``နတ်မောက်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် ကျင်းပရေးကော်မတီရုံး ဖွင့်လှစ်´´



နတ်မောက်၊ နိုဝင်ဘာ ၁၂ ။
          ၂၀၁၄၊ နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၈ နာရီအချိန်ခန့်တွင် နတ်မောက်မြို့၊ ဈေးရပ်ကွက်၊ မြို့သစ်- နတ်မောက်ကားလမ်းဘေးရှိ၊ အိမ်အမှတ် (၁၉၁)၊ ဒေါ်ဖြူဖြူ၏ နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် ကျင်းပရေးရုံးဖွင့်လှစ်ပွဲ ပြုလုပ်ကြောင်း၊ ရုံးလခ တစ်လလျှင် ငါးသောင်းကျပ်နှုန်းဖြင့် (၃)လ ငှားရမ်းကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

          အဆိုပါရုံးဖွင့်ပွဲသို့ ရာပြည့်ပွဲတော်ကျင်းပရေး ဗဟိုဦးဆောင်ကော်မတီ ဒုဥက္ကဋ္ဌ (၂) ဒေါ်နွဲ့နွဲ့အေး၊ ဒု ဥက္ကဋ္ဌ (၃) ဦးစိန်မင်း၊ အတွင်းရေးမှူး ဒေါက်စိုးမင်း နှင့်ကော်မတီဝင်များ၊ ဘဏ္ဍာရေးရှာဖွှေရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင် ၊ ဒုဥက္ကဋ္ဌ ဦးသော်ဇင်လင်း နှင့်ကော်မတီဝင်များ၊ နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော် နှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊မြိုနယ် အထောက်အကူပြု အဖွဲ့ကော်မတီများ၊ စည်ပင်သာယာရေးကော်မတီဝင်များ နှင့် ဖိတ်ကြားထားသူဧည်သည်တော်များ အင်အား  (၄၀)ဦးခန့် တက်ရောက်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: