``တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မှ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အခမဲ့ဆေးကုသပေး´´



မြိုင်၊ နိုဝင်ဘာ ၁၈ ။
          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် အတွင်းရှိ အောင်သုခ၊ တောင်ဘို၊ လက်ယက်မ၊ လင်းကတော၊ ကန်နီ၊ ရွှေလင်းဆွဲကျေးရွာများသို့ ၂၀၁၄၊ နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ တပ်မတော်ကာ ကွယ်ရေးဦးချုပ်(ဆေး) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဗိုလ်မှူးကြီး ကျော်ဇင်ညွန့် ပါ နှစ်ရာဦးသည် ၎င်းကျေးရွာမှ အထွေထွေရောဂါဝေဒနာရှင်များကို အခမဲ့ဆေးကုသပေးခဲ့ကြောင်း မြေလတ်မီဒီယာ ကသတင်းရရှိသည်။

`` အဘအသက် ရှစ်ဆယ်ငါးနှစ်ရှိပါပြီး ဒီလိုသာ မကြာမကြာ အဘတို့ရွာတွေကို ဆေးကုသပေးရင် သိပ်ကောင်း မှာပါ၊ အဘတို့ရွာသူ ရွာသားတွေက မြို့ကိုတက်ပြီး ဆေးမကုနိုင်ကြပါဘူး၊ ယခု ဆေးလာကုသ ပေးတာ အလွန် ကျေးဇူးတင်ပါတယ်ကွယ်။´´ လင်းကတောကျေးရွာမှ ဦးမြိုင်က ပြောသည်။

          နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းအထိ အောင်သုခကျေးရွာ၌ ကျမ်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးရာ အထွေထွေရောဂါဝေဒနာရှင် ရှစ်ဆယ်ဦး၊ ခွဲစိတ်ကုသရန် စမ်းသပ်စစ်ဆေးခံ ဝေဒနာရှင် နှစ်ဆယ်ဦး၊ ကလေး ရောဂါဝေဒနာရှင် တစ်ဆယ့်ငါးဦး၊ သားဖွားမီးယပ်ရောဂါဝေဒနာရှင် တစ်ဆယ့်ခြောက်ဦး၊ အရိုးရောဂါဝေဒနာရှင် သုံးဆယ်ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါဝေဒနာရှင် တစ်ဆယ့်လေးဦး၊ သွားရောဂါဝေဒနာရှင် လေးဆယ့် လေးဦး၊ မျက်စိဝေဒနာရှင် နှစ်ရာရှစ်ဆယ့်ခြောက်ဦး တို့အား အသီးသီး အခမဲ့စမ်းသပ် စစ်ဆေးကုသပေးခဲ့ ကြောင်း၊ ၎င်းဆေးကုသရာ ကျေးရွာသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊ တပ်မ(၁၀၁)တပ်မမှူး ဗိုလ်မှူးချုပ် သိုက်စိုးနှင့်အဖွဲ့ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း နယ်လှည့်ဆေးကုသ ပေးသော ဆရာဝန်တစ်ဦး က  မြေလတ်မီဒီယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: