``မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၌ မီးသတ်တပ်ဖွဲ့သုံး ဟိုက်လပ် ၅ စီးနှင့် အရေးပေါ်သူနာပြုယာဉ် ၂ စီး ၀ယ်ယူရန် ကုမ္ပဏီများ၏ တင်ဒါအား ဖွင့်ဖေါက်စီစစ်ရွေးချယ် အတည်ပြု´´



မကွေး၊ နိုဝင်ဘာ ၂၇။
          အများပြည်သူများ၏ အကျိုးစီးပွားနှင့် အသက်ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် မီးငြိမ်းသတ်ရေးလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဟိုက်လပ် ပစ်ကပ် Hilux/ Pick Up မော်တော်ယာဉ် ငါးစီး နှင့် အရေးပေါ်ကယ်ဆယ်ရန် သူနာပြု (Ambulance) မော်တော်ယာဉ် နှစ်စီး ၀ယ်ယူရန် ၂၀၁၄၊ နိုဝင်ဘာ ၂၆၊ နေ့ ၁၁ နာရီမှ ၁၂နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးမှူးရုံး၌ တင်ဒါစီစစ်ရွေးချယ် ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါတင်ဒါစီစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင် ၊မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်မောင်၊ မကွေး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ဒုတိယ ညွန်ကြားရေးမှူး၊ တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ဝင်းစိန်နှင့် မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံး၊ အထူးစုံစမ်းစစ် ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအကျဉ်းဦးစီမှူး၊ က.ည.န မကွေးကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ မှ တင်ဒါစီစစ် ရွေးချယ်ရေးကော်မတီ ဌာနဆိုင်ရာ အကြီးအကဲများ အိပ်ပိတ်တင်ဒါတင်ထားသော ကုမ္ပဏီများ တက်ရောက် ကြောင်းသိရသည်။

          ဟိုက်လပ် ပစ်ကပ် Hilux/ Pick Up မော်တော်ယာဉ် ငါးစီးအတွက် ငွေကျပ် (၉၅၆၉၀၀၀ိ) ကိုးဆယ့်ငါးသိန်း ခြောက်သောင်း ကိုးထောင်ကျပ်ဖြင့် RFG Co, Ltd. ကုမ္ပဏီမှ ၀ယ်ယူတင်သွင်းခွင့် တင်ဒါ ရရှိကြောင်း ၊ အရေးပေါ်ကယ်ဆယ်ရန် သူနာပြု (Ambulance) မော်တော်ယာဉ် နှစ်စီး နှင့် ဆက်စပ်ပစ္စည်း ကရိယာများ အတွက် ငွေကျပ်(၉၈၉၀၀၀၀၀ိ) ကိုးရာရှစ်ဆယ့်ကိုးသိန်း ကျပ်ဖြင့် Sakura Trade Centre Co, Ltd. ကုမ္ပဏီမှ ၀ယ်ယူတင်သွင်းခွင့် တင်ဒါရရှိကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ဒုတိယ ညွန်ကြားရေးမှူး၊ တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီ ဦးအောင်ဝင်းစိန်(အတွင်းရေးမှူး) က မြေလတ်မီဒီယာ ကို နိုဝင်ဘာ ၂၇ ရက်နေ့တွင် ပြောကြား၍ သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

0 comments: