ့ ဆယ်ဦးတို့က မြေလတ်မီဒီယာ ကိုပြောသည်။
မကွေးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးနေမျိုးနိုင်မှ မင်္ဂလာဈေး၌အခွန်လွတ်ဈေး မှ ကုန်စိမ်းသည်များနှင့် သားငါးသည် ၂၀ ဦးတို့အား ညှိနှိုင်းမရ၍ ဤ အခွန်လွတ်ဈေးအား မဲစနစ်ဖြင့် နေရာချ ထားမည်မဟုတ်ကြောင်း၊ မနက်ဖြန် နိုဝင်ဘာ၁၆ ရက်နေ့မှစ၍ ဦးရာလူစနစ်ဖြင့်သာ နေရာယူကြရန် အတည် ပြုဆုံးဖြတ်ချက် ပေးလိုက်ကြောင်း ဦးနေမျိုးနိုင် မှ မြေလတ်မီဒီယာ ကိုပြောသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: