မန္တလေးစည်ပင် တာဝန်ရှိသူတွေ အမြင်မတတ်တာလား..မမြင်တတ်တာလား...(ဟာဂျူလီ-ကသာ)

ဟာဂျူလီ ကသာ added 2 new photos.   မှ ကူးယူဖော်ပြပါသည်။
13 hrs ·
မန္တလေးစည်ပင် တာဝန်ရှိသူတွေ အမြင်မတတ်တာလား..မမြင်တတ်တာလား...(ဟာဂျူလီ-ကသာ)
**************************************
ခဏနေက Ko Saw Seasar အမည်နဲ့ ရေးသားချက်ကလေးတစ်ခု မန္တလေး သတင်း ပုံရိပ်များရဲ့ ဖေ့ဘွတ်မှာ ဖတ်လိုက်ရပါတယ်၊(အခုဓါတ်ပုံကိုလည်း အဲဒီကပဲ ယူသုံးထားတာပါ)
''ကျွဲဆည်ကန်ကားကွင်းဗျာ ။ဆိုင်ကယ်Taxi သမားတွေတော်တော်ကြောက်ဖို့ကောင်းတယ် ။ကားပေါ်ကမနဲဆင်းရတယ် လုပ်ကြပါအုံး။''' တဲ့၊ ဟုတ်တယ်၊ ဒီဧည့်ကြိုတွေကို
တစ်ခုခု စီစဉ်ကြဖို့ ကောင်းနေပါပြီ၊တလောလေးကလည်း ကသာက မိတ်ဆွေတစ်ယောက်ကြုံခဲ့တာလေး ပြောပြချင်ပါသေးတယ်၊
ကျွန်တော့်မိတ်ဆွေ နာမည်က ကိုရွှေလုံးတဲ့၊ လူက နာမည်နဲ့လိုက်အောင် လုံးတုံးတုံး..၊ သူက မတရားဘူးထင်ရင် ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ၀င်ပါတတ်တဲ့သူ၊စိတ်လည်း ဆတ်တယ်၊
တလောလေးကမှ သုံးဘီးဆိုင်ကယ်ဂိတ်ကိုဝင်ပြီး ထိုးကြိတ်လို့ ရုံးရောက် ဂတ်ရောက် ရောက်လိုက်သေးရဲ့၊ နောက်တစ်ခု သူ့အလေ့က ကလေးတွေကို အတော်ချစ်တတ်တယ်၊
သူ့ရှေ့မှာ ကလေးတစ်ယေက်ကို လူကြီးတစ်ယောက်က ငိုအောင် စနေရင် သူက စတဲ့သူကို (သိသိ မသိသိ) ခင်းဗျားက ကလေးကိုချစ်ရင် ရယ်အောင် စလေဗျာ၊ ငိုအောင် မစပါနဲ့လို့
သွားပြောတတ်သူလည်း ဖြစ်ပါတယ်၊ တလောလေးက သူနဲ့ လဘက်ရည်ဆိုင်ထိုင်စကားပြောနေရင်း သူက " ကိုဂျူရေ..၊ ဒီတစ်ခေါက် မန္တလေးသွားတာ ကျွဲဆည်ကန်ကားကွင်းမှာ ရိုက်ပွဲဖြစ်တော့မလို့
နည်းနည်းပဲ လိုတယ်၊ ဖြစ်တာက ဒီလိုဗျ၊ တစ်ရက်က အလုပ်တစ်ခုနဲ့ ကျွန်တော် ကျွဲဆည်ကန်ကားကွင်းကိုရောက်သွားတယ်၊ အဲဒီမှာ ကျွန်တော် မြင်လိုက်ရတာက အသက်(၇၀)လောက် အဖိုးကြီးနဲ့
(၃)နှစ်အရွယ် ကလေးလေး ကျွဲဆည်ကန်ကားကွင်းအ၀ကိုရောက်တဲ့အချိန် လက်မှတ်ရောင်းတဲ့ဧည့်ကြို နှစ်ဖွဲ့က အဖိုးကြီးကို ဘယ်သွားမှာလဲ၊ လက်မှတ် ၀ယ်ပြီးပြီလား မေးတယ်၊ အဖိုးကြီးက မ၀ယ်ရသေးဘူး၊ဘယ်ကိုလိုက်ချင်တာ
လို့လည်း ပြောလိုက်ရော အဖိုးကြီးရော သူ့မြေးရော အဖွဲ့တစ်ဖွဲ့စီက ဇွတ်ဆွဲ ခေါ်ကြပါလေရော၊ တစ်ဖက်ပါသွားတဲ့ အဖိုးကြီးခမျာ ဒရွတ်တိုက်ပါသွားခဲ့သလို (၃)နှစ်ကလေးကလည်း အခြားတစ်ဖွဲ့နဲ့ တစ်ဖက်ကိုပါသွားပါတယ်၊
ကလေးငယ်က ဖိနပ်ကျွတ်ကျန်ခဲ့လို့ ငိုပါလေရော၊ အဲဒီလို သူ့မြေး ငိုသံကြားလို့အဖိုးကြီးက နောက်ပြန်လှည့်ဖို့ ကြိုစားတော့ အဖိုးကြီးကို ဆွဲခေါ်သွားတဲ့ ဧည့်ကြိုအဖွဲ့က ပြန်မလှည့်စေပဲ လူဆိုးသူခိုးများ ရဲကဖမ်းသလို
ဆွဲခေါ်သွားပါတယ်၊အဖိုးကြီးလည်း ရုန်းရင်းကန်ရင်း မျက်စိသူငယ်နားသူငယ်နဲ့ ကားဂိတ်ထဲရောက်သွားသလို ဖိနပ်ကျွတ်ကျန်ခဲ့တဲ့ ကလေးလည်း အခြားဂိတ်ထဲကို ငိုယိုပြီး ရောက်သွားပါတယ်၊ ကလေးခေါ်သွားတဲ့
ဧည့်ကြိုတွေကလည်း ကလေးကို ပြန်မလွတ်ရင် ဟိုအဖိုးကြီး သူမြေးရှိရာ ဂိတ်ကို ရောက်အောင်လာပြီး လက်မှတ်ဝယ်ရမှာပဲ အပိုင်တွက်ထားပြီး ကလေးကိုပြန်ပေးဆွဲထားသလို ပြန် မလွတ်ပါဘူး၊လူတွေနဲ့
ဝိုင်းပိတ်ထားကြတယ်၊ အဖိုကြီး ရောက်နေတဲ့ ဂိတ်က ဧည့်ကြိုတွေကလည်း ခင်ဗျားမြေးကို ခေါ်ပေးမယ် ၊ဘယ်မှ မသွားနဲ့ဆိုပြီး ထိုင်ခုံပေါ် ထိုင်ခိုင်းထားပါတယ်၊တို့ အဲဒီမှာ ကျွန်တော်လည်းစိတ် မထိန်းနိုင်တော့ပဲ
ကလေးဖိနပ်ကလေးကောက်ပြီး ကလေးကို ခေါ်ထားတဲ့ ဂိတ်ထဲ ၀င်ပြီး ကလေးကို ဖိနပ်စီးပေးပြီး လာ လိုက်ခဲ့ သမီးအဖိုးဆီကို ဆိုပြီး ခေါ်ပါတယ်၊ အဲဒီဧည့်ကြိုတွေကကျွန်တော့်ကို ခင်ဗျားနဲ့ ဘာဆိုင်လဲဆိုပြီး ရန်မူမလို ၀ိုင်းလာပါတယ်၊
ကျွန်တော်ကလည်း အေး..ငါနဲ့တော့ ဘာမှ မဆိုင်ဘူး၊ဒါပေမယ့် ငါ့မှာ မျက်စိပါတယ်၊ နားပါတယ်၊ မင်းတို့ မတရားလုပ်နေတာကို မြင်တယ်၊ကြားတယ်၊ ဒါကြောင့် ကလေးကို လာခေါ်တာ၊ ဒါကိုမှ မင်းတို့ မကျေနပ်ဘူးဆိုရင် ငါ့မှာ လက်လည်းပါတယ်၊
မင်းတို့ မယုံရင်တော့ စမ်းကြည့်လိုက် ဆိုပြီး လုပ်လိုက်မှ ရှဲကုန်ကြပါတယ်..၊ဒါနဲ့ ကလေးကို သူ့ အဖိုးဆီပြန် ပို့ပေးလိုက်ပါတယ်'' လို့ ပြောပြပါတယ်၊
တကယ်တော့ မန္တလေး ကျွဲဆည်ကန်ကားဝင်း ဆိုတာ မြို့တော်စည်ပင်က ပိုင်ဆိုင်တဲ့(တစ်နည်းအားဖြင့် နိုင်ငံတော်က ပိုင်ဆိုင်တဲ့) ကားကွင်းတစ်ခုဖြစ်ပါတယ်၊ အဲဒီလို နေရာမျိုးမှာ ကားဆိုက်လာလို့ ခရီးသည်လုကြတာ၊ လက်မှတ်ဝယ်ဖို့လာတဲ့သူတွေကို
လုကြတာ မကြာခဏ ကြားနေရသလို မီဒီယာတွေမှာလည်း သတင်းအဖြစ် ဖေါ်ပြခဲ့ ဖေါ်ပြဆဲဖြစ်ပါတယ်၊ ဒါကို မန္တလေးစည်ပင် တာဝန်ရှိသူတွေ အနေနဲ့ မသိတာပဲလား..၊မကိုင်နိုင်လို့ မသိချင်ယောင်နေတာလား.ဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်၊
ဘာပဲဖြစ်ဖြစ် စည်ပင်သာယာပိုင်တဲ့ ကျွဲဆည်ကန်ကားဝင်းကားကြီးဝင်းဆိုတာ နိုင်ငံတကာ ခရီးသွားတွေ အမြဲဝင်ထွက် နေတတ်တဲ့ နေရာဖြစ်ပါတယ်၊ အဲဒီလို နေရာမျိုးမှာ စည်းပျက်ကမ်းပျက် ဖြစ်ချင်တိုင်းဖြစ်နေတာကို တွေ့သွားတဲ့ နိုင်ငံခြားသတင်းထောက်တွေသာ
ကမ္ဘာ့အဆင့်ရှိ မီဒီယာတစ်ခုခုမှာသာ ရေးလိုက်မယ်ဆိုရင် အစိုးရရှက် မရှက် မသိပေမယ့် ကျွန်တော်တို့ကတော့ ရှက်ပါတယ်ဗျာ.......ဟူ၍။(ဟာဂျူလီ-ကသာ)
Like

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: