``မင်းဘူးမြို့တွင် နှစ်လုံးထီလောင်းကစားမှု ဖမ်းဆီးရမိ´´



 မင်းဘူး၊ နိုဝင်ဘာ ၂၈။
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု ရဲအုပ် ဇော်ကြီးနှင့်အဖွဲ့သည် သတင်းအရ သက်များနှင့်အတူ ၂၀၁၄၊ နိုဝင်ဘာ ၂၇၊ နေ့လည် ၃ နာရီအချိန်ခန့်တွင် မင်းဘူးမြို့၊ 
အမှတ်(၄) ရပ်ကွက်၊ ရှမ်းစုရပ်၊ ဦးသိန်းဖေမြင့် နေအိမ်သို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှ လောင်းကစား ဖမ်းဝရမ်းအမှတ် ၁၉/၂၀၁၄ အရ ၀င်ရောက်ဖမ်းဆီးကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          ၎င်း ဦးသိန်းဖေမြင့် ၏ နေအိမ်သို့ ဖမ်းဆီးရာ ဦးသိန်းဖေမြင့်အားမတွေ့၍ ၎င်း၏ဇနီး မအေးအေးဝင်း (၃၉)နှစ်၊(ဘ)ဦးထွန်းဝင်း၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်းလုပ်ကိုင်သူ၏ နေအိမ်အောက်ထပ်သို့ ၀င်ရောက်ရှာဖွှေရာ နှစ်လုံးထီ လောင်းကစားနှင့် ပတ်သက်သော စာရွက်စာတမ်းများနှင့်အတူ လောင်းကြေးငွေကျပ် နှစ်သောင်းလေးထောင် နှစ်ရာ အားတွေ့ရှိ သိမ်းဆည်းရမိကြောင်း၊ ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

          ၎င်းဖြစ်စဉ်အမှုအား နိုဝင်ဘာ ၂၇၊ ညနေ ၅ နာရီအချိန်ခန့်တွင် လောင်းကစားလုပ်ကိုင်သူ မအေးအေးဝင်း အား မင်းဘူးမြို့မရဲစခန်း၌ (ပ)၁၄၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၁၅(က)/၁၆(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းအရ မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ``မင်းဘူးမြို့တွင် နှစ်လုံးထီလောင်းကစားမှု ဖမ်းဆီးရမိ´´ ini dipublish oleh shwelannwelanwinkyi pada hari Thursday, November 27, 2014. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``မင်းဘူးမြို့တွင် နှစ်လုံးထီလောင်းကစားမှု ဖမ်းဆီးရမိ´´
 

0 comments: