မကွေးမြို့နယ် စမ်းမငယ်ရွာတွင် အိမ်ဝိုင်းထဲနွားဝင်ရာမှ လူသတ်မှုဖြစ်ပွား

မကွေမြို့နယ် စမ်းမကြီးရွာအုပ်စု စမ်းမငယ်ရွာတွင် ၂၀၁၄ နိုဝင်ဘာ ၁၄ ရက် ညနေ ၄း၃၀ နာရီ၌  တောင်သူဦးဝင်းမြင့်၏ နွားများသည် ရွာလယ်လမ်းမ မှ တရွာတည်းနေ တောင်သူဦးအောင်မြင့်၏ အိမ်ဝိုင်းအတွင်းသို့ဝင်သွားရာမှစတင်၍ မိသားစု နှစ်စုတို့ စကားများကြကြောင်း။ ထိုစဉ် ဦးဝင်းမြင့်၏သား ကိုသက်လွင်ဦး ၂၆ နှစ် ကလည်း နွားကျောင်းရာမှပြန်လာရာ ဦးအောင်မြင့်သား သန်းဇော် ၃၆ နှစ် က ငှက်ကြီးတောင်ဓားဖြင့် ကိုသက်လွင်းဦး အား ခုတ်လိုက်၍ ၎င်းနေရာတွင် သေဆုံးသွားကြောင်း။ ၎င်းနောက် သန်းဇော်မှာ ဦဝင်းမြင့် နှင့် ဇနီးဒေါ်ရီမြင့် တို့နှစ်ဦးအား ထပ်မံ၍ ဓားဖြင့် ဆက်ခုတ်ရာ လင်မယားနှစ်ယောက်လည်း ပြင်းထန်စွာဒဏ်ရာများရရှိ၍ စိုးရိမ်ရကြောင်း။

ထိုစဉ် ဦးအောင်မြင့်၏ သားသမီးများ နေဇော် သန်းဇော် မလဲ့လဲ့ဝင်း ဇနီးဒေါ်ကောင်းတို့က ဦဝင်းမြင့် ဇနီးဒေါ်ရီမြင့်၏ အမဖြစ်သူ ဒေါ်စန်း ၅၀ နှစ်ကို ဝိုင်း၍ရိုက်နက်ရာ ပြင်းထန်စွာဒဏ်ရာရ၍ စိုးရိမ်ရကြောင်း။ ၎င်းဒဏ်ရာရသူများကို မကွေးတိုင်းဆေးရုံသို့ပို့ဆောင်ကုသနေကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍  နိုဝင်ဘာ ၁၄ ရက် ည ၁၀ နာရီတွင် ဦးဝင်းမြင့် မှ ဓားဖြင့်ခုတ်သူ သန်းဇော် နှင့် ဦးအောင်မြင့် ဒေါ်ကောင်း နေဇော် မလဲ့လဲ့ဝင်း တို့ ငါးဦးအား အရေးယူပေးရန် မီးချောင်းရဲနယ်မြေစခန်း၌ (ပ) ၆၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆/၃၂၅/၁၁၄တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်

၎င်းတို့နှစ်ဖက် မိသားစု အချင်းချင်းစကားများမှုနှင့်ပတ်သက်၍ ဦးအောင်မြင့် ကလည်း ဦးဝင်းမြင့်၏  သား သက်လွင်ဦးမှ လေးခွဖြင့်ပြစ်၍ဓားမဖြင့် ခုတ်ကြောင်း ဦးအောင်မြင့်နှင့် သန်းဇော် တို့၏ ယာလက်များတွင် ပြတ်ရှဒဏ်ရာများရ(မစိုးရိမ်ရ) ဒေါ်ရီမြင့် မှ တုတ်ဖြင့်ရိုက်သဖြင့် မလဲ့လဲ့ဝင်း၏ ယာဘက်လက်ဒဏ်ရာရ၍ ဝဲဘက်လက်ညိုး ပြတ်ရှ(မစိုးရိမ်ရ) ကြောင်း။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးအောင်မြင့် မှ ဦးဝင်းမြင့် ဒေါ်ရီမြင့် နှင့် သက်လွင်ဦး(သေဆုံးသူ) တို့သုံးဦးအား အရေးယူပေးရန် မီးချောင်းရဲနယ်မြေရဲစခန်းတွင် နိုဝင်ဘာ ၁၄ ရက် ည ၁၁ နာရီ၌(ပ)၇၀/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၄/၃၂၃/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်းအရ မြေလတ်မီဒီယာ မှ သတင်းရှိသည်။
ဝိုင်းကြည်အောင်
မကွေး။ ၀၉ ၄၄၀၂၂၅၁၀၀

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: