``မကွေးမြို့နယ်၊ မကွေး-တောင်တွင်းကားလမ်း၊ လျှော်တောအဆင်း၌ မှန်လုံခရီးသည်တင်ကားကို အချိုရည်တင်ကားမှ ၀င်တိုက်၍ လူများဒဏ်ရာရ´´



မကွေး၊ နိုဝင်ဘာ ၆။
          မကွေးမြို့နယ်၊ လျှော်တောကျေးရွာ ကုန်းအဆင်း၌ မကွေး-တောင်တွင်းကားလမ်း၊ မိုင်တိုင် ၃၁၀/၇ အနီးတွင် မကွေးမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသော ပန်တိုင်းကားဂိတ် မှန်လုံခရီးသည်တင်ယာဉ်အမှတ် 5B/…..ကို  ယာဉ်မောင်း ကိုညီညီအောင်(၃၂)၊ ရန်မျိုးလုံရပ်ကွက်၊ မကွေးမြို့မှ မောင်းနှင်ပြီး ၎င်းလျှော်တောအတက်/ ကုန်းတက်အရောက်မှာ ရန်ကုန်မြို့မှ မကွေးမြို့သို့မောင်းနှင်သယ်ဆောင်လာသော Sampar Oo အချိုရည်ကား ယာဉ်အမှတ် 6C/…….၊ ယာဉ်မောင်း ကိုသက်နှောင်ဝင်း(၂၅)နှစ်၊ ယင်းမာရပ်ကွက်၊ ရွှေပြည်သာ မြို့နယ်၊ ရန်ကုန် မှ လျှော်တောအဆင်း၌ ၎င်း၏အချိုရှည်ကားမှာ ရှေ့ဝဲဘက်ဘီးပေါက်ပြီး တက်လာသော မှန်လုံခရီးသည်တင် ကားအား ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ မြေလတ်မီဒီယာ ကသတင်းရရှိသည်။

          ၎င်းယာဉ်တိုက်မှုကြောင့် ခရီးသည်ယာဉ်လိုင်းကားပေါ်မှ ခရီးသည်များဖြစ်ကြသော ကိုမင်း(ခ) မင်းအောင် ထွန်း(၂၅)နှစ်၊ မကွေးမြို့၊ ကိုအောင်သန်းစိုး၊ မကျီးကန်ရွာ၊ မကွေး၊ ဦးမြင့်သိန်း၊ ကြာကန်ရွာ သစ်၊ မကွေးမြို့၊ ကိုမျိုးကြိုင်၊ ရွာသစ်ကြီးကျေးရွာ၊ မကွေး၊ ကိုအောင်လင်း၊ ညောင်ပင်သာကျေးရွာ၊ မကွေး နှင့် မမြင့်မြင့်အေး၊ ကြာကန်ရွာသစ်ကျေးရွာ၊ မကွေး တို့ဒဏ်ရာများရရှိခဲ့ကြောင်း၊ အချိုရည်ကား ယာဉ်အမှတ် 6C/…….၊ကား  ပေါ်မှကိုသက်ထွန်းဦးနှင့် ဦးမြင့်ထွန်း၊ မြောက်ဥက္ကလာပ၊ ရန်ကုန် တို့ အသီးသီးဒဏ်ရာများရရှိ၍ မကွေးတိုင်း ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။ 

          ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နိုဝင်ဘာ ၅ ရက်၊ ညနေပိုင်းတွင် မကွေးနယ်မြေရဲစခန်း၌  အချိုရည်ကား ယာဉ်မောင်း သက်နှောင်ဝင်း(၂၅)နှစ်၊(ဘ)ဦးဝင်းမြင့်၊ယင်းမာရပ်ကွက်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့ကို (ပ)၃၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းအရ မြေလတ်မီဒီယာ က သတင်း ရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: